တမူး ပညာရေးမှူးရုံး မီးလောင်ပျက်စီး

ဇွန် ၄- ၂၀၂၂
VOM (GG)

တမူးမြို့ ၊စော်ဘွား ၅ ရပ်ကွက်မှာရှိတဲ့ ပညာရေးမှူးရုံး မီးရှို့ခံရပြီး မီးလောင်ပျက်စီးမှု ဒီနေ့ဇွန်လ ၄ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ တမူးမြို့ပညာရေးမှူးရုံးကို အမည်မသိအမျိုးသား ၂ ဦးရောက်လာပြီး ရုံးအစောင့်ကို သေနတ်နဲ့ချိန်ကာ ရုံးကိုဓာတ်ဆီလောင်း မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

” စနေဆိုတော့ ရုံးစောင့်ပဲရှိတယ် ၊၃ ခွဲလောက် လူနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဓာတ်ဆီပုံးပါတယ်၊ရုံးစောင့်ကို သေနတ်နဲ့ချိန် ဓာတ်ဆီဖြန်း ရှို့သွားတာ၊တရားခံတွေက ရှို့ပြီးပြန်ထွက်သွားမှတော့တပ်တို့ ရဲတို့ ရောက်တဲ့အချိန်ဘယ်ရှိတော့မလဲ၊ အဲ့ဒီရုံးမှာ စစ်သားတွေ အစောင့်မရှိကြဘူး၊ ရုံးမှာက စစ်သားတွေအစောင့်မရှိဘူး၊ “လို့ ဒေသခံတဦးကပြောပါတယ်။

ပညာရေးမှူးရုံး မီးရှို့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ မီးလောင်မှုကြောင့် ရုံးအဆောက်အဦး ပျက်ဆီးခဲ့သလို့ စာရွက်စာတမ်းတွေ မီးလောင်တဲ့အထဲ ပါသွားတယ်လို့လည်း သိရပါတယ်။

ပညာရေးမှူးရုံးမီးလောင်မှုကို တမူးမီးသတ်တပ်ဖွဲ့ကငြိမ်းသတ်ခဲ့ပြီး စစ်တပ်နဲ့ရဲက စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တမူး #ပညာရေးမှူးရုံး #မီးလောင် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW