ရန်ကုန်၊ဇွန် ၃-၂၀၂၂
KK (VOM)
ဘားအံမြို့၊ အမှတ် ၉ရပ်ကွက် ရေကျော်လမ်းရှိ CB ဘဏ်ခွဲ ၂ မှာ မနေ့ ဇွန်၃ရက် ညနေပိုင်းက အမည်မသိအမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်းတထောင်ကျော်ပါသွားပြီး ဓားပြတိုက်သူတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
CB ဘဏ်ခွဲ ၂ ကို ညနေ သုံးနာရီခွဲ အမည်မသိအမျိုးသားသုံးဦးက ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ဘဏ်အတွင်းရှိ ငွေတွေကို လုယူသွားတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဘားအံ မြိုင်ကြီးငူကားလမ်းဘက်မှာ မိတယ်လို့ကြားတယ်၊ ငွေတွေလည်းပြန်ရတယ်ကြားတယ်”လို့ ပြောပါတယ်။
ဓားပြတိုက်သွားတဲ့သူတွေကို စစ်တပ်နဲ့ရဲတွေ ပူးပေါင်း
ကာ လိုက်လံရှာဖွေခဲ့ရာ ဘားအံ-မြိုင်ကြီးငူ လမ်းကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးသေဆုံးပြီးနှစ်ဦးကို ဖမ်းဆီးရမိကာ ကျန်နေတဲ့နှစ်ဦးကတော့ ထွက်ပြေးသွားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
” ပစ်ခတ်ဖမ်းဆီးလို့ ယာဥ်မောင်းဖြစ်သူ သီဟ ဆိုသူသေဆုံးတယ်၊ မောင်မောင်ဦးနဲ့ ကျော်ကျော် ဆ်ိုသူတို့ကို Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့တဲ့ ငွေကျပ် ၁၂၅၄ သိန်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်၊ ကျန်တဲ့နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်”လို့ သူက ပြောပါတယ်။
လက်တလောမှာ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးကို စစ်တပ်နဲ့ရဲတွေက လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ဘားအံ #CBဘဏ် #ဓားပြမှု #မှုခင်းသတင်း