ဘင်္ဂလားဒေ့ရှ်မှာ သိုလှောင်ရုံတခုပေါက်ကွဲမှု ၁၆ ဦးသေဆုံး၊ ရာချီဒဏ်ရာရ

ဒါကာ၊ ဇွန် ၅ – ၂၀၂၂
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း မြို့တမြို့ရှိ သိုလှောင်ရုံတခုမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Sitakunda မြို့ရှိ ကွန်တိန်နာ သိုလှောင်ရုံတစ်ခုမှာ မီးလောင်မှုကြောင့် မီးငြှိမ်းသတ်ဖို့ မီးသတ်သမားတွေကို ခေါ်ယူခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရသူ အယောက် ၂၀ ဟာ သူတို့ရဲ့ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာတွေကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း ကုသပေးနေတဲ့ ဆေးရုံမှ ဆရာဝန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

မီးလောင်ရသည့်အကြောင်းရင်းကိုတော့ လက်ရှိချိန်ထိ မသိရသေးပါဘူး။ ဒါပေမယ့် ကွန်တိန်နာအချို့မှာ ဓာတုပစ္စည်းတွေသိမ်းဆည်းထားတယ်လို့ ယူဆရကြောင်း ပြည်တွင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

ပေါက်ကွဲမှုအပြီး နာရီအတော်ကြာ တနဂ်နွေနေ့ မနက်ပိုင်းထိ မီးသတ်သမားတွေက မီးငြိမ်းသတ်နေဆဲဖြစ်ပါတယ်။

မတော်တဆမှုဖြစ်ချိန်မှာ အဲဒီသိုလှောင်ရုံမှာ အလုပ်သမား ၆၀၀ ကျော် အလုပ်လုပ်နေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW