မြန်မာ – တရုတ်ကုန်သွယ်ရာ ကံပိုက်တီလမ်းကြောင်းမှာ လမ်း‌တွေပျက်စီးနေလို့ အခက်အခဲဖြစ်နေ

ဇွန် ၁၂၊ ၂၀၂၂ Shy V (VOM) မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီ မြို့နယ်ခွဲ နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်းခရိုင်၊ ထိန်ခြုံးမြို့နယ်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရာ ကံပိုက်တီလမ်းကြောင်းမှာ လမ်း‌တွေပျက်စီးနေလို့ အခက်အခဲဖြစ်နေကြတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “လဲတာ တလထဲကို ၅ စီးရှိသွားပြီ။ လမ်းရဲ့အားနည်းချက်ကြောင့် လမ်းမကောင်းလို့ လဲတဲ့ခါက လဲတယ်ပေါ့နော်။ ကားတွေက အရှိန်နဲ့ လဲတာမျိုး မဟုတ်ဘူး၊ ချိုင့်ခွက်ထဲ ဝင်သွားပြီး လဲရတာ ရှိသလို ယာဉ်မောင်းအနည်းစုက လမ်းပိုင်းအတွေ့အကြုံနည်းလို့ ဖြစ်ရတာ၊ တချို့ကတော့ အမြင့်ပိုတင်လာတာကြောင့် “လို့ ကန်ပိုက်တီလမ်းပိုင်းက ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ ရွှေညောင်ပင်ကနေ ငှက်ပျောခြံတွေကိုသွားတဲ့ ညောင်ပင် – တာလောကြီးလမ်းက ပိုဆိုးနေပြီး မိုးရွာရင် သွားဖို့က…

Read More

ပုသိမ်မြို့နယ် လမ်းဘေးက အိမ်နဲ့ဈေးဆိုင်တွေ ဖယ်ရှားခံနေရတာကြောင့် ဒေသခံတွေ အခက်တွေ့နေ

ပုသိမ်၊ ဇွန် ၁၂-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်က လမ်းဘေး ဝဲ၊ယာမှာရှိတဲ့ နေအိမ်တွေ၊ဈေးတွေ၊စားသောက်ဆိုင်တွေကို မနေ့ ဇွန်လ ၁၁ရက်ကနေ ဒီကနေ့အထိ ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ရုတ်တရက် ရွှေ့ပြောင်းခံရလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ နေအိမ်ဖျက်ပေးနေရတဲ့ဒေသခံတွေဆီက သိရပါတယ်။ ပုသိမ်မြို့နယ်က တကောင်းဘုရား၊အုတ်စီကုန်းလမ်းဆုံ၊ ကွမ်းခြံလမ်းဆုံ၊ငါးအောက်ချောင်းတံတားထိပ်၊ မရမ်းချိုလမ်းမကြီး၊ရှင်ပင်ဘုန်းပွင့်လမ်းတလျှောက်၊ပျဉ်းကတိုးကုန်းနဲ့ပေါက်ကုန်းလမ်းတလျှောက်၊ကမ်းနားလမ်းနဲ့ဥမ္မာဒန္တီလမ်းထောင့်ကနေအိမ်တွေ စားသောက်ဆိုင်တွေ၊ဈေးတန်းတွေ၊ကုန်စုံဆိုင်တွေကို ရှင်းလင်းနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။ ”တကောင်းဘုရား၊အုတ်စီကုန်းလမ်းဆုံ၊ကွမ်းခြံလမ်းဆုံ၊ ငါးအောက်ချောင်းတံတားထိပ်၊မရမ်းချိုလမ်းမကြီးနဲ့ ရှင်ပင်ဘုန်းပွင့်လမ်းတလျှောက်၊ပျဉ်းကတိုးကုန်းနဲ့ ပေါက်ကုန်းလမ်းတလျှောက်၊ကမ်းနားလမ်းနဲ့ဥမ္မာဒန္တီလမ်းထောင့်ကနေအိမ်တွေကိုရှင်းလင်းနေတာပါ။စစ်တပ်၊ရဲတပ်ဖွဲ့နဲ့အဖွဲ့စုံပါတဲ့အဖွဲ့က ရှင်းလင်းနေတာ။ ရုတ်တရက်ချက်ချင်းရွှေ့ပြောင်းနေတော့အခက်အခဲ အတော်ရှိနေတာ”လို့ နေအိမ်ဖယ်ရှားခံရတဲ့ ဒေသခံတဦးကပြောပါတယ်။ အဲ့ဒီနေရာတွေမှာရှိတဲ့နေအိမ်တွေ ၊ စားသောက်ဆိုင်တွေ ဈေးတန်းတွေနဲ့ကုန်စုံဆိုင်တွေကို ပုသိမ်မြို့ရဲ့ မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်စေရေးအတွက် လမ်းဘေးဝဲယာရှိ လမ်းနယ်နိမိတ်တွေမှာနေထိုင်သူတွေကို တာဝန်ရှိသူတွေပါတဲ့အဖွဲ့က ဖယ်ရှားရှင်းလင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ ”ပုသိမ်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်စေဖို့လုပ်တာ။ တရားမဝင်နေထိုင်တဲ့သူတွေကို ကျူးကျော်တွေကို ဖယ်ရှားတာပါ။လမ်းနယ်နိမိတ်အတွင်းနေသူတွေကို ဖယ်ရှားရှင်းလင်းတာပါ။”လို့ အဲ့ဒီကျူးကျော်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ အဲ့ဒီလမ်းတလျှောက်မှာ ဈေးဆိုင်ခန်း၊ အိမ်နဲ့ စားသောက်ဆိုင် စုစုပေါင်း အဆောက်အဦး ၆၀၀၀…

Read More

ရွှေဘိုမြို့ပေါ်က အလှပြင်ဆိုင်ရှင်နဲ့ ဆိုင်အကူတွေကို သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးသွား

ဇွန် ၊ ၁၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ အိန္ဒာရပ်က အလှပြင်ဆိုင်ကို မနေ့ ဇွန် ၁၁ ရက် ည၁၁ နာရီ ဝန်းကျင်အချိန်က သေနတ်ပစ်ဖောက်ပြီး အလှပြင်ဆိုင်ရှင်နဲ့ ဆိုင်အကူ ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်နေထိုင်သူတွေဆီက သိရပါတယ်။ ” ညက သေနတ်ပစ်ဖောက်သံတော့ကြားလိုက်ရတယ် ၊ ဒီမနက်ကျမှ သိရတာက အေးမွန်သူ အလှပြင်ဆိုင်မှာဖြစ်တာတဲ့ ၊ အဲ့ဒီဆိုင်က ဆိုင်ရှင်ရော ဆိုင်အကူလူတွေပါ ဖမ်းသွားတာ “လို့ အမှတ် ၃ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အေးမွန်သူ အလှပြင်ဆိုင်ရဲ့ ဆွေမျိုးသားချင်းတယောက် က ” ညက ဖမ်းသွားတာ ဒီကနေ့ ညနေပိုင်းအထိတော့ အဆက်အသွယ်မရဘူး ၊…

Read More

ဧရာဝတီတိုင်းမှာ ဆိုင်ကယ်၊ဖုန်း၊ဓာတ်မြေသြဇာဆိုင်တွေကို လိုက်စစ်နေ

ကျောင်းကုန်း၊ဇွန် ၁၂ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းက ကျောင်းကုန်း၊ပုသိမ်၊ဟင်္သာတစတဲ့ မြို့နယ်တွေမှာ မော်တော်ယာဉ်မော်တော်ဆိုင်ကယ်အရောင်းဆိုင်တွေ၊တယ်လီဖုန်းအရောင်းဆိုင်တွေနဲ့ဓာတ် မြေဩဇာအရောင်းတွေကို တရားဝင်လုပ်ထုံး လုပ်နည်းနဲ့အညီ တင်သွင်းရောင်းချတာ ရှိ၊မရှိ မနေ့ ဇွန် ၁၁ရက်က လိုက်လံစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”တရားဝင်တင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးရောင်းချတာ ရှိ၊မရှိပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်‌ဆေးတာ။တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက လမ်းညွှန်ချက်အရ စစ်ဆေးတာဖြစ်တယ်။ ဖုန်းရောင်းတဲ့ဆိုင်တွေ၊ဆိုင်ကယ်ရောင်းတဲ့ဆိုင်တွေနဲ့ ဓာတ်မြေသြဇာရောင်းတဲ့ဆိုင်တွေကို စစ်ဆေးသွားတာ။ရုတ်တရက်ဆိုတော့လန့်သွားတယ်။တစ်ခါမှ ဒါမျိုးလာစစ်တာမရှိပါဘူး။စစ်တပ်အာဏာရပြီးဒါဟာ ပထမဆုံး စစ်တာဘဲ”လို့ ကျောင်းကုန်းမြို့နယ်ရှိ ဖုန်းရောင်းတဲ့သူတဦးကပြောပါတယ်။ အဲ့ဒီလို့ စစ်ဆေးတာဟာ တရားမဝင်တဲ့ပစ္စည်းတွေ ရောင်းချတာ၊တရားမဝင် သိုလှောင်ထားတာ၊တရားမဝင် ဖြန်းဖြူးတာတွေကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူဖို့ စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။ ”ကုန်ပစ္စည်းဆို ဘယ်ကုန်ပစ္စည်းမဆို တရားမဝင် ဖြန့်ဖြူးရောင်းချတာ၊သိုလှောင်တာမရှိစေဖို့စစ်ဆေးတာ။ စစ်ဆေးတွေ့ရရင်အရေးယူမှာ မနေ့ကအထိတော့ စစ်ဆေးတွေရှိတာမရှိသေးဘူး။”လို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ အဲ့ဒီစစ်ဆေးတဲ့အဖွဲ့မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတတပ်ဖွဲ့၊ အခွန်ဦးစီးဌာန၊စစ်တပ်နဲ့မြို့နယ်အဆင့် တာဝန်ရှိအဖွဲ့အစည်းတွေကစစ်ဆေးတာဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီ #ဖုန်း၊ဆိုင်ကယ်၊ဓာတ်မြေဩဇာဆိုင် #လိုက်စစ်ဆေး

Read More

ကမ္ဘာပေါ်မှာ သေဒဏ်ပေးမှုနဲ့ ကွပ်မျက်မှု အများဆုံးနိုင်ငံများ

မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ သေဒဏ်ပေးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ယခင်နှစ်ကထက် ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကွပ်မျက်မှုနှုန်းဟာလည်း ၂၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် ၄ ဦးကို အမှန်တကယ်ကွပ်မျက်ခဲ့ရင် အကျဉ်းဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားတာဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွပ်မျက်မှု ဖြစ်လာဖွယ်ရှိနေပါတယ်။ ဒီကိစ္စကို ပြန်လည်စဉ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်သူ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းထားပြီး မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေသလို နိုင်ငံတကာကလည်း အနှုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေရှိလာမှာဖြစ်တာကြောင့် ကွပ်မျက်မှုကို ရှောင်ရှားဖို့ တောင်းဆိုထားပါတယ်။ သေဒဏ်ချခံရသူတွေကို ခေါင်းဖြတ်ခြင်း၊ လျှပ်စစ်အသုံးပြုခြင်း၊ ကြိုးပေးခြင်း၊ ဆေးထိုးခြင်းနဲ့ ပစ်သတ်ခြင်းစတဲ့ နည်းလမ်းတသွယ်သွယ်ကို အသုံးပြုကွပ်မျက်မှုပြုတဲ့ အမေရိကန်၊ တရုတ်၊…

Read More

အမေရိကန်မှာ သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကြပ်တဲ့ဥပဒေတွေပြဌာန်းဖို လူသောင်းနဲ့ချီပြီး ဆန္ဒပြ

ဝါရှင်တန်၊ ဇွန်-၁၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကြပ်တဲ့ဥပဒေတွေပြဌာန်းဖို့ သောင်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ နိုင်ငံတ၀န်းမှာ စုဝေးဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေဟာ သေနတ်ဘေးက ကင်းဝေးချင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒီဆန္ဒပြပွဲတွေကို ထောက်ခံလိုက်ပြီး သေနတ်ကိုင်ဆောင်မှုဆိုင်ရာ တင်းကြပ်တဲ့ဥပဒေပြဌာန်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ အပြောင်းအလဲဖြစ်ဖို့ကို ရီပတ်ဘလီကန်တွေက တားဆီးမယ့် အလားအလာရှိနေပါတယ်။ တက္ကဆက်ပြည်နယ်မှာ မေ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ မူလတန်းကျောင်းပစ်ခတ်မှုအတွင် ကလေးငယ် ၁၉ ဦးနဲ့ ဆရာမနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နယူးယောက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာလည်း လူ ၁၀ ဦးထိ သေဆုံးခဲ့ပြီးနောက် အမေရိကန်မှာ သေနတ်ထိန်းချုပ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အသစ်တဖန်တောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖွယ်မရှိနိုင်ကြောင်း အမေရိကန်ဝေဖန်

စင်ကာပူ၊ ဇွန်-၁၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လာမယ့်နှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖွယ်မရှိဘူးလို့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတဦးက ဇွန် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာမယ့်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲသစ်ကျင်းပဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကတိက၀တ်အပေါ် သံသယရှိတယ်လို့ အမရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချိုလက်က ဆိုပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရာမျှတဖို့ အခွင့်အလမ်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားဖို့ ကြိုးပမ်းမှုတရပ်ဖြစ်နိုင်ပါတယ် လို့ စင်ကာပူမှာပြုလုပ်တဲ့ အာရှလုံခြုံရေးဆွေးနွေးပွဲတက်နေတဲ့ ဒဲရက်ခ်ချိုလက်က ပြောပါတယ်။ ရုရှားရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးသလိုမျိုး မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်ဆန့်ကျင်ရေး အင်အားစုတွေက လက်နက်တွေထောက်ပံ့ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် လက်ရှိမှာတော့ လက်နက်တွေထောက်ပံ့ရေး အမေရိကန်က စဉ်းစားထားတာမရှိဘူးလို့ သူက အတည်ပြုပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူ တသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ဇွန်လအစောပိုင်းမှာ…

Read More

ထိုင်၀မ်က လွတ်လပ်ရေးကြိုးပမ်းလာရင် စစ်ပွဲဖြစ်လာမယ်လို့ တရုတ်နိုင်ငံ သတိပေး

ပေကျင်း ၊ဇွန်-၁၂-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ကို တရုတ်နိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းမှုမှန်သမျှ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ အရေးယူမှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ အမေရိကန်ကို တရုတ်က သတိပေးပြောဆိုလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲပြင်ပမှ တရုတ်နိုင်ငံခြားရေး၀န်ကြီး ဝေဖန်ဟီက အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့တွေ့ဆုံရာမှာ အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ ထိုင်၀မ်ကို တရုတ်နိုင်ငံကနေ ထွက်ထုတ်လိုက်တာဟာ တရုတ်စစ်တပ်အနေနဲ့ ဘယ်လိုနည်းနဲ့မဆို တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာနည်းလမ်းမရှိကြောင်း တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီက ပြောပါတယ်။ ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်လေယာဉ်တွေနေ့စဉ်နဲ့အမျှ စံချိန်တင်ပမာဏထိ များပြားနေပြီး ဒါဟာဒေသတွင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ဒါဟာရန်စတဲ့သဘောဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ ထိုင်၀မ်ကို နိုင်ငံအစိတ်အပိုင်းတရပ်အဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး ထိုင်၀မ်ကို လက်နက်တွေရောင်းချနေတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို တရုတ်ကာကွယ်ရေး၀န်ကြီးက ပြစ်တင်ရှုတ်ချထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ပေကျင်း

Read More

ဖားကန့်မှာ ရေကန်ထဲပြုတ်ကျခဲ့တဲ့ ကားကို ပြန်ဆယ်လို့ရပေမယ့်် ရုပ်အလောင်းတွေ ပျောက်ဆုံးနေဆဲ

ဇွန် ၊ ၁၂-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့ ၊ အေးမြသာယာရပ်ကွက်ထဲမှာရှိတဲ့ လုပ်ကွက်ဟောင်း အင်းထဲကို ဇွန် ၉ ရက်က အိမ်စီးကား ၁ စီး ပြုတ်ကျသွားတာကို ၃ ရက်ကြာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပြီးနောက် မနေ့ဇွန် ၁၁ ရက် ညနေပိုင်းမှာ ကားကိုပြန်တွေ့ရပေမယ့် ကားပေါ်ပါ မိသားစု ၃ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ရေငုတ်ကျွမ်းကျင်တဲ့သူတွေနဲ့ စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ၊ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ရေအနက်ပေ ၃ ရာ ကျော်ကနေ ကားပြန်တွေ့ရတယ် ၊ ဆယ်ယူရေး ဆက်တိုက်လုပ်တဲ့အခါ ကားတော့ ပြန်ရပြီး ကားပေါ်မှာ ပါသွားတယ်ဆိုတဲ့ မိသားစု…

Read More

အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း အသတ်ခံထားရ

ဇွန် ၁၂-၂၀၂၂ VOM ( GG) ရန်ကုန် ၊မရမ်းကုန်းမြို့နယ် ၊၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာနေထိုင်တဲ့ အငြိမ်းစားဆရာမကြီးတဦး နေအိမ်အတွင်း လက်ကို ကြိုးတုပ်ကာ အသတ်ခံခဲ့ရမှု မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ ဆရာမကြီးဟာ ရန်ကင်းပညာရေးကောလိပ်၊ မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ နှစ်ဖြစ်ပြီး နေအိမ် အိပ်ခန်း ခုတင်ဘေးကြမ်းခင်းပေါ်မှာ ဘေးတစ်စောင်း ဒူးကွေးလျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့ ချည်တုပ်ထားကြောင်း၊ မျက်လုံး နှစ်ဖက်လုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက် မျက်ခုံးအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ ” သူ့တူပြောပုံအရတော့ လက်ပ်တော့နဲ့ ဖုန်းမရှိတော့ဘူးပြောတယ်။နေအိမ်မှာပဲ ဝင်လုပ်သွားတာ၊ဆရာမကြီးကတစ်ယောက်ထဲနေတာ။လောလောဆယ်သိရတာတော့လက်ပ်တော့နဲ့ဖုန်းပဲပေါ့။ ဆရာမကြီးကလည်း တစ်ယောက်ထဲနေတာဆိုတော့ ဘာပစ္စည်းတွေပါသွားလည်းမသိရဘူး။လက်ကိုကြိုးတုပ်ထားတယ် ဦးခေါင်းကိုရိုက်ခံထားရတယ်။မနေ့ကတော့ ဆေးရုံကိုပို့ထားတယ်။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။ အငြိမ်းစားဆရာမကြီး…

Read More
VOM News

FREE
VIEW