ပြည်မြို့ မှာ ၆ဘီးကုန်ကားနဲ့ဆိုင်ကယ် တိုက်မိပြီး အမျိုးသား တဦးသေဆုံး

ဇွန် ၂၅-၂၀၂၂
VOM (GG)

ပဲခူးတိုင်း(အနောက်ပိုင်း)၊ပြည်မြို့၊ နဝဒေးလမ်းဆုံတံတားအတက်မှာ ဒီနေ့ ဇွန်၂၅ ရက် မနက်အစောပိုင်းက ၆ ဘီးကုန်ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညာဘက် ရင်အုံပွင့် ၊ ပခုံး ၊ လက် မှာပြင်းထန်ဒဏ်ရာရခဲ့သလို ဘယ်ဘက် မျက်နှာတစ်ခြမ်း ၊ညာဘက်ဒူး အဆစ်ပြုတ်၊ပေါက်ပြဲဒဏ်ရာရရှိပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနက် ၅ နာရီခွဲလောက်က​ဖြစ်တာပေါ့၊ ယာဥ်မောင်းကလည်း ဖြေရှင်းနေတာတော့တွေ့တယ် ။ လမ်းဖြတ်အကူးမှာ တိုက်မိတာ။တက်ကြိတ်မိသလိုဖြစ်သွားတာ “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ၀င်(ပြည်)တဦးကပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်အမျိုးသားတဦးဖြစ်ပြီး ပြည်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူကို ပြည်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံကိုပို့ဆောင်ခဲ့ကာ ၊ ၆ ဘီးကားယာဥ်မောင်းကိုတော့ သက်ဆိုင်ရာရဲစခန်း တာဝန်ရှိသူတွေက အရေးယူနိုင်ဖို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW