ထိုင်၀မ်မှာလည်း မျောက်ကျောက်ရောဂါကူးစက်မှု စတင်တွေ့ရှိ

တိုင်ပေ၊ ဇွန်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ထိုင်၀မ်ကျန်းမာရေး အာဏာပိုင်တွေက ဇွန် ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဇွန် ၁၆ ရက်မှာ ဂျာမနီနိုင်ငံမှပြန်လာတဲ့ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးဟာ အဖျားတက်ခြင်း၊ အဖုအပိန့်ထွက်ခြင်းအပါအ၀င် မျောက်ကျောက်ရောဂါလက္ခာတွေ ခံစားရတာကြောင့် ဆေးရုံမှာ စစ်ဆေးရာ ရောဂါကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း ထိုင်၀မ်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မိသားစု၀င်နှစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်း ၁၀ ဦးအပါအ၀င် လူ ၁၉ ဦးဟာ သူနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီး အဲဒီလူတွေကို ဇူလိုင် ၁၃ ရက်ထိ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

နိုင်ငံရပ်ခြားမှ ပြန်လာသူတွေအနေနဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေ ခံစားရပါက ကျန်းမာရေးဌာနသို့ ဆောလျှင်စွာသွားရောက်စစ်ဆေးဖို့ ကျန်းမာရေးတာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ၃၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး အာရှဒေသမှာတော့ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတို့မှာလည်း ကူးစက်မှုတွေကိုအတည်ပြုထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmae #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW