သာသနာ့ဝန်ထမ်းတွေကို သတ်ဖြတ်သူတွေအား အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ နစက က အထူးတရားရုံးဖွဲ့စည်းနေ

ဇွန် ၁၈-၂၀၂၂
VOM(GG)

သာသနာ့ဝန်ထမ်းတွေဖြစ်တဲ့ ဘုန်းကြီး၊ သီလရှင်နဲ့ကိုရင်တွေကို သတ်ဖြတ်နေသူတွေအား ထိရောက်တဲ့အရေးယူမှုတွေလုပ်နိုင်ဖို့အတွက် အထူးတရားရုံးဖွဲ့စည်းပြီး အမြင့်ဆုံး ပြစ်ဒဏ်ပေးရေး ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)မှာ သံဃာ၊ ကိုရင်နဲ့ သီလရှင်တွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ​တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေးကို နစကအဖွဲ့ဝင်တွေက တင်ပြမှုအပေါ် နစကဥက္ကဋ္ဌက အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သာသနာနွယ်ဝင်တွေကို အကြမ်းဖက် သတ်ဖြတ်သူ​ များကို ထိရောက်တဲ့ပြစ်ဒဏ်များ ချမှတ်နိုင်ဖို့ အထူးတရားရုံးများ ဖွဲ့စည်းပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးရေး ဆောင်ရွက်နေပါတယ်”လို့ နစကဥက္ကဋ္ဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိ နစက လက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ခုနှစ် ဇွန်လ ၁၃ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်နဲ့ သီလရှင် စုစုပေါင်း ၆၅ ပါးရှိပြီး ပျံလွန်တော်မူခဲ့တဲ့ သံဃာတော် စုစုပေါင်း ၅၀ ပါးရှိတယ်လို့ သိရပါတယ်။

နောက်ပြီး ဒဏ်ရာရတာ ၈ ပါး၊ပျောက်ဆုံး ၆ ပါးနဲ့ ဒဏ်ရာရ သီလရှင် ၁ ပါးရှိခဲ့တယ်လို့ နစက ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #သာသနာ့ဝန်ထမ်း #သတ်ဖြတ်သူတွေ #အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ #နစက #အထူးတရားရုံးဖွဲ့စည်းနေ

Related posts

Leave a Comment

VOM News

FREE
VIEW