ပန့်ပြင်ဆိုင်မှာ ​ပြင်ဖို့ အပ်ထားတဲ့ကား အလုခံရတဲ့ဖြစ်စဉ် ပခုက္ကူမှာဖြစ်ပွား

ဇွန် ၊ ၁၈-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၆ ရပ်ကွက် ၊ ဘောလုံးကွင်းတိုက်တန်းမှာရှိတဲ့ ကား နော်ဇယ် ပန့်ပြင်ဆိုင်မှာ ပြုပြင်ဖို့အပ်ထားတဲ့ ကား ၁ စီးကို မနေ့ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းက လုယူခံရတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့တယ်လို့ ပခုက္ကူ ကားဝပ်ရှော့လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ဖြစ်တာက မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဘောလုံးကွင်းတိုက်တန်းက ခိုင်မာ နော်ဇယ် ပန့်ပြင်ဆိုင်က ပြင်ဖို့ အလုပ်အပ်ထားတဲ့ ကား အလုခံရတာ “လို့ ဘောလုံးကွင်းတိုက်တန်းက စျေးသည်တယောက်က ပြောပါတယ်။

ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ခိုင်မာ နော်ဇယ် ပန့်ဆိုင်မှာ ပြင်ဖို့အပ်ထားတဲ့ MAZDA BT 50 Extra CUB အဖြူရောင်ကား ပါသွားတာပါ ၊ ဆိုင်ရှင်ကို ပစ္စတိုသေနတ်နဲ့ ထောက်ပြီး လုယူသွားတယ်လို့ ကနဦး သိရတယ် ၊ အမှုဖွင့်အရေးယူဖို့ စစ်ဆေးနေတုန်း ” လို့ ပြောပါတယ်။

ဇွန်လ ၁၆ ရက် မနက်ပိုင်းကလည်း ပခုက္ကူမြို့မှာရှိတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ခွဲ(၂)က ဘဏ်ဝန်ထမ်းတွေဟာ ဘဏ်ချေးငွေ ကောက်ခံဖို့သွားရောက်ချိန် မန်ကျည်းကန်ရွာလမ်းခွဲမှာ ဓားပြတိုက်ခံရတဲ့အတွက် ပိုက်ဆံ သိန်း ၃၀ ကျော်နဲ့ Probox ကား ၁ စီး ပါသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ အတွင်း ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမြို့နယ်မှာ ၂ ကြိမ် ၊ ရေစကြိုမြို့နယ်မှာ ၃ ကြိမ် ၊ မြိုင်မြို့နယ်မှာ ၃ ကြိမ်နဲ့ ပခုက္ကူမြို့ပေါ်မှာ ၅ ကြိမ် အလားတူ ကားနဲ့ ပိုက်ဆံ လုယူဓားပြအတိုက်ခံရတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လုယူခံလိုက်ရတဲ့ ကားပုံ
#voiceofmyanmar #VOM #ပခုက္ကူ #မူခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW