ဘင်္ဂလားဒေ့ရ်ှမှာ ရေကြီးရေလျှံမှုကြောင့် ၂၅ ဦးသေဆုံး၊ လူလေးသန်းကျော် ရေဘေးသင့်နေ

ဒါကာ၊ ဇွန်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၅ ဦထက်မနည်းသေဆုံးပြီး လူ လေးသန်းကျော် ရေဘေးသင့်နေတယ်လို့ တာ၀န်ရှိသူတွေက ဇွန် ၁၈ ရက်မှာပြောပါတယ်။

ရေကြီးရေလျှံမှုတွေဟာ မြေနိမ့်ဒေသမှာနေတဲ့ ဘင်္ဂလားဒေ့ရ်ှရှိ သန်းနဲ့ချီတဲ့ပြည်သူတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံဖြစ်တဲ့ အကြိမ်ရေ၊ ပြင်းထန်မှုတွေဟာ မှန်းဆမရအောင် တိုးလာနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း နေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး ရေဘေးသင့်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ တပ်ဖွဲ့၀င်တွေကို ဖြန့်ကြက်ချထားနေပါတယ်။

ရေကြီးရေလျှံဖြစ်လာတာကြောင့် မြစ်ကမ်းပါးတွေရုတ်တရက်ပြိုကျပြီး နာရီပိုင်းအတွင်းမှာပဲ အနီးနားက ကျေးရွာတွေရေနစ်မြုပ်ခဲ့ပြီး စာသင်ကျောင်းတွေကို ကယ်ဆယ်ရေးစခန်းတွေအဖြစ် ပြောင်းလဲပြီး ဒုက္ခသည်တွေကို နေရာချထားနေရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှရဲ့ တတိယအကြီးဆုံး Sylhet နိုင်ငံတကာလေဆိပ်ကို သောကြာနေ့မှာ ပိတ်လိုက်ရပါတယ်။

မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ လာမယ့်နှစ်ရက်အတွင်း ရေကြီးရေလျှံမှုဟာ ပိုမိုဆိုးရွားလာမယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW