ကြံခင်းမှာ အိမ်စီးကားနဲ့ ကုန်ကားတိုက်မိပြီး တယောက်သေ၊ ၃ ယောက်ဒဏ်ရာပြင်းထန်ရရှိ

ဇွန် ၁၉-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဥ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာ​ပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဥ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။ အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို…

Read More

ယူကရိန်းစစ်ပွဲ ကာလရှည်ကြာနိုင်တာကြောင့် ကြိုတင်ပြင်ထားဖို့ နေတိုးအကြီးအကဲ သတိပေး

ဘရပ်ဆယ်၊ ဇွန် ၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲဟာ ကာလရှည်ကြာနိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်းအကဲကသတိပေးလိုက်ပါတယ်။ ယူကရိန်းဟာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ကြောင်း အီးယူကထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားရဲ့ထိုးစစ်တွေအချိန်မြင့်လာချိန်မှာ နေတိုးအဖွဲ့အကြီးအကဲကအခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ ယူကရိန်းကိုခေတ်မီလက်နက်တွေထောက်ပံ့ပေးခြင်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှားရဲ့သိမ်းပိုက်မှုကနေ လွတ်မြောက်ဖို့အတွက်အခွင့်အလမ်းပိုများစေတယ်လို့နေတိုးအကြီးအကဲကပြောပါတယ်။ ယူကရိန်းစစ်ပွဲဟာနှစ်ချီ ပြီးကြာမြင့်နိုင်တဲ့အတွက် ဒီအတွက်ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီးယူကရိန်းအတွက်ထောက်ပံ့မှုတွေကိုလက်လွတ်မခံသင့်ဘူးလို့သူကပြောပါတယ်။ နှစ်ကာလရှည် ကြာမယ့်ယူကရိန်းစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ယူကရိန်းကို မနေ့က သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ အလားတူသတိပေးပြောဆိုပါတယ်။ ဒါကဘာကိုဆိုလိုလဲဆိုရင်ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားထက်ပိုပြီး ယူကရိန်းအတွက် လက်နက်ခဲယမ်းမီးကျောက်တွေလေ့ကျင့်တွေပိုမိုလိုအပ်တယ်ဆိုတဲ့ သဘောဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ Ref:Reuters Photo:Reuters #voiceofmyanmar #VOM #ဘရပ်ဆယ်

Read More

မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရပြီး ဒုရဲအုပ် ၁ ဦးလည်း ဒဏ်ရာရ

ဇွန် ၊ ၁၉-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက္ကာလမ်း ရွှေအိမ်နန်း တည်းခိုခန်းအနီး ၊ ပြည်သစ်ကွမ်းယာဆိုင်နားမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ကားထဲမှာ ပစ်သတ်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” သေဆုံးသူက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အရပ်သားဒေသခံကိုယ်စားလှယ် ဦးသန်းဇော်ထွန်း အသက် ၄၂ နှစ်ဖြစ်တယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတဦးက ” ဦးသန်းဇော်ထွန်းက ကွမ်းယာဆိုင်ရှေ့မှာ ကားထဲ အပစ်ခံရတာပါ ၊ ဦးခေါင်းပိုင်း ၁ ချက်နဲ့ လည်ပင်း ၁ ချက် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့တယ် “လို့ ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင်…

Read More

မုံရွာမြို့နယ် သာစည်ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး

ဇွန် ၊၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကိုးပင်ကျေးရွာနဲ့ တဲကြီးကုန်းကျေးရွာအကြား သာစည်ကားလမ်းမှာ မနေ့ ဇွန် ၁၈ ရက် မနက်ပိုင်းက လမ်းဘေးထောင်မိုင်း ၁ လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူ ၂ ယောက်က အရာတော်မြို့နယ် ကြာပင်လှရွာက ဦးအောင်စိုးထွန်းနဲ့ ဦးဇော်မင်းနိုင်တို့ ဖြစ်တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ သာစည်ရဲကင်းစခန်း တာဝန်ရှိသူတဦးက ” မိုင်းစထိမှန် သေဆုံးသူတွေနဲ့ပတ်သက်ပြီး နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်ထားပါတယ် “လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ နေရာဝန်းကျင်မှာ အလားတူ ပေါက်ကွဲမှုဖြစ်ပြီး သာစည်ကျေးရွာ ၊ အောင်ချမ်းသာကျောင်းတိုက်…

Read More

ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ လောင်စာဆီစျေးတက်လို့ မီတာခတွေ ရုတ်တရက်မြင့်တက်

ဇွန် ၊ ၁၉-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ လျှပ်စစ်မီတာ ယူနစ် စျေးနူန်းတွေ ရုတ်တရက် မြင့်တက်လာနေတယ်လို့ လျှပ်စစ်ဓာတတ်အား သုံးစွဲသူတွေဆီက သိရပါတယ်။ ” ခန္တီးမြို့မှာက မီတာ ၁ ယူနစ်ကို အရင်က ၈၁၅ ကျပ်ဖြစ်တယ် ၊ အခု စျေးတက်သွားတော့ ၁၀၉၀ ကျပ် ပေးရတယ် ၊ ဟုမ္မလင်းမြို့မှာက မီတာ ၁ ယူနစ်ကို အရင်စျေးက ၁၁၂၀ ၊ အခုစျေးက ၁၂၅၀ ဖြစ်တယ် “လို့ လျှပ်စစ်မီတာ သုံးစွဲသူတယောက်က ပြောပါတယ်။ လျှပ်စစ်မီတာခတွေ စျေးနူန်းမြင့်တက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန္တီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး တာဝန်ရှိသူတဦးက ” ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေး လုပ်ငန်းတွေဟာ ဒီဇယ်ဆီသုံး…

Read More
VOM News

FREE
VIEW