သီရိလင်္ကာမှာ လောင်စာဆီပြတ်လပ်မှုကြောင့် အစိုးရရုံးနဲ့ စာသင်ကျောင်းတွေကို ပိတ်မယ်လို့ ကြေညာ

ကိုလံဘို၊ ဇွန်-၁၈-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းမှုအတွက် ငွေပေးချေဖို့မရှိတာကြောင့် အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေကို နှစ်ပတ်ကြာပိတ်မယ်လို့ အာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ ကြေညာလိုက်ပါတယ်။

ဓါတ်ဆီနဲ့ ဒီဇယ်ပြတ်လပ်မှုဖြစ်ပေါ်နေတာကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေလည်း အလုံးစုံနီးပါး ရပ်နားထားရပြီး ဇွန် ၂၀ရက်ကစပြီး ဒီလိုပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတာဖြစ်ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ကိုယ်ပိုင်ယာဉ်တွေ စီစဉ်မပေးနိုင်တာကြောင့် အခုလိုဆုံးဖြတ်လိုက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ယခုသီတင်းပတ်အစောပိုင်းကလည်း လောင်စာဆီချွေတာဖို့အတွက် အစိုးရ၀န်ထမ်းတွေအတွက် သောကြောနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။

နိုင်ငံမှာ စံချိန်တင်ငွေကြေးဖောင်းပွမှု၊ ကာလရှည်ကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်မှုနဲ့ ကြုံတွေနေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လပေါင်းများစွာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ကာ သမ္မတ Gotabaya Rajapaksa ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW