ပေါင်းတည်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး လယ်တောထဲမှာသေဆုံးနေ

ဇွန် ၁၉-၂၀၂၂
VOM(GG)

ပဲခူးတိုင်း အနောက်ခြမ်း ၊ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး လယ်တောထဲမှာသေဆုံးနေတယ်လို့ သိရပါတယ်။

မနေ့ ဇွန် ၁၈ ရက် ညနေ ၅ နာရီကျော်လောက်မှာ သပြေကုန်းကျေးရွာနဲ့ ကျီးကြီးကုန်းကျေးရွာကြားမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူက အုပ်ချုပ်ရေးမှူး ဦးမြဟန်ဆိုသူဖြစ်တယ်လို့သိရပါတယ်။

” မနေ့က အသတ်ခံရတာ။အလောင်းက လယ်ကွင်းထဲမှာတွေ့တာ။သူကဆိုင်ကယ်နဲ့သွားတာ အပစ်ခံရတော့ လယ်ထဲထွက်ပြေးတာမှာ သေတာဖြစ်ဖို့များတယ်။ ဆိုင်ကယ်ကတနေရာ လူကလယ်ထဲ ” လို့ဒေသခံတဦးကပြောပါတယ်။

အုပ်ချုပ်ရေးမှူးဦးမြဟန်ဟာ အရင်အစိုးရလက်ထက်ကတည်းက အုပ်ချူပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးမြဟန် သတ်ဖြတ်ခံရမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်(၃၆၀၁)၊ PPDF တပ်ခွဲ(၃)၊တပ်စု(၇ ) ကလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ပေါင်းတည်၊ ဆင်လူးရွာအုပ်စု၊လုံးလကျေးရွာက ရာအိမ်မှူး ဖိုးပြားဆိုသူလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

#voicemyanmar #VOM #ပေါင်းတည် #ရပ်ကျေးအုပ်ချုပ်ရေးမှူး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW