အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲ လာမယ့်အပတ်မှာ ကျင်းပဖို့စီစဉ်၊ မြန်မာနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖွယ်မရှိ

ဒေလီ၊ ဇွန်-၁၀-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ဆွေးနွေးပွဲကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ကတော့ အာဆီယံအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် မူတည်လိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံအဖွဲ့ရဲ့ အဓိကအစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားမှုပြုခဲ့ပါတယ်။

အစည်းအဝေးကိုတော့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးတို့နဲ့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးတို့က ပူးတွဲဥက္ကဌအဖြစ် တာ၀န်ယူမှာဖြစ်ပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဟာ အာဆီယံအဖွဲ့ရဲ့ အိန္ဒိယဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပါတယ်။

အာဆီယံအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍအလိုက်မိတ်ဖက်ဆက်ဆံရေးကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ထူထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ အရေးပါတဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

Ref:News18
Photo:ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW