ပဲ့ထိန်းဒုံးကျည် (၈)စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ ဇွန် ၅-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဒီနေ့မနက် ၉ နာရီ မိနစ် ၃၀ မှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၈)စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

ဒီလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး တောင်ကိုးရီးယားစစ်တပ်ဟာ အမေရိကန်စစ်တပ်နဲ့ အနီးကပ်ပူးပေါင်းပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ သုံးရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စနေနေ့က အဆုံးသတ်ခဲ့ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို ၄ နှစ်နှင့် ၇ လအတွင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုသည် စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားရဲ့တုံ့ပြန်မှု တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယားတို့ အနီးကပ်ပူးပေါင်းနေတာကြောင့်လို့လည်း ယူဆရပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မေလက ပြုလုပ်တဲ့ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေကို ဟန့်တားရေးစွမ်းရည်တွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။

Ref:NHK
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW