ကော့သောင်း – ရနောင်းဂိတ် ဖွင့်ပြီး ၃ရက်အကြာမှာ ပြန်ပိတ်

ဇွန် ၅-၂၀၂၂
GG(VOM)

ထိုင်း – မြန်မာ နယ်စပ်၊ ကော့သောင်း – ရနောင်းဂိတ်ကို မနေ့ ဇွန်လ၄ရက်နေ့ကစပြီး ပြန်ပိတ်လိုက်တယ်လို့သိရပါတယ်။

ကော့သောင်းကနေ ရနောင်းဘက်ကို Border pass နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာဖြစ်ပြီး ဘာကြောင့်ပိတ်သလဲဆိုတာတော့ ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

” ဖွင့်ပြီး ၃ ရက်ပဲကြာတယ်၊မနေ့ကပြန်ပိတ်တာပေါ့။ထိုင်းဘက်ကပိတ်တယ်လို့တော့ကြားတယ်။ ဘာကြောင့်ပြန်ပိတ်တာလဲတော့မသိဘူး။ ရနောင်းဘက်ကိုသွားဖို့နယ်စပ်ဖြတ်ကျော်စာအုပ်တွေ လုပ်နေကြသူတွေတော့အများကြီးရှိတယ်။ သွားလာခွင့်ရရင် ဆောင်ရွက်ပေးမယ်လို့ စာချိတ်ထားတယ် “လို့ ကော့သောင်းဒေသခံတဦးကပြောပါတယ်။

ရနောင်းနယ်စပ်ဂိတ်မှာတော့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေဖြစ်တဲ့ BP ၊ TBP နဲ့သွားလာခွင့်ရရှိရေးကို တင်ပြထားဆဲဖြစ်ကြောင်း၊ခွင့်ပြုချက်ရရှိတာနဲ့သွားလာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ စာရေးသားထုတ်ပြန်ထားတယ်လို့ သိ ပါတယ်။

ကော့သောင်း – ရနောင်းနယ်စပ်ဂိတ်ကို ၂နှစ်ကြော်ကြာပိတ်ထားရာကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကမှ ယာယီ Visa နဲ့ ၂ ညအိပ် ၃ ရက် နေထိုင်ခွင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ အခုပြန်ပိတ်လိုက်တာဖြစ်ပါတယ်။

Border pass နဲ့ သွားလာခွင့် ပြန်လည်ရုတ်သိမ်းလိုက်‌ ပေမယ့်လည်း ထိုင်းနိုင်ငံကို MOUစနစ်နဲ့ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေကိုတော့ ဝင်ရောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကော့သောင်း #ရနောင်းဂိတ် #ဖွင့်ပြီး၃ရက်အကြာမှာ #ပြန်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW