အာဏာရှင်မားကို့စ်ရဲ့သားဖြစ်သူ မားကို့စ်ဂျူနီယာ ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

မနီလာ၊ ဇွန်-၃၀-၂၀၂၂
မျိူးဆက်(VOM)

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ မနီလာမြို့မှာ ဇွန် ၃၀ က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဒူတာတေးရဲ့ နေရာကို ဆက်ခံလိုက်ပါတယ်။

သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုဟာ ၁၉၈၆ ခုနှစ်မှာ လူထုအုံကြွမှုဖြစ်ပွားပြီး ဖြုတ်ချခံခဲ့ရတဲ့ မားကို့စ်မိသားစုရဲ့ နိုင်ငံရေးမျိုးဆက်အဖြစ် နိုင်ငံရေးလောကသို့ တကျော့ပြန်ခြေချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မစ္စတာမားကို့စ်ဂျူနီယာဟာ လွန်ခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရာထူးကနေ နှုတ်ထွက်သွားတဲ့ သမ္မတဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးဟာလည်း ဒုတိယသမ္မတဖြစ်လာပါတယ်။

သမ္မတသစ်အနေနဲ့ နှစ်ရှည်လများ ကပ်ရောဂါဘေးကနေ ပြန်လည်နာလန်ထူဖို့နဲ့ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီတွေမြင့်တက်လာမှုတို့ကြောင့် စီးပွားရေးကျဆင်းနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို ဦးဆောင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်အကိုင်တွေတိုးမြှင့်ဖန်တီးဖို့နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် သူ့ရဲ့ကတိက၀တ်တွေနဲ့ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးမှု အနည်းငယ်သာရှိကြောင်း လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW