နေပြည်တော်မှာဆီဆိုင်အချို့ ရောင်းဖို့ ဆီမရှိလို့ အရောင်းပိတ်ထားရ

ဇွန် ၅-၂၀၂၂
KT(VOM)

နေပြည်တော်မှာ ဒီနေ့မနက်ပိုင်းကစပြီး ဆီဆိုင်တချို့ ရောင်းဖို့ဆီမရှိတာကြောင့် အရောင်းပိတ်ထားရတယ်လို့ ဆီသွားထည့်တဲ့သူတွေဆီက သိရပါတယ်။

ဆီဆိုင်တဆိုင်က ရောင်းဝန်ထမ်းတဦးက “ဆီမရှိလို့ဆိုင်ပိတ်ထားတာပါ၊ နောက် သုံးလေးရက်လောက်ထိ ပိတ်ထားမှာပါ”လို့ ပြောပါတယ်

တချို့ဆီဆိုင်တွေမှာတော့ ကားတွေ၊ဆိုင်ကယ်တွေတန်းစီနေတာကိုတွေ့ရပြီး အဲ့ဒီဆိုင်တွေမှာက 92 တလီတာ ၂၂၃၅ ကျပ်ထိပေးဝယ်ရတယ်လို့ သိရပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာဖွင့်ထားတဲ့ top star ၊ denko ၊ မြဝတီဆိုင်တို့မှာ နှစ်ဆိုင်ကအရောင်းပိတ်ထားပြီး DENKO ဆီဆိုင်တဆိုင်ထဲကို စုပြုံတိုးနေပြီး ဝယ်ယူနေကြတဲ့အခါ ယာဥ်သွားလာရ အခက်အခဲဖြစ်ကြတာလည်းလို့လည်း ဒေသခံတချို့ကပြောပါတယ်။

ကယ်ရီစွဲနေရတဲ့ အိုဝေ သုံးဘီးယာဥ်တွေလည်း သင့်တော်ရာနေရာမှာ ရပ်ပြီး ခရီးသည်စောင့်နေကြတာကို မြင်တွေ့ရပါတယ်။

နစက ကတော့ ဇွန် ၁၆ရက်ထိ အရန်ဆီ ရှိသေးတယ်ဆိုပေမယ့် ဘာကြောင့်ဆီဆိုင်တွေမှာ ဆီပြတ်ရတာလဲဆိုတာကို ဒေသခံအချို့က သိချင်နေကြပါတယ်။

Photo-ပိတ်ထားတဲ့ ဆီဆိုင်နဲ့ စုပြုံတိုးဝယ်နေရတဲ့ဆီဆိုင်
#voiceofmyanmar #VOM #နေပြည်တော် #ဓာတ်ဆီဆိုင်အချို့ #အရောင်းပိတ် #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW