ဇွန် ၊၁၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ခက်ခကျေးရွာဘက်က ယာခင်းတောထဲမှာ မနေ့ ဇွန် ၁၈ ရက် ၊ မနက်ပိုင်းက တောင်သူလုပ်ကိုင်နေတဲ့ လူ ၃ ယောက် အသတ်ခံရတယ်လို့ နယ်ခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ဖြစ်တဲ့နေရာက ခက်ခရွာရဲ့ အရှေ့မြောက်ဘက်က ယာခင်းတောထဲမှာပါ ၊ ဖြစ်တာက မနက် ၁၁ နာရီ ဝန်းကျင်မှာဖြစ်တယ် ၊ အသတ်ခံရတဲ့ တောင်သူ ၃ ဦးက ခက်ခရွာသားတွေဖြစ်တဲ့ ဦးမောင်ချမ်း ၊ ဦးခင်မောင်သန်း နဲ့ ဦးညိုမန်းတို့ဖြစ်တယ် “လို့ နာရေးကူညီပေးခဲ့သူ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးတာဝန်ရှိသူတဦးက ” အသတ်ခံရတဲ့ လူ ၃ ဦးက…
Read MoreMonth: June 2022
ကြံခင်းမှာ အိမ်စီးကားနဲ့ ကုန်ကားတိုက်မိပြီး တယောက်သေ၊ ၃ ယောက်ဒဏ်ရာပြင်းထန်ရရှိ
ဇွန် ၁၉-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဥ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဥ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။ အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို…
Read Moreကြံခင်းမှာ အိမ်စီးကားနဲ့ ကုန်ကားတိုက်မိပြီး တယောက်သေ၊ ၃ ယောက်ဒဏ်ရာပြင်းထန်ရရှိ
ဇွန် ၁၉-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဥ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဥ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။ အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို…
Read Moreယူကရိန်းစစ်ပွဲ ကာလရှည်ကြာနိုင်တာကြောင့် ကြိုတင်ပြင်ထားဖို့ နေတိုးအကြီးအကဲ သတိပေး
ဘရပ်ဆယ်၊ ဇွန် ၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲဟာ ကာလရှည်ကြာနိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်းအကဲကသတိပေးလိုက်ပါတယ်။ ယူကရိန်းဟာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ကြောင်း အီးယူကထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားရဲ့ထိုးစစ်တွေအချိန်မြင့်လာချိန်မှာ နေတိုးအဖွဲ့အကြီးအကဲကအခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ ယူကရိန်းကိုခေတ်မီလက်နက်တွေထောက်ပံ့ပေးခြင်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှားရဲ့သိမ်းပိုက်မှုကနေ လွတ်မြောက်ဖို့အတွက်အခွင့်အလမ်းပိုများစေတယ်လို့နေတိုးအကြီးအကဲကပြောပါတယ်။ ယူကရိန်းစစ်ပွဲဟာနှစ်ချီ ပြီးကြာမြင့်နိုင်တဲ့အတွက် ဒီအတွက်ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီးယူကရိန်းအတွက်ထောက်ပံ့မှုတွေကိုလက်လွတ်မခံသင့်ဘူးလို့သူကပြောပါတယ်။ နှစ်ကာလရှည် ကြာမယ့်ယူကရိန်းစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ယူကရိန်းကို မနေ့က သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ အလားတူသတိပေးပြောဆိုပါတယ်။ ဒါကဘာကိုဆိုလိုလဲဆိုရင်ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားထက်ပိုပြီး ယူကရိန်းအတွက် လက်နက်ခဲယမ်းမီးကျောက်တွေလေ့ကျင့်တွေပိုမိုလိုအပ်တယ်ဆိုတဲ့ သဘောဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ Ref:Reuters Photo:Reuters #voiceofmyanmar #VOM #ဘရပ်ဆယ်
Read Moreမုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရပြီး ဒုရဲအုပ် ၁ ဦးလည်း ဒဏ်ရာရ
ဇွန် ၊ ၁၉-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက္ကာလမ်း ရွှေအိမ်နန်း တည်းခိုခန်းအနီး ၊ ပြည်သစ်ကွမ်းယာဆိုင်နားမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ကားထဲမှာ ပစ်သတ်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” သေဆုံးသူက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အရပ်သားဒေသခံကိုယ်စားလှယ် ဦးသန်းဇော်ထွန်း အသက် ၄၂ နှစ်ဖြစ်တယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတဦးက ” ဦးသန်းဇော်ထွန်းက ကွမ်းယာဆိုင်ရှေ့မှာ ကားထဲ အပစ်ခံရတာပါ ၊ ဦးခေါင်းပိုင်း ၁ ချက်နဲ့ လည်ပင်း ၁ ချက် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့တယ် “လို့ ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင်…
Read Moreမုံရွာမြို့နယ် သာစည်ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး
ဇွန် ၊၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကိုးပင်ကျေးရွာနဲ့ တဲကြီးကုန်းကျေးရွာအကြား သာစည်ကားလမ်းမှာ မနေ့ ဇွန် ၁၈ ရက် မနက်ပိုင်းက လမ်းဘေးထောင်မိုင်း ၁ လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူ ၂ ယောက်က အရာတော်မြို့နယ် ကြာပင်လှရွာက ဦးအောင်စိုးထွန်းနဲ့ ဦးဇော်မင်းနိုင်တို့ ဖြစ်တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ သာစည်ရဲကင်းစခန်း တာဝန်ရှိသူတဦးက ” မိုင်းစထိမှန် သေဆုံးသူတွေနဲ့ပတ်သက်ပြီး နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်ထားပါတယ် “လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ နေရာဝန်းကျင်မှာ အလားတူ ပေါက်ကွဲမှုဖြစ်ပြီး သာစည်ကျေးရွာ ၊ အောင်ချမ်းသာကျောင်းတိုက်…
Read Moreခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ လောင်စာဆီစျေးတက်လို့ မီတာခတွေ ရုတ်တရက်မြင့်တက်
ဇွန် ၊ ၁၉-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ လျှပ်စစ်မီတာ ယူနစ် စျေးနူန်းတွေ ရုတ်တရက် မြင့်တက်လာနေတယ်လို့ လျှပ်စစ်ဓာတတ်အား သုံးစွဲသူတွေဆီက သိရပါတယ်။ ” ခန္တီးမြို့မှာက မီတာ ၁ ယူနစ်ကို အရင်က ၈၁၅ ကျပ်ဖြစ်တယ် ၊ အခု စျေးတက်သွားတော့ ၁၀၉၀ ကျပ် ပေးရတယ် ၊ ဟုမ္မလင်းမြို့မှာက မီတာ ၁ ယူနစ်ကို အရင်စျေးက ၁၁၂၀ ၊ အခုစျေးက ၁၂၅၀ ဖြစ်တယ် “လို့ လျှပ်စစ်မီတာ သုံးစွဲသူတယောက်က ပြောပါတယ်။ လျှပ်စစ်မီတာခတွေ စျေးနူန်းမြင့်တက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန္တီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး တာဝန်ရှိသူတဦးက ” ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေး လုပ်ငန်းတွေဟာ ဒီဇယ်ဆီသုံး…
Read Moreပင်းတယမြို့ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ USDP ဒုတိယဥက္ကဋ္ဌ သေနတ်နဲ့ပစ်သတ်ခံရ
ဇွန် ၁၈-၂၀၂၂ VOM (GG) ရှမ်းပြည်နယ် ၊ပင်းတယမြို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ USDP ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်း ဒီနေ့ဇွန်လ ၁၈ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဦးကျော်ငြိမ်းကို ဆင်ခေါင်းရပ်ကွက်မှာရှိတဲ့ သူရဲ့ကိုယ်ပိုင်ကျောင်းမှာရှိနေချိန် အသတ်ခံလိုက်ရတာဖြစ်ပြီး၊ သေနတ်ပစ်ဒဏ်ရာကြောင့် နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၁၀ နာရီ လောက်မှာ အပစ်ခံရတာ။သူ့ကျောင်းမှာပဲ။သူကပြည်သူ့စစ် ဖွဲ့ဖို့ဆိုပြီး စာရင်းကောက်နေတယ်လို့ကြားတယ်။ ခေါင်းကိုမှန်တာလို့သိရတယ် ၊ ” လို့ ဒေသခံတဦးကပြောပါတယ်။ ဦးကျော်ငြိမ်း အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်ခဲ့တဲ့အပြင် ပိတ်ဆို့ရှာဖွေမှုတွေကိုပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဦးကျော်ငြိမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပင်းတယမြို့နယ် အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အမတ်လောင်းတဦးလည်း ဖြစ်ပါတယ်။ အရင်ကလည်း ပင်းတယမြို့မှာ စစ်တပ်ကိုသတင်းပေးလို့ဆိုပြီး အသတ်ခံရသူ ၆…
Read Moreဘင်္ဂလားဒေ့ရ်ှမှာ ရေကြီးရေလျှံမှုကြောင့် ၂၅ ဦးသေဆုံး၊ လူလေးသန်းကျော် ရေဘေးသင့်နေ
ဒါကာ၊ ဇွန်-၁၈-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၅ ဦထက်မနည်းသေဆုံးပြီး လူ လေးသန်းကျော် ရေဘေးသင့်နေတယ်လို့ တာ၀န်ရှိသူတွေက ဇွန် ၁၈ ရက်မှာပြောပါတယ်။ ရေကြီးရေလျှံမှုတွေဟာ မြေနိမ့်ဒေသမှာနေတဲ့ ဘင်္ဂလားဒေ့ရ်ှရှိ သန်းနဲ့ချီတဲ့ပြည်သူတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံဖြစ်တဲ့ အကြိမ်ရေ၊ ပြင်းထန်မှုတွေဟာ မှန်းဆမရအောင် တိုးလာနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း နေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး ရေဘေးသင့်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ တပ်ဖွဲ့၀င်တွေကို ဖြန့်ကြက်ချထားနေပါတယ်။ ရေကြီးရေလျှံဖြစ်လာတာကြောင့် မြစ်ကမ်းပါးတွေရုတ်တရက်ပြိုကျပြီး နာရီပိုင်းအတွင်းမှာပဲ အနီးနားက ကျေးရွာတွေရေနစ်မြုပ်ခဲ့ပြီး စာသင်ကျောင်းတွေကို ကယ်ဆယ်ရေးစခန်းတွေအဖြစ် ပြောင်းလဲပြီး ဒုက္ခသည်တွေကို နေရာချထားနေရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှရဲ့ တတိယအကြီးဆုံး Sylhet နိုင်ငံတကာလေဆိပ်ကို သောကြာနေ့မှာ ပိတ်လိုက်ရပါတယ်။ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ လာမယ့်နှစ်ရက်အတွင်း ရေကြီးရေလျှံမှုဟာ ပိုမိုဆိုးရွားလာမယ်လို့…
Read Moreချောင်းဦး – ရေစကြို – ပခုက္ကူ ကားလမ်းပေါ်က တိုးလ်ဂိတ်တခု ဖျက်စီးခံရ
ဇွန် ၊ ၁၈-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရွာတော်လေး ကျေးရွာအနီး ချောင်းဦး – ရေစကြို – ပခုက္ကူ ဆင်ဖြူရှင်ကားလမ်းပေါ်မှာရှိတဲ့ တိုးလ်ဂိတ် ၁ ခုဟာ မနေ့ ဇွန် ၁၇ ရက် ညနေပိုင်းက ဖျက်စီးခံလိုက်ရတယ်လို့ ရွာတော်လေးဒေသခံတွေဆီက သိရပါတယ်။ ” ပစ်ခတ်ဖောက်ခွဲတာတွေလုပ်ပြီး မီးရှိ့ဖျက်စီးခံလိုက်ရတာ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။ တိုးလ်ဂိတ် ဖျက်စီးခံရတာနဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ်တာဝန်ရှိသူတဦးက ” အကြမ်းဖက်ဖျက်စီးခံရတာဖြစ်တယ် ၊ ဖော်ထုတ်အရေးယူသွားမှာပါ “လို့ ပြောပါတယ် ။ စစ်ကိုင်းတိုင်းထဲမှာ BOT စနစ်နဲ့ လမ်းတံတားတွေ ပြုပြင်ထိန်းသိမ်းတာ ၊ အသုံးပြုခ ကောက်ခံတာတွေ လုပ်ကိုင်ပေးတဲ့ တိုးလ်ဂိတ်တွေထဲက ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းက…
Read More