အမေရိကန်နဲ့ တရုတ်ကာကွယ်ရေး၀န်ကြီးတို့ စင်ကာပူမှာ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဇွန်-၄-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီတို့ဟာ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။

ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်ဟာ လာမယ့် သောကြာနေ့မှာစတင်မယ့် အာရှလုံခြုံရေးဖိုရမ် တက်ရောက်ဖို့အတွက် စင်ကာပူကိုသွားရောက်မှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက ကြေညာပါတယ်။

တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီဟာလည်း ရှန်ဂရီလာဆွေးနွေးပွဲလို့ခေါ်တဲ့ အဲဒီဖိုရမ်မှာ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲကို ကာကွယ်ရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

အော်စတင်နဲ့ ဝေဖန်ဟီတို့အကြား တွေ့ဆုံဆွေးနွေးမယ့် အချိန်နဲ့နေရာကို ဆုံးဖြတ်ဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပင်တဂွန်တာ၀န်ရှိသူတဦးကပြောပါတယ်။

ဒီဆွေးနွေးမှုဟာ ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် တာ၀န်ယူပြီးနောက် နှစ်နိုင်ငံကာကွယ်ရေး၀န်ကြီးတွေအကြား ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ ထိုင်၀မ်နဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဧပြီလအတွင်းက ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။

Ref: NHK
Photo:NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW