ဖားကန့်မှာ ရေကန်ထဲပြုတ်ကျခဲ့တဲ့ ကားကို ပြန်ဆယ်လို့ရပေမယ့်် ရုပ်အလောင်းတွေ ပျောက်ဆုံးနေဆဲ

ဇွန် ၊ ၁၂-၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့ ၊ အေးမြသာယာရပ်ကွက်ထဲမှာရှိတဲ့ လုပ်ကွက်ဟောင်း အင်းထဲကို ဇွန် ၉ ရက်က အိမ်စီးကား ၁ စီး ပြုတ်ကျသွားတာကို ၃ ရက်ကြာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပြီးနောက် မနေ့ဇွန် ၁၁ ရက် ညနေပိုင်းမှာ ကားကိုပြန်တွေ့ရပေမယ့် ကားပေါ်ပါ မိသားစု ၃ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” ရေငုတ်ကျွမ်းကျင်တဲ့သူတွေနဲ့ စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ၊ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ရေအနက်ပေ ၃ ရာ ကျော်ကနေ ကားပြန်တွေ့ရတယ် ၊ ဆယ်ယူရေး ဆက်တိုက်လုပ်တဲ့အခါ ကားတော့ ပြန်ရပြီး ကားပေါ်မှာ ပါသွားတယ်ဆိုတဲ့ မိသားစု ၃ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ် “လို့ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တဦးက ” ကားကတော့ ပြန်ဆယ်လို့ရပြီ၊ အရေးကြီး စာရွက်စာတမ်းတွေ ပြန်ရတယ် ၊ ကိုဒီးတို့ မိသားစု ၃ ယောက်ကတော့ ကားထဲမှာ မတွေ့ရဘူး ၊ ပျောက်ဆုံးနေတုန်း “လို့ ပြောပါတယ်။

ဒီလ ၉ ရက်နေ့ မနက်ပိုင်းက မှော်မောင်းလျှံ အကျိုးတူ ကျောက်မျက်တူးဖော်ရေးကုမ္မဏီက မန်နေဂျာဖြစ်သူ ကိုဒီဒီ အသက် ၂၉ နှစ် ဆိုသူနဲ့ သူ့မိန်းမ မနန်း အသက် ၂၃ နှစ် ၊ လသားအရွယ် ကလေးတယောက် အပါအဝင် မိသားစု ၃ ယောက်ဟာ ကျန်းမာရေးကိစ္စအတွက် ဖားကန့်ဆေးရုံကြီးကို ပါဂျဲရိုကားနဲ့အသွား လမ်းချော်တိမ်းမှောက်ပြီး အနားက ရေအနက် ပေ ၄ ရာဝန်းကျင်ရှိတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်း ရေကန်ထဲကို ကားရော လူတွေပါ ပြုတ်ကျပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW