ထိုင်းမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅၃ ဦးကို ရနောင်းကနေ မြန်မာနိုင်ငံပြန်ပို့

ရနောင်း၊ ဇွန်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမ၀င်လာရောက်သူ မြန်မာနိုင်ငံသား ၁၅၃ ဦးကို သူတို့ရဲ့ အမှုတွေပြီးပြတ်သွားတာကြောင့် ရနောင်းကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်ပါတယ်။

ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၉၇ ဦးနဲ့ အမျိုးသမီး ၅၆ ဦးတို့ပါ၀င်ပြီး စက်လှေကိုးစင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာဖြစ်ပါတယ်။

အစောပိုင်းက ရနောင်းမြို့မှာ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်မှ တရားမ၀င်လာရောက်သူ အမျိုးသား ၁၀၂ ဦးနဲ့ အမျိုးသမီး ၂၈ ဦးတို့ကိုလည်း မေ ၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၈၅ ဦး ၊ အမျိုးသမီး ၆၀ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄၅ ဦးကိုလည်း ဧပြီ ၁၀ ရက်မှာ အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်းကလည်း ထိုင်းနိုင်ငံကို တရားမ၀င်သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်ဒေသတွေမှာ ဖမ်းဆီးခံရမှုတွေ မြင့်တက်နေပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ရနောင်း

Related posts

VOM News

FREE
VIEW