ပင်းတယမြို့ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ USDP ဒုတိယဥက္ကဋ္ဌ သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၁၈-၂၀၂၂
VOM (GG)

ရှမ်းပြည်နယ် ၊ပင်းတယမြို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ USDP ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်း ဒီနေ့ဇွန်လ ၁၈ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဦးကျော်ငြိမ်းကို ဆင်ခေါင်းရပ်ကွက်မှာရှိတဲ့ သူရဲ့ကိုယ်ပိုင်ကျောင်းမှာရှိနေချိန် အသတ်ခံလိုက်ရတာဖြစ်ပြီး၊ သေနတ်ပစ်ဒဏ်ရာကြောင့် နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

” မနက် ၁၀ နာရီ လောက်မှာ အပစ်ခံရတာ။သူ့ကျောင်းမှာပဲ။သူကပြည်သူ့စစ် ဖွဲ့ဖို့ဆိုပြီး စာရင်းကောက်နေတယ်လို့ကြားတယ်။ ခေါင်းကိုမှန်တာလို့သိရတယ် ၊ ” လို့ ဒေသခံတဦးကပြောပါတယ်။

ဦးကျော်ငြိမ်း အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်ခဲ့တဲ့အပြင် ပိတ်ဆို့ရှာဖွေမှုတွေကိုပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဦး​ကျော်ငြိမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပင်းတယမြို့နယ် အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်​ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အမတ်လောင်းတဦးလည်း ဖြစ်ပါတယ်။

အရင်ကလည်း ပင်းတယမြို့မှာ စစ်တပ်ကိုသတင်းပေးလို့ဆိုပြီး အသတ်ခံရသူ ၆ ဦးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပင်းတယမြို့ #ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် #USDPဒုဥက္ကဋ္ဌ #သေနတ်နဲ့ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW