ကလိန်အောင်မြို့မှာ ၄လောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အင်းပြားရွာမှာ လာရောက်တိမ်းရှောင်နေတဲ့ မိသားစုဝင် ၄ ဦးဟာ မနေ့ ဇွန် ၁၈ ရက် ညပိုင်းက နေအိမ်မှာရှိနေချိန် ပစ်သတ်ခံလိုက်ရတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူ ၄ ဦးကတော့ အသက်၅၂နှစ်အရွယ် ဒေါ်တင်သိန်း၊ အသက်၆၂နှစ်အရွယ် ဦးလှသိန်း ၊အသက်၂၆နှစ်အရွယ် ကိုမင်းဝေဦး နဲ့ အသက်၁၅နှစ်အရွယ် ကိုဟိန်းထက်အောင် တို့ဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ၄ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ” မနေ့က ည ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊သေဆုံးသူတွေက လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာမှာနေထိုင်သူတွေဖြစ်ကြပြီး အင်းပြားရွာကို ပြောင်းရွှေ့လာတာ ၃ လဝန်းကျင်ပဲရှိသေးတာ ၊ အမှုဖွင့် အရေးယူထားတယ် “လို့ ပြောပါတယ်။

လောင်းလုံမြို့နယ်မှာ မကြာခဏ ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်ပွားပြီး လူသေဆုံးမှုတွေများလာသလို အခု ၄ လောင်းပြိုင်သေဆုံးသူတွေဟာလည်း ကလိန်အောင်မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်းနေရင်း အသတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

#voicemyanmar #VOM #ကလိန်အောင် #၄လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW