လွိုင်လင်လေး အထက်တန်းကျောင်းက ကျောင်းဆရာ ၊ ဆရာမ ၆ ဦး ပျောက်ဆုံးနေ

ဇွန်၂၅ ၊ ၂၀၂၂
SP (VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ ၊
အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ၊ ဆရာမ ၆ ဦးဟာ မနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းက ပျောက်ဆုံးနေတဲ့အတွက် စာသင်ကြားတာတွေ မလုပ်နိုင်
ဘူးလို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

” မနက်ပိုင်း ကျောင်းစတက်တဲ အချိန်တုန်းက ဆရာ ၊ ဆရာမတွေရှိသေးတယ် ၊ စာသင်ချိန် ၂ ချိန်ပြီးတော့ ဆရာ ၊ ဆရာမတွေ ပျောက်နေတာကြောင့် ကလေးတွေက ကြောက်ပြီး အိမ်ပြန်လာကြတယ် ” လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ၊ မြို့နယ် ပညာရေးမှူးရုံး ၊ တာဝန်ရှိသူတယောက်က ” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မျက်နှာဖုံးစွပ် လက်နက်ကိုင် လူ ၁၂ ယောက်က ကား ၂ စီးနဲ့ ကျောင်းထဲကိုရောက်လာပြီး ၊ မူလတန်းပြဆရာ ဦးကောင်းဇေယျာငြိမ်း၊ ဦးအောင်ဇော်ထွေး၊ အထက်တန်းပြ ဆရာမဒေါ်နန်း၊အလယ်တန်းပြဆရာမများဖြစ်တဲ့ ဆရာမဒေါ်စုလေးငယ်၊ ဆရာမ ဒေါ်ခင်သန်းနဲ့ ဒေါ်မြထွေးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ် ၊ အခုထိတော့ ဆက်သွယ်မရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီကျောင်းဟာ ကျောင်းသား ၊ ကျောင်းသူ မိဘတွေရဲ့ တောင်းဆိုချက်အရ ဒေသခံ ကျောင်းဆရာ ၊ ဆရာမတွေနဲ စီစဥ်ပြီး အခုလ ၆ ရက်နေ့က ကျောင်းစတင်ဖွင့်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကလည်း ကယားပြည်နယ်ထဲမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်တာနဲ့ ပတ်သက်လို့ ဆရာ ၊ ဆရာမ တချို့ ပျောက်ဆုံးတာနဲ့ သေဆုံးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကယားပြည်နယ် #လွိုင်လင်လေး #ကျောင်းဆရာဆရာမပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW