ဇွန် ၁၉-၂၀၂၂
VOM (GG)
ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဥ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။
” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဥ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။
အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။
” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေကို ဟင်္သာတပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
#voicemyanmar #VOM #ကြံခင်း #ယာဥ်တိုက်မှု #လူသေဆုံး