ကြံခင်းမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦး ဖမ်းဆီးရမိ

ဇွန် ၁၀-၂၀၂၂ KK(VOM) ကြံခင်းမြို့နယ်၊ အုတ်ပုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက နိူင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့ လိုက်လံပို့ဆောင်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ အုတ်ပုံပူး ပေါင်းစစ်ဆေးရေးဂိတ်မှာ အိမ်စီးကားနှစ်စီးဟာ စစ် ဆေးမှုမခံဘဲ ထွက်ပြေးမောင်းနှင်ခဲ့လို့ လိုက်လံရှာ ဖွေဖမ်းဆီးရာမှ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့လိုက်လံပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အိမ်စီးကားနှစ်စီးက မျှင်ဝါးတောင်ရဲကင်းစခန်းကမိတယ်၊ နိုင်ငံသားအထောက်အထားမဲ့သူတွေတင်လာတဲ့ ဒိုင်နာကားကို အုတ်ပုံဆိပ်စစ်ဆေးရေးက မိတာ”လို့ သူကပြောပါတယ်။ အိမ်စီးယာဥ်မောင်းထွက်ပြေးပြီးနောက် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ ဒိုင်နာယာဥ်ကို စစ်ဆေးရာ ဖွဲအိတ်တွေကာရံထားတဲ့အတွင်းမှ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ကျား ၂၈ဦးနဲ့မ ၁ ဦး စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ လက်လောမှာ ဖမ်းဆီးရမိခဲ့တဲ့ နိူင်ငံသားအထောက်အထားမဲ့သူ၂၉…

Read More

သထုံမှာ မိခင်ကို စိတ်ဝေဒနာရှင်သားက ပေါက်ပြားနဲ့ရိုက်သတ်လို့ မိခင်သေဆုံး၊သားဖြစ်သူပါ သေဆုံး

ဇွန် ၁၀-၂၀၂၂ GG(VOM) မွန်ပြည်နယ် ၊သထုံမြို့၊ ပေါ်တော်မူကျေးရွာအုပ်စု၊ဂျိုင်းကျေးရွာမှာ သားဖြစ်သူက မိခင်ကို ပေါက်ပြားနဲ့ရိုက်သတ်လို့ အ​မေဖြစ်သူသေဆုံးခဲ့သလို သားဖြစ်သူလည်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သားဖြစ်သူက စိတ်ဝေဒနာခံစားနေရသူဖြစ်ဖြစ်ပြီး ဦး​မြင့်ဆွေ အသက်၅၀ နှစ်၊ အမေဖြစ်သူက ဒေါငွေရင် အသက် ၇၄ နှစ်ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ပေါက်ပြားနဲ့ပေါက်တဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး သားဖြစ်သူကလည်း မိခင်သေဆုံးပြီးမကြာခင် နေအိမ်မှာပဲ ထပ်မံသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “သူ့သားက ကော်ဖီမစ်တွေလည်း သောက်တယ်၊ သူ့အိမ်အောက်မှာ ခွေးသားပေါက်လေးတွေ လာမွေးတာကိုပြုတ်စားတာတို့လည်းလုပ်တယ်။သူကစိတ်မမှန်ဘူးလေ၊သူ့အမေကို ပေါက်ပြားနဲ့ပေါက်သတ်ချိန် ပတ်ဝန်းကျင်ကလည်းကြည့်ကြတော့ သူကနှလုံးရောဂါအခံလည်းရှိတော့ အဲ့ဒါကြောင့်သေသွားတယ်ထင်ပါတယ်။ အမေကို ဘာလို့သတ်လဲဆိုတာတော့ မသိဘူး ၊ မနေ့က မနက်အစော ၁ နာရီမှာဖြစ်တာပါ”လို့ အကြင်နာတွဲလက်အသင်း(သထုံ)ရဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသွားတဲ့ သားအမိ ၂ ဦးရဲ့ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ခဲ့ပြီး အဲ့ဒီကမှတဆင့် မီးသဂြိုလ်ဖို့အတွက်…

Read More

မောင်တောမှာ ကျပ်သိန်း ၄ ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့အတူ လူတွေပါ ဖမ်းဆီရမိ

ဇွန် ၁၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျပ်သိန်းပေါင်း ၄ ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ပါဝင်ပတ်သက်နေသူ ၁၀ ဦးကို ဒေသခံအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း မောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့အတူ ဆက်စပ်သူတချို့ကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ VOM ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး သက်လွင်က ” အဲဒါက နယ်ခြားစောင့်ကဖမ်းတာ။ နယ်ခြားစောင့်က ဖမ်းတာဆိုတော့ ငါတို့အသေးစိပ်မသိဘူး။ ဖမ်းမိတာတော့ ဟုတ်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူတွေကိုပါ နှစ်ကြိမ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမဦးဆုံးတစ်ကြိမ် ဖမ်းဆီးရမိမှုမှာ မောင်တောမြို့နယ်၊ မောင်တော-ကျီးကန်းပြင်သွားကားလမ်း၊ ဟာဘီကျေးရွာအနီးမှာ စိုးအောင်သိန်း မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာကနေ…

Read More

စစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရပြီး အဖွဲ့ဝင်အမျိုးသားတဦးသေဆုံး၊တဦးဒဏ်ရာရ

ဇွန် ၁၀-၂၀၂၂ GG(VOM) ကျိုက်ထိုမြို့နယ်က ၊ စစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရလို့ အဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။ မနေ့ ဇွန် ၉ ရက် ည ၁၀ နာရီလောက်မှာ စစ်တောင်းရွာက ဓားထိုးခံရတဲ့လူနာကို ဆေးရုံကိုပို့ပြီးပြန်လာချိန် အင်္ဂဘိုကျေးရွာနားအရောက်မှာ ကားကိုသေနတ်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ကားပေါမှာက ယာဥ်မောင်းရယ်၊ နောက်ထပ်နှစ်ယောက်ရယ်ပါတယ်၊ လူနာပို့အပြီးပြန်အလာ ကားကိုသေနတ်ပစ်ခံရတော့ ဘေးကလိုက်လာတဲ့ ၂ ယောက်မှာ တယောက်က ဆီးအိမ်ကျည်ထိတယ်၊ နောက်တယောက်က ပေါင်ကိုကျည်ရှပ်ထိတယ်၊ ဆေးရုံတောင်မရောက်လိုက်ဘူး။ တယောက်က လမ်းမှာပဲဆုံးတယ်လို့ သိရတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ သေဆုံးသွားတဲ့ အသင်းဝင်းဟာ ပြည့်ဖြိုးအောင်ဆိုသူဖြစ်ပြီး ဒဏ်ရာရရသူကတော့ ကျော်ဇင်ဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ စစ်တောင်းလူမှုကူညီရေးအသင်းဟာ ကိုဗစ်ကာလကတည်းက အခုချိနအထိ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ အသင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လူမှုကူညီရေးအသင်းကားတွေ ပစ်ခတ်ခံရတဲ့အတွက် ညအချိန်တွေ အကူအညီတောင်းလာရင် ငြင်းပယ်တာမျိုးတွေလုပ်တော့မယ်လို့…

Read More

မုံရွာမြို့မှာ အနုကြမ်းစီးတဲ့ လူငယ် ၅ ဦးကို ရပ်ကွက်က ဝိုင်းဖမ်း

ဇွန် ၊ ၁၀-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ပြည်တော်သာ ( အက်တော) ရပ်ကွက်မှာရှိတဲ့ ကုန်စုံဆိုင်တဆိုင်ဟာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က အနုကြမ်းစီးခံရတဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ပြည်တော်သာရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” ဆိုင်ပိုင်ရှင် လင်မယားနဲ့ အိမ်အကူကောင်မလေးတို့ဟာ ဆိုင်ရှေ့ထွက်ပြီး ထိုင်နေတဲ့အချိန် မျက်နှာဖုံးစွပ် လူငယ် ၅ ယောက်က ဆိုင်ထဲကိုဝင်လာပြီး အိမ်အကူကောင်မလေးကို ဓားနဲ့ထောက်ပြီး အိမ်ရှင် လင်မယား ၂ ယောက်ရော ထိုင်ခိုင်းထားတယ် ၊ ကျန်တဲ့လူတွေ စျေးရောင်းရငွေတွေကို ရှာဖွေပြီး ယူဆောင်ထွက်ပြေးသွားတာပါ ၊ အဲ့ဒီအချိန် အနီးက မြင်လိုက်တဲ့သူတွေက ဝိုင်းဖမ်းလိုက်တော့ အနုကြမ်းစီးတဲ့ လူ ၅ ယောက်စလုံးကို ဖမ်းမိတာ”လို့ ပြည်တော်သာရပ်ကွက်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက” အဲ့ဒီ ကုန်စုံဆိုင်ကို…

Read More

ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေး ထိုးကျသွားလို့ ငါးရှဉ့်ရှာဖွေသူတွေနဲ့မွေးမြူသူတွေ အခက်အခဲဖြစ်နေ

ပုသိမ်၊ဇွန် ၁၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေးနှုန်းထိုးကျသွားလို့ ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက် အခဲဖြစ်နေကြတယ်လို့ ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့် ရှာဖွေသူတွေဆီကနေသိရပါတယ်။ ဧရာဝတီတိုင်းမှာ အရင်က ငါးရှဉ့်တပိသာကို ငွေကျပ် ၈၅၀၀ အထိ ဈေးရှိခဲ့ပြီး တရုတ်နိုင်ငံဘက်က ငါးရှဉ့်ကို ဇွန်လပထမအပတ်ကနေစတင်ပြီး ဝယ်ယူတာရပ်လိုက်တဲ့အတွက် ငါးရှဉ့်တပိသာကို ငွေကျပ် ၃၀၀၀ အထိသာ ဈေးရှိတော့တာကြောင့် မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက်အခဲဖြစ်နေရတာလို့ သိရပါတယ်။ “ဒီလိုမိုးတွင်းအချိန် ချောင်း၊မြောင်းတွေမှာ ငါးရှဉ့်ထောင်တဲ့မြုံးတွေနဲ့ထောင်ပြီး ဖမ်းရတယ်။ဒီနှစ်အဖို့ ငါးရှဉ့်ဖမ်းဆီးရမိမှုကတော့ မဆိုးပါဘူး။လက်ရှိ ငါးရှဉ့်ဈေးက တအားထိုးကျနေတယ်။ဈေးကထိုးကျနေတော့ အရင်တုန်းက တနေ့ရှာ တပိသာရရင် ၈၅၀၀ အထိရတယ်။အခုတရက်ရှာလို့ ၃ ပိသာအထိက ၃ထောင်ဝန်းကျင်လောက်ပဲရတော့တယ်။ကုန်သည်တွေပြောတာကတော့ တရုတ်ကနေ အဝယ်ရပ်ထားတာမို့တဲ့။”လို့ မအူပင်မြို့၊ မလတ်တိုကျေးရွာက ငါးရှဉ့်ရှာဖွေတဲ့လုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။ ဧရာဝတီတိုင်းက ငါးရှဥ့်အဝယ်ဒိုင်တွေအနေနဲ့ ရန်ကုန်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို စားသောက်ကုန်အဖြစ် တင်ပို့ရောင်းချနေပြီး လက်ရှိမှာ တင်ပို့မှုရပ်ထားရလို့ပြည်တွင်းမှာသာ ရောင်းချနေရတယ်လို့ သိရပါတယ်။ “ထိုင်းနိုင်ငံကလည်း…

Read More

နိုင်ငံ ၉၈ နိုင်ငံမှ ပြည်ပခရီးသွားတွေကို ဂျပန်နိုင်ငံက ပြည်၀င်ခွင့်ပြုပြီ

တိုကျို၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ နယ်စပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံတွေမှ ခရီးသွားတွေကို ပြည်၀င်ခွင့်ပြုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့ နိုင်ငံနဲ့ နယ်မြေ ၉၈ ခုမှ ပြည်ပခရီးသွားတွေအတွက် နိုင်ငံနယ်စပ်တွေကို ဇွန် ၁၀ ရက်မှာ ဂျပန်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ ပါ၀င်ပါတယ်။ ခွင့်ပြုထားတဲ့နိုင်ငံတွေမှ ၀င်ရောက်လာတဲ့ခရီးသွားတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်နဲ့ ကာကွယ်ဆေးမထိုးရသေးပေမယ့်် ကိုယ်တိုင်သီးခြားနေထိုင်ရခြင်းတွေကလည်း ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ပခရီးသွားတွေ၀င်ရောက်မှုကို တရက်မှာအယောက် ၂၀၀၀၀ သာ သတ်မှတ်ထားတာကြောင့် ခရီးသွား၀င်ရောက်မှုကို ကန့်သတ်ထားဆဲဖြစ်ပြီး ခရီးသွားလမ်းညွှန်ပါတဲ့ အဖွဲ့လိုက်ခရီးသွားတွေကိုသာ လက်ခံဦးမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်မှုဟာ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်ဖို့ မျှော်လင့်နေကြပေမယ့်လည်း…

Read More

အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲ လာမယ့်အပတ်မှာ ကျင်းပဖို့စီစဉ်၊ မြန်မာနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖွယ်မရှိ

ဒေလီ၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ဆွေးနွေးပွဲကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ကတော့ အာဆီယံအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် မူတည်လိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံအဖွဲ့ရဲ့ အဓိကအစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားမှုပြုခဲ့ပါတယ်။ အစည်းအဝေးကိုတော့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးတို့နဲ့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးတို့က ပူးတွဲဥက္ကဌအဖြစ် တာ၀န်ယူမှာဖြစ်ပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဟာ အာဆီယံအဖွဲ့ရဲ့ အိန္ဒိယဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပါတယ်။ အာဆီယံအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍအလိုက်မိတ်ဖက်ဆက်ဆံရေးကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ထူထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ အရေးပါတဲ့…

Read More

KBZ ATM စက် ၅၀နီးပါးမှာ ငွေသားပြန်ထုတ်နိုင်ပြီလို့ အသိပေးထားပေမယ့် တချို့ထုတ်မရဖြစ်နေသေး

ဇွန် ၁၀-၂၀၂၂ VOM (GG) ​နေပြည်တော်အပါအဝင် ရန်ကုန် ၊မန္တလေး၊တောင်ကြီးမြို့တွေက ATM စက်တချို့မှာ ငွေသား​ပြန်လည် ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ်က အသိပေးကြေညာလိုက်ပါတယ်။ ဒါပေမယ့်ကြေငြာထားတဲ့ ATM စက်တွေထဲမှာမှ လိုင်းကျတာတွေရှိနေသေးတာကြောင့် ငွေထုတ်ရခက်တဲ့စက်တချို့နဲ့ ငွေထုတ်မရတာတွေ ကြုံနေရတယ်လို့ KBZဘဏ်သုံးစွဲသူတွေကပြောပါတယ်။ ” ထုတ်ရပြီဆိုလို့ မနက်က ရန်ကင်းဘက်ရောက်တာနဲ့ ရန်ကင်းစင်တာမှာထုတ်တာမရဘူး၊ Unable to dispense တဲ့ ၊ ထုတ်မရဘူး၊ စိတ်မရှည်လို့ စောင့်မထုတ်ခဲ့ဘူး”လို့ KBZ bank သုံးစွဲသူတဦးကပြောပါတယ်။ KBZ ဘဏ်ကတော့ ဇွန်လ ၉ ရက်နေ့က စပြီး ရန်ကုန်မြို့က ကမာရွတ် ဘဏ်(၁)၊ ဆူးလေဘုရားလမ်း ဘဏ်ခွဲ၊ ကျောက်မြောင်းဈေးဘဏ်ခွဲ၊ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊…

Read More

မလေးရှားမှာ မဖြစ်မနေသေဒဏ်ပေးမှု ဖျက်သိမ်းဖို့ အစိုးရအဖွဲ့သဘောတူ

ကွာလာလမ်ပူ၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) မလေးရှားအစိုးရဟာ မဖြစ်မနေသေဒဏ်ပေးမှုကို ဖျက်သိမ်းဖို့ သဘောတူလိုက်ကြောင်း ၀န်ကြီးချုပ်ရုံးမှ ၀န်ကြီးတစ်ဦးဖြစ်သူ ၀မ်ဂျန်နာဒီတွမ်ကူဂျာဖာက အတည်ပြုပြောဆိုလိုက်ပါတယ်။ တရားရုံးကဆုံးဖြတ်လိုက်တဲ့ သေဒဏ်ကဲ့သို့သော ကြီးလေးသောပြစ်ဒဏ်ကို အခြားသောပြစ်ဒဏ် အမျိုးအစားတွေနဲ့ အစားထိုးသွားမယ်လို့ ဇွန် ၁၀ ရက်တမှာ မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇွန် ၈ ရက်ကပြုလုပ်တေဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မဖြစ်မနေသေဒဏ်ပေးရမယ့်အစား အစားထိုးပြစ်ဒဏ်ဆိုင်ရာ လေ့လာမှုအစီရင်ခံစာတရပ်ကို တင်ပြပြီးနောက် မလေးရှားအစိုးရက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သေဒဏ်ပေးရမယ့် ပြစ်မှုတွေနဲ့ပတ်သက်ပြီး အဆိုပြုထားတဲ့ အစားထိုးစီရင်ချက်တွေကို ဆက်လက်လေ့လာ သုတေသနပြုသွားမှာဖြစ်ကြောင်း မလေးရှားအစိုးရက သဘောတူညီခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိသေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေကတော့ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ သေနတ်လက်၀ယ်ထားရှိ ကိုင်ဆောင်မှုတို့ဖြစ်ပါတယ်။ Ref: CNA Photo:TRP #voiceofmyanmar #VOM #ကွာလာလမ်ပူ

Read More
VOM News

FREE
VIEW