စစ်ကိုင်းမြို့နယ်မှာ မိသားစုလိုက် အသတ်ခံရလို့ ၄ ဦးသေဆုံးပြီး ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ဇွန် ၊ ၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ပန်းချီကျေးရွာမှာ မနေ့ ဇွန် ၅ ရက် မနက်ပိုင်းမှာ မိသားစုလိုက် အသတ်ခံရတဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် လူ ၄ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မိသားစုလိုက် အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးဝင်းရှိန်၊ ဇနီးဖြစ်သူ ဒေါ်မြဦး ၊ သား/သမီးများဖြစ်ကြတဲ့ မောင်ကောင်းထက်ရှိန် ၊ မောင်ပိုင်ထက်ရှိန် တို့ ၄ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ” လို့…

Read More

ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်မှု တပတ်အတွင်း သုံးဆမြင့်တက်လာ

ဂျီနီဗာ၊ ဇွန်-၆-၂၀၂၂ မျိုးဆက်(VOM) မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အာဖရိကဒေသပြင်ပနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၇၈၀ ထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုခဲ့တဲ့ လူနာ ၂၅၇ ဦးထက် သုံးဆထိ မြင့်တက်လာတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ရောဂါလက္ခဏာဖြစ်ပွားမှုဟာ မပြင်းထန်ပေမယ့်လည်း ဗဟိုနဲ့ အနောက်အာဖရိကပြင်ပနိုင်ငံတွေမှာ ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတာလည်း ဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် ကူးစက်မှုမရှိသေးပေမယ့်လည်း မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်မှု အများစုဟာ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေမှာဖြစ်ပြီး မက္ကဆီကို၊ အာဂျင်တီးနား၊ မော်ရိုကိုနဲ့ ယူအေအီးနိုင်ငံတို့မှာလည်း ကူးစက်မှုအနည်းငယ်ရှိနေပါတယ်။ ဗြိတိန်မှာ ကူးစက်ခံရသူ ၂၀၇ ဦး၊ စပိန်မှာ ၁၅၆ ဦးနဲ့ပေါ်တူဂီမှာ ၁၃၈ ဦးထိရှိနေပြီး အခြားနိုင်ငံတွမှာလည်း ကူးစက်မှုတွေရှိလာနိုင်ကြောင်း…

Read More

ရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေရှိနေ

ဇွန် ၆-၂၀၂၂ SW(VOM) ၁။ ရခိုင်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ အခက်အခဲတွေရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကနေ ကုန်တွေကို တင်ပို့တာဖြစ်ပြီး အဲဒီလို ကုန်တွေတင်ပို့တဲ့အခါ လမ်းခရီးအခက်အခဲနဲ့ တခြားအခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က “မောင်တောမှာက လမ်းတွေအရမ်းဆိုးတယ်။ ကျနော်တို့ကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကို ကောင်းအောင် လုပ်ပေးစေချင်တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်။ ကညင်ချောင်းစီးပွားရေးဇုန်က အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးလုပ်နေကြတဲ့ ဟာဖြစ်ပါတယ်။ အစိုးရကလုပ်ပေးရဖို့ဆိုရင် အပြင်ကလမ်းဖြစ်နိုင်တယ်။ စီးပွားရေးဇုန်ထဲကလမ်းကိုတော့ စီမံကိန်းအကောင်အထည်ဖော်တဲ့လူတွေက လုပ်ရမယ့်ဟာဖြစ်ပါတယ် ”လို့ ပြောပါတယ်။ ကုန်သည်တွေအနေနဲ့ အဲဒီမောင်တောနယ်စပ်ကုန်သွယ်ရေး ကညင်ချောင်းစီးပွားရေးဇုန်ကုန်သွယ်ရေးစခန်းက လမ်းတွေကို ကောင်းမွန်စေလိုတယ်လို့ ပြောပါတယ်။ “အဲဒီလမ်းကို…

Read More

ယာယီပြန်ပိတ်ထားတဲ့ ကော့သောင်း – ရနောင်းဂိတ် ဒီနေ့မှာပြန်ဖွင့်

ဇွန် ၆-၂၀၂၂ VOM ( GG) ဇွန်လ ၄ ရက်နေ့က ယာယီပြန်ပိတ်ထားတဲ့ ထိုင်း – မြန်မာ နယ်စပ်၊ ကော့သောင်း -ရနောင်းဂိတ်ကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ တရားဝင် ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ရနောင်းဘက်မှာနေထိုင်ခွင့်နဲ့ပတ်သက်လို့ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က Border Pass(နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်)မှာ အထွက်တုံးသာထုပေးတာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဘက် (လဝက)က လက်ခံသလောက်နေထိုင်ခွင့်ရှိတဲ့ပုံစံ တွေ့ရတယ်လို့ ကော့သောင်းဒေသခံတဦးကပြောပြပါတယ်။ နောက်ပြီး Temporary Border pass(ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်)တွေကိုလည်း မြန်မာဘက်ကနေ ၅ ညအိပ် ၆ရက် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ ” ဒီနေ့ပြန်စဖွင့်နေပြီ၊ ကိုဗစ်ဆိုင်ရာစည်းကမ်းချက်တွေက ဝန်ကြီးဌာနထုတ်ထားတဲ့အတိုင်း လုပ်မယ်လို့ပြောတယ်။အသေးစိတ်ကတော့ မသိရသေးဘူး။ ဟိုဘက်ရနောင်းဘက်ကို နေထိုင်ခွင့်ကြတော့လည်း ဒီဘက် လဝက က အထွက်တုံးပဲထုပေးတယ်။ကျန်တာဟိုဘက်ရောက်မှ ဆက်ပြီးလုပ်ရမယ့်သဘောလို့ကြားရတယ်။တရားဝင်ပြန်စဖွင့်တာဆိုတော့…

Read More

မုံရွာမြို့မှာ ၂ ရက်ဆက်တိုက် အိမ်ခြံမြေပွဲစားတွေ အသတ်ခံနေရ

ဇွန် ၊ ၆၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ၂ ရက်ဆက်တိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေတဲ့ ပွဲစားတွေ အသတ်ခံနေရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဇွန် ၄ ရက် ၊ မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ မုံရွာမြို့ ၊ နန္ဒဝန် နယ်မြေ ၈ မှာနေထိုင်တဲ့ အိမ်ခြံမြေ ပွဲစား ကိုအောင်ဆန်းလင်း ခေါ် ကိုလင်း အသတ်ခံရတယ် ၊ ဇွန် ၅ ရက် မနက်ပိုင်း ၁၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ပြည်တော်သာရပ်ကွက် (အက်တော) မှာနေထိုင်တဲ့ အိမ်ခြံမြေ ပွဲစား ကိုနန္ဒကျော်သူ ခေါ် လင်းလင်း ထပ်မံ အသတ်ခံရပြန်တယ် ”…

Read More

ကလေးဘ၀ ဖတ်ခဲ့ရတဲ့ လူထုသတင်းစာ

ဆူးငှက် “မိုးရေတွေ အဖွေးသားနဲ့ ထွန်ရေးသွား မပြင်နိုင်။ တဲဝက ထိုင်။ မိုးသီးကဖြိုင်၊ တိမ်စိုင်က မှေး လယ်ကွင်း ဒလဟောနဲ့ ဆင်တန်ဆာ ယဉ်ပါဘိတယ် ပြည့်တွက်မို့လေး …” ကျွန်တော်က ကဗျာကို ဖတ်ရင်းပျော်ရွှင်လာသည်။ ခုနစ်တန်း ရှစ်တန်းအရွယ်မို့ ကဗျာပါ စာသားတွေ၏ အဓိပ္ပာယ်ကို ဂဃနဏ မသိ… ။ သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ … “ငှက်ကလေး သေးသွယ် လှိုင်းကို စီးတော့မယ်၊ ချစ်စဖွယ် မည်တဲ့တေး ဝန်းကျင် အနှံ့ကွေး ညနေအေး ဆည်းဆာရွှင် သာလှပေတယ် ထင် လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး ခင်မင်မိတယ်လေး …” … တဲ့။ ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက…

Read More

အကျဉ်းထောင်၊ရဲချုပ်စခန်း ၂၇ ခုမှာ ကျန်းမာရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက် အများဆုံးတွေ့ရှိတယ်လို့ လူ့အခွင့်ရေးကော်မရှင်ထုတ်ပြန်

ဇွန် ၅-၂၀၂၂ GG(VOM) အကျဉ်းထောင်၊ အကျဉ်းစခန်းနဲ့ ရဲအချုပ်စခန်းတွေကို စစ်ဆေးခဲ့ရာမှာ အကျဉ်းသားတွေအပေါ် ကျန်းမာရေးစောက်ရှောက်မှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်တွေ အများဆုံးတွေ့ရှိရတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်(MNHRC)ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။ MNHRCအနေနဲ့ တိုင်းနဲ့ပြည်နယ်အချို့က အကျဉ်းထောင် ၈ခု၊ အချုပ်ထောင်၂ခု၊အကျဉ်းစခန်း၇ခု၊ရဲအချုပ်စခန်း ၁၀ ခုကို သွားရောက်ပြီး ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံမှုနဲ့ပတ်သက်လို့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ ညီ၊မညီကို ၂၀၂၂ ခုနှစ်ကနေ မေလအထိ အချိန်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးမှုအရ ကျန်းမာရေးဆိုင်ရာ အချက် ၄၉ ချက်၊ အုပ်ချုပ်မှုဆိုင်ရာ ၄၃ ချက်၊အဆောက်အဦးဆိုင်ရာ ၂၃ ချက်၊ ပညာရေးဆိုင်ရာ ၁ ချက်၊ သန့်ရှင်းရေးဆိုင်ရာ ၅ ချက်၊ သောက်သုံးရေဆိုင်ရာ ၂ ချက်၊ အစားအသောက်ဆိုင်ရာ ၁ ချက် နဲ့ စုစုပေါင်း ၁၂၄ ချက် ရှိတယ်လို့ သိရပါတယ်။…

Read More

ပေါက်ခေါင်းမြို့က ကျေးရွာတခုမှာ ညီဖြစ်သူ အသတ်ခံရလို့ အကိုဖြစ်သူက လူ၃ယောက်ကို ပြန်သတ်

ဇွန် ၅-၂၀၂၂ GG(VOM) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ၄လောင်းပြိုင် လူသတ်မှု မနေ့ဇွန်လ ၄ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပေါက်ခေါင်းမြို့နာရေးကူညီမှုအသင်းဆီက သိရပါတယ်။ သေဆုံးသူတွေဟာ ညောင်ကုန်းရွာဒေသခံတွေဖြစ်ပြီး ဖဲဝိုင်းမှာ စကားများရန်ဖြစ်ပြီးနောက် နေအိမ်မှာ ဓားနဲ့ခုတ်ပြီးအသတ်ခံရတာဖြစ်ကြောင်းနဲ့ သေဆုံးသူ၄ ဦးမှာ လည်ပင်းဓားခုတ်ဒဏ်ရာတွေ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကည ၁၀ နာရီလောက်ကဖြစ်တာ၊ သူတို့ပြောပုံအရဆိုရင် ဖဲဝိုင်းမှာစကားများတာလို့ ပြောတယ်။စကားများပြီးတော့ တရားခံရဲ့ညီကို သားအဖ၂ယောက်ထဲက သားကနေ သတ်လိုက်တယ်၊အဲ့ဒီမှာ အကိုဖြစ်သူက သူ့ညီသေလို့ဆိုပြီး အဲ့ဒီသားအဖနှစ်ယောက်ကို ထပ်ပြီးလာခုတ်တယ် သေသွားတယ်၊ခုတ်ပြီးတော့ နောက်ထပ်ကျန်တဲ့ဦးလေးကိုပါ ရွာပြင်ထိ လိုက်ခုတ်တော့ သေသွားတယ်၊သေတာက သားအဖနှစ်ယောက်နဲ့ဦးလေး၊ တရားခံ ညီရောဆို၄ယောက်ပေါ့။ “လို့ ပေါက်ခေါင်းနာကူအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ လက်ရှိမှာ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ ဖမ်းဆီးရမိရေးကို ပေါက်ခေါင်းရဲစခန်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေထဲက သားဖြစ်သူ၊အဖေနဲ့ဦးလေးဆိုသူကိုတော့ ပေါက်ခေါင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး ဒီနေ့နေ့လယ်မှာပဲ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။…

Read More

ကော့သောင်း – ရနောင်းဂိတ် ဖွင့်ပြီး ၃ရက်အကြာမှာ ပြန်ပိတ်

ဇွန် ၅-၂၀၂၂ GG(VOM) ထိုင်း – မြန်မာ နယ်စပ်၊ ကော့သောင်း – ရနောင်းဂိတ်ကို မနေ့ ဇွန်လ၄ရက်နေ့ကစပြီး ပြန်ပိတ်လိုက်တယ်လို့သိရပါတယ်။ ကော့သောင်းကနေ ရနောင်းဘက်ကို Border pass နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာဖြစ်ပြီး ဘာကြောင့်ပိတ်သလဲဆိုတာတော့ ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ” ဖွင့်ပြီး ၃ ရက်ပဲကြာတယ်၊မနေ့ကပြန်ပိတ်တာပေါ့။ထိုင်းဘက်ကပိတ်တယ်လို့တော့ကြားတယ်။ ဘာကြောင့်ပြန်ပိတ်တာလဲတော့မသိဘူး။ ရနောင်းဘက်ကိုသွားဖို့နယ်စပ်ဖြတ်ကျော်စာအုပ်တွေ လုပ်နေကြသူတွေတော့အများကြီးရှိတယ်။ သွားလာခွင့်ရရင် ဆောင်ရွက်ပေးမယ်လို့ စာချိတ်ထားတယ် “လို့ ကော့သောင်းဒေသခံတဦးကပြောပါတယ်။ ရနောင်းနယ်စပ်ဂိတ်မှာတော့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေဖြစ်တဲ့ BP ၊ TBP နဲ့သွားလာခွင့်ရရှိရေးကို တင်ပြထားဆဲဖြစ်ကြောင်း၊ခွင့်ပြုချက်ရရှိတာနဲ့သွားလာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ စာရေးသားထုတ်ပြန်ထားတယ်လို့ သိ ပါတယ်။ ကော့သောင်း – ရနောင်းနယ်စပ်ဂိတ်ကို ၂နှစ်ကြော်ကြာပိတ်ထားရာကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကမှ ယာယီ Visa နဲ့ ၂ ညအိပ် ၃…

Read More

ကောလင်းမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထင်ပေါ်ကြော်ကြားသူ တချို့ ဖမ်းဆီးခံရ

ဇွန် ၊ ၅- ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ထင်ပေါ်ကြော်ကြားသူတချို့ မနေ့ ဇွန် ၄ ရက်က ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ကောလင်းမြို့ခံတွေဆီက သိရပါတယ်။ ” စားသောက်ဆိုင်လုပ်ငန်းရှင် ၊ စတိုးဆိုင်လုပ်ငန်းရှင်နဲ့ ကောလင်းမြို့ပေါ်မှာ ထင်ပေါ်ကြော်ကြားသူတွေ အဖမ်းခံရတာ “လို့ ကောလင်းမြို့ခံတယောက်က ပြောပါတယ်။ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတယောက်က” မနေ့က ဖမ်းဆီးရေးမှာ လူ ၅ ဦး ဖမ်းဆီးစစ်ဆေးနေတာရှိတယ် ၊ ကောလင်းမြို့ ၊ ဈေးရုံ ဗိုလ်တဲရပ်ကွက်က ဟိန်းစတား စတိုးဆိုင်လုပ်ငန်းရှင် ဦးအောင်သူရ ၊ သုဝဏ္ဏရပ် ၊ မြို့မကုန်းရပ်ကွက်က ကောင်းကောင်း စားသောက်ဆိုင်လုပ်ငန်းရှင် ဦးအောင်ကျော်ဦး ခေါ် ဦးကျော်ဦးနဲ့ ကျော်ဇေယျ ၁ ရပ်ကွက် ၊ ဝါးရုံတိုးရပ်က ဒေါ်ကြည်ကြည်ခိုင်…

Read More
VOM News

FREE
VIEW