ရုရှားတပ်တွေဝိုင်းထားတဲ့ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေ ဆုတ်ခွာဖို့ တာ၀န်ရှိသူတွေ အမိန့်ထုတ်

ကိယက်ဗ်၊ ဇွန်-၂၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေကို မြို့ကနေဆုတ်ခွာဖို့ အမိန့်ပေးထားကြောင်း ဒေသတွင်း ယူကရိန်းထိပ်တန်းတာ၀န်ရှိသူတဦးကပြောပါတယ်။ယ လက်ရှိမှာတော့ အဲဒီမြို့ရဲ့အခြေခံအဆောက်အအုံအားလုံးပျက်စီးသွားပြီး နေအိမ် ၉၀ ရာခိုင်နှုန်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကာ ၈၀ ရာခိုင်နှုန်းဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။ ရုရှာတပ်တွေဟာ အဲဒီဒေသကိုအပြည့်အ၀ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဆီဗီရိုဒွန်နက်စ်မြို့ဟာ ရုရှားတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို သီတင်းပတ်များစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ လစ်ဆီချန့်ခ်မြို့မှလွဲပြီး လူဟန့်ခ်ဒေသအများစုဟာ ရုရှားရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြောသူတွေအများစုနေထိုင်ကြတဲ့ လူဟန့်ခ်ဒေသဟာ ရုရှားသမ္မတပူတင်အတွက်တော့ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ အဓိကဦးစားပေးလည်းဖြစ်ပါတယ်။ တချိန်တည်းမှာပင် ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာကို အီးယူအဖွဲ့၀င်လောင်းအဖြစ် လက်ခံဖို့ဆုံးဖြတ်လိုက်ပြီး ဒီဆုံးဖြတ်ချက်အတွက် အနှုတ်လက္ခဏာဆောင်တဲ့ အကျိူးဆက်တွေရှိလာမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ညောင်ပင်ကြီး ဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရ

ဇွန် ၊ ၂၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကို ပို့ဆောင်သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၁ ခုဟာ မနေ့ ဇွန် ၂၄ ရက် ညပိုင်းက မိုင်းခွဲဖျက်စီး ခံလိုက်ရတယ်လို့ ညောင်ပင်ကြီးရွာခံတွေဆီက သိရပါတယ်။ “မနေ့ကည ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကြီးကြားရတယ် ၊ အဲ့ဒီ ပေါက်ကွဲသံကြားရပြီးနောက် လျှပ်စစ်မီး ပျက်သွားတယ် ၊ ဒီမနက် ကြားရတာက ညောင်ပင်ကြီး ဓာတ်အားခွဲရုံကနေ ပေးတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရတာလို့ ဖြစ်တယ် ၊ ပစ်ခတ်သံတွေကြားရတယ် “လို့ ညောင်ပင်ကြီး ရွာရှည်ရွာက ဒေသခံတယောက်က ပြောပါတယ်။ လျှပ်စစ်တာဝါတိုင် မိုင်းခွဲဖျက်စီးခံရတာနဲ့ပတ်သက်ပြီး…

Read More

ထိုင်၀မ်မှာလည်း မျောက်ကျောက်ရောဂါကူးစက်မှု စတင်တွေ့ရှိ

တိုင်ပေ၊ ဇွန်-၂၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ထိုင်၀မ်ကျန်းမာရေး အာဏာပိုင်တွေက ဇွန် ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဇွန် ၁၆ ရက်မှာ ဂျာမနီနိုင်ငံမှပြန်လာတဲ့ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးဟာ အဖျားတက်ခြင်း၊ အဖုအပိန့်ထွက်ခြင်းအပါအ၀င် မျောက်ကျောက်ရောဂါလက္ခာတွေ ခံစားရတာကြောင့် ဆေးရုံမှာ စစ်ဆေးရာ ရောဂါကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း ထိုင်၀မ်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ မိသားစု၀င်နှစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်း ၁၀ ဦးအပါအ၀င် လူ ၁၉ ဦးဟာ သူနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီး အဲဒီလူတွေကို ဇူလိုင် ၁၃ ရက်ထိ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံရပ်ခြားမှ ပြန်လာသူတွေအနေနဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေ ခံစားရပါက ကျန်းမာရေးဌာနသို့ ဆောလျှင်စွာသွားရောက်စစ်ဆေးဖို့ ကျန်းမာရေးတာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါ…

Read More

မြင်းမူမြို့နယ်မှာ တောင်သူ ၂ ဦး အသတ်ခံရ

ဇွန် ၊ ၂၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ အလ္လကပ္ပကျေးရွာနားက ယာခင်းတောမှာ ၊ မနေ့ ဇွန် ၂၄ ရက် ညနေပိုင်းက ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ယာခင်းတောထဲမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသတ်ခံရတာဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်း ၂ လောင်းကိုလည်း လူမှုကူညီရေးအဖွဲ့က မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလူသတ်မှုနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦး​က ” သေဆုံးသူ ၂ ယောက်က အလ္လကပ္ပရွာက…

Read More

ဇွန် ၁၉ရက်က မွေးနေ့ဆုတောင်းစာ လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦး ဖမ်းဆီးခံရ

ပုသိမ်၊ ဇွန် ၂၅-၂၀၂၂ မင်းမြတ် ဇွန်လ ၁၉ ရက်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာအမည်မဖော်ဘဲ ဆုတောင်းစာရေးတင်ခဲ့တဲ့ ဧရာ၀တီတိုင်း၊ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ ”ဆရာဖမ်းဆီးခံရတာမှန်တယ်၊ ဆရာက အမည်မဖော်ဘဲရေးတင်ခဲ့တာပါ။ဘာတတ်နိုင်မလဲ နီးရာဓားကြောက်ရတာကို”လို့ အဲ့ဒီရဲတပ်ကြပ်ကြီးရဲ့နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ဇွန်လ ၁၉ ရက်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ”Happy Birthday ပါ၊ အသက်ရှည်ရှည်နေရပါစေ” ဟု အမည်မဖော်ပြဘဲ မွေးနေ့ဆုတောင်းစာရေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဇွန်လ ၂၀ ရက်မှာ ဟန်ငြိမ်းဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်က ရဲတပ်ကြပ်ကြီးက ဓာတ်ပုံတွေနဲ့ရေးသားထားတဲ့စာတွေ တင်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ”ဘယ်လိုပုံစံလုပ်မလဲဆိုတာကတော့ မပြောတတ်ပါဘူး။ ဖမ်းပြီးစစ်ဆေးခံနေရတာကတော့ မှန်တယ်။ ရဲလိုင်းခန်းကမိသားစုတွေကိုလည်း ဖယ်ပေးဖို့ပြော ထားတယ်။အမည်မဖော်ဘဲ မွေးနေ့ဆုတောင်းတင်မိ တာလည်းဟုတ်တယ်။ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်က ရဲတပ်ကြပ်ကြီးရဲ့ ပုံနဲ့စာသားတွေကိုပြန်တင်ပြီးနောက်…

Read More

ပြည်မြို့ မှာ ၆ဘီးကုန်ကားနဲ့ဆိုင်ကယ် တိုက်မိပြီး အမျိုးသား တဦးသေဆုံး

ဇွန် ၂၅-၂၀၂၂ VOM (GG) ပဲခူးတိုင်း(အနောက်ပိုင်း)၊ပြည်မြို့၊ နဝဒေးလမ်းဆုံတံတားအတက်မှာ ဒီနေ့ ဇွန်၂၅ ရက် မနက်အစောပိုင်းက ၆ ဘီးကုန်ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညာဘက် ရင်အုံပွင့် ၊ ပခုံး ၊ လက် မှာပြင်းထန်ဒဏ်ရာရခဲ့သလို ဘယ်ဘက် မျက်နှာတစ်ခြမ်း ၊ညာဘက်ဒူး အဆစ်ပြုတ်၊ပေါက်ပြဲဒဏ်ရာရရှိပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၅ နာရီခွဲလောက်က​ဖြစ်တာပေါ့၊ ယာဥ်မောင်းကလည်း ဖြေရှင်းနေတာတော့တွေ့တယ် ။ လမ်းဖြတ်အကူးမှာ တိုက်မိတာ။တက်ကြိတ်မိသလိုဖြစ်သွားတာ “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ၀င်(ပြည်)တဦးကပြောပါတယ်။ သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်အမျိုးသားတဦးဖြစ်ပြီး ပြည်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ သေဆုံးသူကို ပြည်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံကိုပို့ဆောင်ခဲ့ကာ ၊ ၆ ဘီးကားယာဥ်မောင်းကိုတော့ သက်ဆိုင်ရာရဲစခန်း တာဝန်ရှိသူတွေက အရေးယူနိုင်ဖို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ပြည်…

Read More

လွိုင်လင်လေး အထက်တန်းကျောင်းက ကျောင်းဆရာ ၊ ဆရာမ ၆ ဦး ပျောက်ဆုံးနေ

ဇွန်၂၅ ၊ ၂၀၂၂ SP (VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ ၊ အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ၊ ဆရာမ ၆ ဦးဟာ မနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းက ပျောက်ဆုံးနေတဲ့အတွက် စာသင်ကြားတာတွေ မလုပ်နိုင် ဘူးလို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” မနက်ပိုင်း ကျောင်းစတက်တဲ အချိန်တုန်းက ဆရာ ၊ ဆရာမတွေရှိသေးတယ် ၊ စာသင်ချိန် ၂ ချိန်ပြီးတော့ ဆရာ ၊ ဆရာမတွေ ပျောက်နေတာကြောင့် ကလေးတွေက ကြောက်ပြီး အိမ်ပြန်လာကြတယ် ” လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ၊ မြို့နယ် ပညာရေးမှူးရုံး ၊ တာဝန်ရှိသူတယောက်က…

Read More
VOM News

FREE
VIEW