မုံရွာမြို့နယ် သာစည်ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး

ဇွန် ၊၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကိုးပင်ကျေးရွာနဲ့ တဲကြီးကုန်းကျေးရွာအကြား သာစည်ကားလမ်းမှာ မနေ့ ဇွန် ၁၈ ရက် မနက်ပိုင်းက လမ်းဘေးထောင်မိုင်း ၁ လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူ ၂ ယောက်က အရာတော်မြို့နယ် ကြာပင်လှရွာက ဦးအောင်စိုးထွန်းနဲ့ ဦးဇော်မင်းနိုင်တို့ ဖြစ်တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

သာစည်ရဲကင်းစခန်း တာဝန်ရှိသူတဦးက ” မိုင်းစထိမှန် သေဆုံးသူတွေနဲ့ပတ်သက်ပြီး နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်ထားပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ နေရာဝန်းကျင်မှာ အလားတူ ပေါက်ကွဲမှုဖြစ်ပြီး သာစည်ကျေးရွာ ၊ အောင်ချမ်းသာကျောင်းတိုက် ဆရာတော်ရဲ့ကား မိုင်းစထိမှန်ပြီး ဆရာတော် ဒဏ်ရာရခဲ့ပါသေးတယ်။

#voicemyanmar #VOM #မုံရွာ #သာစည်လမ်း #မိုင်းကွဲ #လူ၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW