ဒလမြို့နယ်မှာ သမ္ဗန်စီးခွင့် ယာယီပိတ်

ဇွန် ၈-၂၀၂၂
KK(VOM)

ရန်ကုန်မြို့မှာ ရေလမ်းခရီးကိုသာ အားကိုးပြီး ခရီးသွားလာနေရတဲ့ ဒလမြို့နယ်မှာတော့ ဒီကနေ့ကစလို့ သမ္ဗန်စီးခွင့်ကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သမ္ဗန်တွေကို မနက်ဖြန်က စတင်ပြီး ဇွန်လ ၁၁ ရက်နေ့အထိပိတ်ထားမှာဖြစ်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ပိတ်ထားတဲ့ သမ္ဗန်ဆိပ်တွေကတော့ မှော်စက်၊ကမာကဆစ်၊စက်မြေ၊ကမာသွယ်၊ကားဂိတ်သမ္ဗန်ဆိပ်တို့ဖြစ်တယ်လို့ သမ္ဗန်မောင်းနှင်သူတဦးကပြောပါတယ်။

“လေးရက်လောက်ပဲ ပိတ်ရင်တော့ အကြောင်းမဟုတ်ဘူး အမြဲပိတ်မှာကို ကြောက်နေတာ အကုန်လုံးက”လို့ သူကပြောပါတယ်။

သမ္ဗန်တွေပိတ်ထားပြီး သင်္ဘောနဲ့သွားလို့ရယ်ဆိုပေမယ့် အများစုဟာ လုပ်ငန်းခွင်ကို လျှင်မြန်စွာရောက်ရှိစေဖို့အတွက် သမ္ဗန်တွေကိုသာ အားကိုးနေရတာဖြစ်တယ်လို့ ကမာကဆစ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ဒလကကုန်စည်တွေကို ကူးသန်းရောင်းဝယ်
ရေးလုပ်နေသူတွေအနေနဲ့လည်း လက်တလောအသိပေးကြေညာချက်ကြောင့် ကုန်သွယ်ရေးကိစွတွေမှာ ခေတ္တ နားထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“အခုက ကုန်ရောင်းကုန်ဝယ်အဆင်မပြေဘူး ကယ်ရီလည်းမရှိဘူး၊ သမ္ဗန်တွေလည်းနားထားတယ်ဆိုတော့ စဥ်းစားစရာဖြစ်နေပြီ”လို့ သူကပြောပါတယ်။

ဒလမြို့နယ်မှာ မေလ ၂၆ ရက် နေ့လယ်ပိုင်းက ရေက
န်တူးဖော်ရာမှာ ကြီးကြပ်ပေးနေတဲ့ ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးဝင်းအောင်ကို ဆိုင်ကယ်စီးလာတဲ့အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက်ပိုင်း ဆိုင်ကယ်စီးခွင့်ကို ပိတ်လိုက်တာ ဒီကနေ့အထိပဲလို့ မြို့ခံတဦးက ပြောပါတယ်။

“ဘထ္ထရီဘီးတောင် စီးလို့မရဘူး၊ ဆိုင်ကယ်မှမဟုတ်ဘူး၊ အခု အတော်ကိုတင်းကျပ်ထားတာ ဒလမှာ”လို့ သူကပြောပါတယ်။

ဒလမြို့နယ်ဟာ ရပ်ကွက်ပေါင်း ၂၃ရပ်ကွက်၊ ကျေး
ရွာအုပ်စုပေါင်း ၂၃အုပ်စုနဲ့ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့
စည်းထားတာဖြစ်ပါတယ်။

ဒလမြို့နယ်ဟာ တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်းမြို့နယ်တွေနဲ့ပါ ထိစပ်နေတာဖြစ်လို့ ကုန်းလမ်းနဲ့ရေလမ်းကို ပိတ်တာဖြစ်တယ်လို့ မြို့ခံတဦးက သုံးသပ်ထားပါတယ်။

#voiceofmyanmar #VOM #ဒလ #သမ္မာန်စီးခွင့် #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW