ပုသိမ်၊ ဇွန် ၂၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းက လယ်သမားအများစုဟာ စက်သုံးဆီဈေးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ တဟုန်တိုးမြင့်တက်နေလို့ ဒီနှစ်မိုးရာသီထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းက လယ်သမားတွေဟာ ထွန်စက်တွေကို အသုံးပြုနေကြပြီး လက်ရှိမှာတော့ ဒီဇယ်ဆီဈေးနှုန်းတွေ အရင်ကထက် လေးဆခန့်မြင့်နေခြင်းနဲ့ စက်သုံးဆီဝယ်တဲ့အခါ လိုသလောက်မရဖြစ်နေလို့ စပါးစိုက်ပျိုးရာမှာ ပိုပြီးအခက်ကြုံနေရတယ်လို့ဒေသခံတောင်သူတွေဆီကသိရပါတယ်။ “မကြာခင်မိုးစပါးတွေက စတင်စိုက်တော့မယ် ၊ စက်သုံးဆီတွေက မတရားထိုးတက်လာတာ။ အရင်ငါးလထက်တောင် ပိုပြီး ဈေးတက်သွားပြီ။ ပြီးတော့လယ်ထွန်စက်တွေအတွက်သုံးနေတဲ့ ဒီဇယ်ကလည်းအရင်လို သိပ်ဝယ်မရတော့ဘူး။ တခါတလေ လုံးဝဝယ်မရတာတောင်ရှိလာတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုအချိန်အထိစပါးစိုက်ဖို့ ဘာမှမလုပ်ရသေးဘူး။”လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားတဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ဒီကနေ့ဇွန်လ ၂၀ ရက်မှာတော့ စက်သုံးဆီပေါက်ဈေးနှုန်းမှာ အောက်တိန်း(92) တလီတာကို ၂၇၀၀ ကျပ်၊အောက်တိန်း(95) တလီတာကို ၂၅၅၅ ကျပ်၊ဒီဇယ်(ရိုးရိုး)တလီတာကို ၂၉၀၀ ကျပ်၊ပရီမီယံဒီဇယ်(ပရီမီယံ)တလီတာကို ၂၈၅၅ ကျပ် ဈေးရှိနေပြီး…
Read MoreMonth: June 2022
မြန်မာနိုင်ငံကို ပြန်ခွင့်ရရေး ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာတွေ ဆန္ဒပြနေကြ
ဒါကာ၊ ဇွန်-၂၀-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှအရှေ့တောင်ပိုင်း ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းက ရိုဟင်ဂျာထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံကို ဘေးကင်းစွာပြန်နိုင်ရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက စီစဉ်ပေးဖို့ ဇွန် ၁၉ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ Ukhiya နဲ့ Teknaf ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ ဇွန် ၁၉ ရက်မနက်ပိုင်းမှာ စုဝေးပြီး တပြိုက်နက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုမှာ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ကမ္ဘာကသိရှိဖို့တွက် ဒီလိုဆန္ဒပြတောင်းဆိုရတာဖြစ်ကြောင်း၊ နေရပ်ကို ဘေးကင်းလုံခြုံစွာ မပြန်မီမှာ နိုင်ငံသားဖြစ်ခွင့်လိုအပ်တယ်လို့ ပွဲစီစဉ်သူ Ansar Ali က ပြောပါတယ်။ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ချက်ချင်းလုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရိုဟင်ဂျာတွေက တောင်းဆိုခဲ့ပြီး “ အိမ်ပြန်ကြစို” “ ညှဉ်းပန်းနှိပ်စက်ခံရသော ရိုဟင်ဂျာ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ တောင်းဆိုချက်…
Read Moreကိုလံဘီယာမှာ လက်ဝဲ၀ါဒီ သူပုန်ဟောင်းတဦး သမ္မတအဖြစ် ရွေးချယ်ခံရ
ဘိုဂိုတာ၊ ဇွန်-၂၀-၂၀၂၂ မျိုးဆက်(VOM) လက်ဝဲ၀ါဒီဖြစ်တဲ့ ဘိုဂိုတာမြို့တော်၀န်ဟောင်းနဲ့ သူပုန်ဟောင်းတစ်ဦးဖြစ်သူ ဂတ်စတာဗိုပက်ထရိုဟာ ကိုလံဘီယာသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း တာ၀န်ရှိသူတွေက ကြေညာပါတယ်။ လက်ရှိမှာ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာပက်ထရိုဟာ ဇွန် ၁၉ ရက်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ယာယိမ်းဖြစ်သူ ဆောက်လုပ်ရေးသူဌေးကြီး ရိုဒိုဖိုဟာနန်ဒက်ဇ်ကို အနိုင်ယူခဲ့ပါတယ်။ မစ္စတာပက်ထရိုဟာ ကိုလံဘီယာရဲ့ ပထမဆုံးလက်ဝဲခေါင်းဆောင်ဖြစ်လာဖို့ ပြိုင်ဘက်ဖြစ်သူကို မဲအရေအတွက် ခုနှစ်သိန်းကျော် ၅၀ ဒသမ ၅ ရာခိုင်နှုန်းအသာနဲ့ အနိုင်ယူခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရခြင်းဟာ ဘုရားသခင်နဲ့ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ သူကပြောပါတယ်။သူ့ရဲ့ ရွေးကောက်ပွဲ မိတ်ဖက်ဖြစ်သူ ဖရန်စီယာမားကတ်ဇ်ဟာလည်း ပထမဆုံးသော လူမည်းအမျိုးသမီး ဒုတိယသမ္မတဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားလာနိုင်ကြောင်း စိုးရိမ်မှုတွေကြောင့် ရဲနဲ့ စစ်သား သုံးသိန်းနှစ်သောင်းကို ရွေးကောက်ပွဲကာလအတွင်း ဖြန့်ကြက်ခဲ့ရပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဘိုဂိုတာ
Read Moreရေတာရှည်မြို့နယ်မှာ တရက်တည်းရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အသတ်ခံရ
ဇွန် ၂၀-၂၀၂၂ GG(VOM) ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်မှာ တရက်တည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရသူတွေတော့ ရေတာရှည်မြို့ ၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်ဆိုသူ နဲ့ ရေနီမြို့၊ ရဲကုန်း ကျေးရွာအုပ်စု၊ ဝါးရုံလဲကျေးရွာ ရာအိမ်မှူးအေးမင်းဆန်း ဆိုသူတို့ဖြစ်ပြီး နှစ်ယောက်လုံးဟာ မနေ့ ဇွန် ၁၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” အုပ်ကြီးက အရင်ကလည်း သူ့အိမ်ဗုံးခွဲခံရတယ်။သူ့ကို မုန်းတဲ့သူအတော်လေးများတယ်။ အခုအပစ်ခံရတာလည်း သူ့ကွမ်းယာဆိုင်မှာပဲ။နေရာမှာ ပွဲချင်းပြီးပဲ”လို့ ဒေသခံတဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာရပ်ကွက်နဲ့ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့ ဒီနေ့အထိ အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၃…
Read Moreရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ၂ လောင်းတွေ့
ဇွန် ၊ ၂၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ ရွာမိသာကျေးရွာနားက မူးမြောင်းထဲမှာ မနေ့ ဇွန် ၁၉ ရက် ညနေပိုင်းက သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ ရွာမိသာ နဲ့ နှောကုန်း မူးမြောင်းထဲကဖြစ်တယ် အမျိုးသား အလောင်း ၂ လောင်းပါ ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့က ” လက်တလော သေမှုသေခင်းဖွင့် စစ်နေပါတယ် ၊ ပေါ်ပေါက်ချက်အရ အကြမ်ဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ပြောင်းလဲအရေးယူမှာပါ ” လို့…
Read Moreကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ကြားက ရွာပေါင်း ၁ ဒါဇင်ကျော်က လူတွေ ထွက်ပြေးနေရ
ဇွန် ၊ ၂၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ရဲ့ မြောက်ပိုင်း ကျွန်းလှမြို့နယ်နဲ့ကြားက ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူ ၃ ထောင်ကျော်ဟာ ပစ်ခတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ပစ်ခတ်တာတွေကြောင့် ရွာထဲကို လက်နက်ကြီး ကျည်တွေကျတယ် ၊ ပစ်တာက ၂ ဖက် ပစ်တာဖြစ်လို့ ၊ ဘယ်အဖွဲ့က ပစ််တဲ့ လက်နက်ကြီး ကျည်မှန်း မသိရဘူး “လို့ မန်ကျည်းကုန်းရွာခံတစ်ယောက်က ပြောပါတယ်။ အဲ့ဒီလို ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာခံတချို့ ထိမှန်ဒဏ်ရာရတဲ့အတွက် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင် နေရတာဖြစ်တယ်လို့ သိရပါတယ်။ ” ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော…
Read Moreဖားကန့် မှော်စီစာမှာ ကြိုးတုပ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့
ဇွန် ၊ ၂၀ ၊ ၂၀၂၂ SP(VÒM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်စီစာရွာ ဆိုင်းဘုတ်နားမှာ ဒီကနေ့ ဇွန်လ ၂၀ မနက်ပိုင်း ၄ နာရီဝန်းကျင်က ကြိုးတုပ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းကို ဒေသခံတွေက တွေ့ခဲ့ရတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေ ကူညီရကြောင်း သိရပါတယ်။ ” မှော်စီစာ ဆိုင်းဘုတ်နားမှာ စွန့်ပစ်ထားတာပါ ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးဘူး ၊ အလောင်းကောက်ပြီး ဖားကန့်ဆေးရုံပို့ဖို့ စီစဥ်နေတယ် ” လို့ နယ်ခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ရုံးကတော့ ” မှော်စီစာမှာ ၃ လောင်းပြိုင် စွန့်ပစ်ထားတာတွေ့ရတယ်လို့ ကနဦးကြားရတာရှိတယ် ၊ အလောင်းရောက်လာပြီးဆိုရင် အမှုဖွင့်မှာပါ…
Read Moreအိမ်မဲမြို့နယ်မှာ မှတ်ပုံတင်မပြနိုင်သူတွေ ဝင်ခွင့်မရတာကြောင့် မှတ်ပုံတင်မရှိသူတွေ အခက်တွေ့
အိမ်မဲ ၊ ဇွန်လ ၁၉-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊အိမ်မဲမြို့နယ်ကို ၀င်လာမယ့် ဘယ်သူမဆို မြို့အဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံပြီး(မှတ်ပုံတင်)မရှိရင် မြို့အတွင်းကို ဝင်ခွင့်မပေးတော့လို့ အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ အိမ်မဲမြို့နယ်မှာ ဒေသလုံခြုံရေးနဲ့တရားဥပဒေစိုး မိုးရေးအတွက်ဆိုပြီး နိုင်ငံသားစီစစ်ရေးကဒ်(မှတ်ပုံတင်)မရှိသူ ဘယ်သူမဆို အခုလ ၁၅ ရက်နောက်ပိုင်းကနေ စတင်ပြီး မြို့ထဲကိုပေးမဝင်တော့တာကြောင့် မှတ်ပုံတင်မရှိတဲ့ဒေသခံအချို့နဲ့ ရပ်ဝေးကနေလာတဲ့သူတွေ၊အရေးပေါ်ကိစ္စနဲ့သွားလာလုပ်ရသူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မှတ်ပုံတင်မရှိလို့ မြို့ထဲဝင်ဖို့အခက်အခဲကြုံနေရတဲ့သူတဦးက”မှတ်ပုံတင်မရှိတဲ့ ဘယ်သူမဆို အဝင်မခံတော့ဘူး၊ မှတ်ပုံတင်က အရင်ကတည်းက မရှိတာ၊ သွားလုပ်ရင် ငါးသောင်းလောက်ပေးရလို့ မလုပ်ဖြစ်တာနဲ့ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အခုမှပြန်လာတာ၊ အခု အဝင်မခံလို့ ရန်ကုန်ပြန်ရတော့မယ့်အခြေအနေဖြစ်နေတယ်။တစ်ခါမှ ဒါမျိုးမကြုံဖူးပါဘူး၊ မိသားစုကလည်း အိမ်မဲမှာရှိနေတာ၊ အိမ်ထောင်စုစာရင်းစာရွက်ရှိတယ်လို့ပြောတာတောင်မရဘူး။”လို့ ပြောပါတယ်။ လုံခြုံရေးတာ၀န်ရှိသူတဦးကလည်း”လုံခြုံရေးအရဆောင်ရွက်နေရတာဖြစ်လို့ ပြည်သူတွေအတွက်ဆောင်ရွက်နေရတာဖြစ်လို့ နားလည်ပူးပေါင်းပေးစေလိုတယ်။မှတ်ပုံတင် ရှိ၊မရှိကလည်း မိမိနဲ့သာ ဆိုင်ပါတယ်”လို့ ပြောပါတယ်။ ”မှတ်ပုံတင်တစ်ခါသွားလုပ်ရင် ရဖို့ကလည်း တော်တော် ခက်ခဲသလို ကြန့်ကြာတာတွေလည်းရှိတယ်။ပိုက်ဆံမပေးရင်လည်း…
Read Moreကလိန်အောင်မြို့မှာ ၄လောင်းပြိုင်လူသတ်မှုဖြစ်ပွား
ဇွန် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အင်းပြားရွာမှာ လာရောက်တိမ်းရှောင်နေတဲ့ မိသားစုဝင် ၄ ဦးဟာ မနေ့ ဇွန် ၁၈ ရက် ညပိုင်းက နေအိမ်မှာရှိနေချိန် ပစ်သတ်ခံလိုက်ရတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူ ၄ ဦးကတော့ အသက်၅၂နှစ်အရွယ် ဒေါ်တင်သိန်း၊ အသက်၆၂နှစ်အရွယ် ဦးလှသိန်း ၊အသက်၂၆နှစ်အရွယ် ကိုမင်းဝေဦး နဲ့ အသက်၁၅နှစ်အရွယ် ကိုဟိန်းထက်အောင် တို့ဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ၄ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ” မနေ့က ည ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊သေဆုံးသူတွေက လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာမှာနေထိုင်သူတွေဖြစ်ကြပြီး အင်းပြားရွာကို…
Read Moreပေါင်းတည်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး လယ်တောထဲမှာသေဆုံးနေ
ဇွန် ၁၉-၂၀၂၂ VOM(GG) ပဲခူးတိုင်း အနောက်ခြမ်း ၊ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး လယ်တောထဲမှာသေဆုံးနေတယ်လို့ သိရပါတယ်။ မနေ့ ဇွန် ၁၈ ရက် ညနေ ၅ နာရီကျော်လောက်မှာ သပြေကုန်းကျေးရွာနဲ့ ကျီးကြီးကုန်းကျေးရွာကြားမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူက အုပ်ချုပ်ရေးမှူး ဦးမြဟန်ဆိုသူဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က အသတ်ခံရတာ။အလောင်းက လယ်ကွင်းထဲမှာတွေ့တာ။သူကဆိုင်ကယ်နဲ့သွားတာ အပစ်ခံရတော့ လယ်ထဲထွက်ပြေးတာမှာ သေတာဖြစ်ဖို့များတယ်။ ဆိုင်ကယ်ကတနေရာ လူကလယ်ထဲ ” လို့ဒေသခံတဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူးဦးမြဟန်ဟာ အရင်အစိုးရလက်ထက်ကတည်းက အုပ်ချူပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ ဦးမြဟန် သတ်ဖြတ်ခံရမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်(၃၆၀၁)၊ PPDF တပ်ခွဲ(၃)၊တပ်စု(၇ ) ကလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ပေါင်းတည်၊ ဆင်လူးရွာအုပ်စု၊လုံးလကျေးရွာက ရာအိမ်မှူး ဖိုးပြားဆိုသူလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။…
Read More