ပန်းတောင်းမြို့နယ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၅ ဦးဖမ်းမိ

ဇွန် ၂၉-၂၀၂၂
VOM (GG)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ကားနဲ့ တရားမဝင် တင်ဆောင်လာသော နိုင်ငံသားအထောက်အထားမဲ့သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

မနေ့ ဇွန် ၂၈ ရက်နေ့က တောင်ကုတ်ဘက်ကနေ ပြည်ကို မောင်းလာတဲ့ကားပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တဦးကို ၁၂ သိန်းနဲ့တင်လာတာဖြစ်တယ်လို့ သိရပါတယ်။

” ပြည် နဝဒေးတံတား ရဲကင်းစခန်း၊ နဝဒေးတံတား အနောက်ဘက် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာပါ။သူတို့ကို ပြည်မှာပဲ နောက်တယောက်ကလာစောင့်နေတယ်၊သူကမှတဆင့် ပြည်ဘူတာကြီးကနေ ရန်ကုန်ကိုပို့မယ်လို့ သိရတယ်။ပြည်မှာစောင့်နေတဲ့သူကိုလည်းဖမ်းမိထားပါတယ်။ ယာဥ်မောင်းက ၂ ယောက်၊ တင်လာတာက၅ယောက်ပါ မိန်းကလေးတယောက်ပါပါတယ်၊ ပြည်မှာစောင့်နေတာက၁ယောက် ပါ။ “လို့ ရဲစခန်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

တရားမဝင် တင်ဆောင်လာတဲ့ ၅ ဦးအနက် သုံးဦးမှာ ဘဂင်္လားဒေ့ရှ်၊ကော့ရှ်ဘာဇာမြို့နယ်ရှိ ဇာဟာဆူရာကျေးရွာနဲ့ဟာဇောင်းကျေးရွာတို့ကဖြစ်ပြီး ကျန် ၂ ဦးက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊သက္ကာကုန်းကျေးရွာ နဲ့စစ်တွေမြို့နယ် ဓားပိုင်ကျေးရွာ ကဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ယာဥ်မောင်း မင်းမင်းဦး (ခ)ဟာဘီဘိုလာ၊ ချစ်ဇော်နိုင် (ခ)ကမား၊ တရားမဝင်ခေါ်လာတဲ့ ဇော်မင်းဦး တို့ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုရေးဖွင့်ပြီး အရေးယူနိုင်ဖို့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပန်းတောင်း #နိုင်ငံသားအထောက်ထားမဲ့သူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW