ကိယက်ဗ်၊ ဇွန်-၃-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဟာ လက်ရှိချိန်ထိ ယူကရိန်နိုင်ငံရဲ့နယ်မြေ ငါးပုံတပုံကို ထိန်းချုပ်ထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုတွေကို စောင့်ဆိုင်းနေချိန်မှာ ရုရှားဟာ နိုင်ငံအရှေ့ပိုင်းနယ်မြေတွေကို ထိန်းချုပ်ဖို့ ထိုးစစ်တွေဆင်နေပြီး စစ်ပွဲဟာ ရက် ၁၀၀ အတွင်း ၀င်ရောက်လာပြီဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်း၊ စတုရန်းကီလိုမီတာ ၁၂၅၀၀၀ နီးပါးကို ရုရှားတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ဒီပမာဏဟာ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ လူဇင်ဘတ်နိုင်ငံတို့ပေါင်းစပ်ထားတဲ့ ဧရိယာထက် ပိုမိုကျယ်ပြောပါတယ်။ ယူကရိန်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့၀င် သုံးသောင်းကျော်သေဆုံးခဲ့ပြီး ယူကရိန်းပြည်သူ သောင်းချီပြီး အသတ်ခံခဲ့ရတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ တန်ပြန်ထိုးစစ်အရှိန်မြှင့်ဖို့ လုပ်ဆောင်နေပြီး အခြေအနေတွေကို ထိန်းထားနိုင်ဖို့ နိုင်ငံခြားကနေ အကူအညီတွေ ပိုမိုလိုအပ်တယ်လို့…
Read MoreMonth: June 2022
ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ်
ဇွန် ၃-၂၀၂၂ KT(VOM) ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ဟုတ်တယ် ဖြိုးဇေယျာသော် ခေါ် မောင်ကျော်၊ ဂျင်မီရယ် နောက်တခုက လှမျိုးအောင် ခေါ် ဝက်ကြီးရယ် သူရဇော် ခေါ် သူရရယ် ၄ယောက်ကို သေဒဏ်အတည်ပြုလိုက်ပြီ၊ ကြိုးပေးသတ်တာတို့ ဘာတို့ကတော့ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်မှာပေါ့၊ ပြစ်မှုနဲ့ထိုက်တဲ့ဟာကို လုပ်မှာလို့ပြောပြီးသား သေဒဏ်ပေးဖို့အတည်ပြုလိုက်ပြီ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM ကိုပြောပါတယ်။ ကိုဖြိုးဇေယျာ်သော်(ခ) မောင်ကျော် ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) အကြမ်းဖက်အုပ်စုတစ်ခုခုကို ထောက်ပံ့ရန်အတွက် လက်နက်ပစ္စည်းတွေ သိမ်းဆည်းထားမှု၊ နေရာ ၄ ခုကနေ လက်နက်မျိုးစုံ ၂၀၀ ကျော်၊ ကျည်မျိုးစုံ ၆၀၀၀ နီးပါး၊ မိုင်းနဲ့…
Read Moreအိုပက်နဲ့ မဟာမိတ်နိုင်ငံတွေ ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ သဘောတူပြီ
ရီယတ်၊ ဇွန်-၃-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားမြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများ(အိုပက်)နဲ့ အခြားမဟာမိတ်နိုင်ငံတွေဟာ ဇူလိုင်လမှာ တစ်ရက်ကို ရေနံစည်ပေါင်း ၆၄၈၀၀၀ တိုးမြှင့်ထုတ်လုပ်ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိုပက်အဖွဲ့နဲ့ ရုရှားအပါအ၀င်အခြားမဟာမိတ်နိုင်ငံတွေရဲ့၀န်ကြီးအဆင့်ဆွေးနွေးပွဲကို ဇွန် ၂ ရက်မှာ အွန်လိုင်းမှပြုလုပ်ပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရေနံ၀ယ်လိုအားမြင့်တက်လာတာကို ပြည့်မီဖို့အတွက် ထုတ်လုပ်မှုကို တိုးမြှင့်သွားမယ်လို့ အဲဒီနိုင်ငံတွေက ထုတ်ဖော်ပြောကြားထားပြီး တိုးမြှင့်ထုတ်လုပ်မယ့် ပမာဏဟာ ယခင်စီစဉ်ထားတာထက် စည်ပေါင်းနှစ်သိန်း ပိုမိုများပြားနေပါတယ်။ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ရေနံစိမ်းစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ရေနံတင်သွင်းတဲ့နိုင်ငံတွေက ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကို ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာစျေးကွက်မှာ စွမ်းအင်အကျပ်အတည်းဖြစ်ပွားနေတာကို တုံ့ပြန်ဖို့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ထုတ်လုပ်တဲ့ နိုင်ငံတွေကို ဂျီ-၇ အဖွဲ့ စွမ်းအင်၀န်ကြီးတွေက လွန်ခဲ့တဲ့လမှာ တိုက်တွန်းထားပြီး အိုပက်အဖွဲ့ဟာ အဲဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိကအခန်းကဏ္ဍမှ ပါ၀င်တယ်လို့…
Read More၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ပြန်ဖွင့်
ဇွန် ၃-၂၀၂၂ KK(VOM) ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားတဲ့ ကော့သောင်း – ရနောင်းနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဇွန် ၁ရက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ကော့သော င်းမြို့ခံတွေဆီက သိရပါတယ်။ မြန်မာနိူင်ငံ ကော့သောင်းမြို့ကနေ ထိုင်းနိူင်ငံတောင်ပိုင်း ရနောင်းမြို့ကိုBorder Pass(နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်)နဲ့ ဇွန်လ ၁ ရက်က ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ပြန်ဖွင့်ပေးတာတော့ ဟုတ်တယ်၊ ပိတ်ထားတာကြာတော့ ကုန်စည်စီးဆင်မှုမရှိဘူး၊ အခုတော့ စျေးရောင်းစျေးဝယ်တွေနဲ့ ပြန်စည်ကားလာတယ်”လို့ ပြောပါတယ်။ အဲ့ဒီနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးပြီး ယာယီ Visa နဲ့ ဇွန်လ၁ ရက်နေ့က စတင်လည်ပတ်ခွင့်ပြုခဲ့သလို ၂ ညအိပ် ၃ရက် ခွင့်ပြုပေးတယ်လို့ အလုပ်ရှာနေသူ မြို့ခံတဦးက ပြောပါတယ်။ “အခုကျနော်တို့ဆို အောင်သုခရပ်ကွက်မှာ တည်းတယ်၊ အဲ့ဒီကနေ အလည်အပတ်ဗီဇာနဲ့ ရနောင်းမှာ အလုပ်ရှာမှာပါ၊ သုံးရက်အတွင်း…
Read Moreချင်းတွင်းမြစ်ဘေးက ရွာပေါင်း ၁ ဒါဇင်ကျော် မီးရှို့ခံရပြီး ဒေသခံတွေ တိမ်းရှောင်နေရ
ဇွန် ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းဘေးက ရွာပေါင်း ၁ ဒါဇင်ကျော်ဟာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံရွာသားတွေဟာ မနေ့က ညပိုင်းအချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ကနီနယ်ခံတွေဆီက သိရပါတယ်။ ” ရွာထဲကို လက်နက်ကြီးကျည်တွေ ပေါက်ကွဲတယ် ၊ ဘယ်က ထုမှန်း မသိဘူး ၊ ရွာက လူတွေအကုန် ထွက်ပြေး တိမ်းရှောင်နေရတယ် ၊ မီးရှို့ခံရတာကြောင့် ရွာက အိမ်ခြေ ၂ ရာကျော် မီးလောင်တယ် ၊ နောက်ပြီး ရွာက ရေယာဥ် ၅ စီးပါ မီးရှို့ခံရတာ “လို့ ကင်းကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီရွာဘက်တွေမှာ မနေ့က အချိန်ထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်နေတဲ့အတွက် ကလေးတွေ ကျောင်းအပ်နှံဖို့…
Read Moreရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား၃ ဦးကို ၁လအကြာဖမ်းထားပြီးနောက် အကြမ်းဖက်ပုဒ်မအပြင် ပုဒ်မအသီးသီးနဲ့တရားစွဲ
ဇွန် ၃-၂၀၂၂ GG(VOM) တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးကို အကြမ်းဖျက်တိုက်ဖျက်ရေးဥပဒေပုဒ်မအပြင် ပုဒ်မအသီးသီးနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျောင်းသား ၃ ယောက်လုံးကို ခရိုင်တရားရုံးမှာ ယမန်ယူပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ)တွေနဲ့ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး သာကေတရဲစခန်းမှာလည်း ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ဥပဒေပုဒ်မ ၆(၁၊ ၀၇-၃၄ ၊ ၃၃၂-၃၃ တို့နဲ့စွဲဆိုထားတာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။ ” သူတို့ကို ဒေါပုံရဲစခန်းမှာလည်း ပုဒ်မ ၂ ခု နဲ့ တရားစွဲဆိုထားတယ်လို့သိရပေမယ့် ဘယ်ပုဒ်မနဲ့စွဲလဲဆိုတာတော့ မသိရသေးဘူး။ အခုကတော့ အင်းစိန်ထောင်မှာပဲ ချုပ်ထားတယ်။ “လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။ ဖမ်းဆီးခံထားရပြီး တရားစွဲခံထားရတဲ့ကျောင်းသားတွေကတော့ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) ၊ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာအဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်)ကျောင်းသားတွေဖြစ်ပြီး ပြီးခဲ့တဲ့…
Read Moreခင်ဦးမြို့နယ်မှာ မနေ့က ၁ ရက်ထဲ လူသတ်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီး သေဆုံးသူ လူ ၄ ဦးရှိ
ဇွန် ၊ ၃- ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်၊ သစ်ကျေး ကျေးရွာအုပ်စု ၊ သာဂရကျေးရွာမှာ မနေ့ ဇွန် ၂ ရက် ၊ မနက်ပိုင်းက မိသားစုလိုက် သတ်ခံရတဲ့ ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မြို့သစ်ရွာနဲ့ သာဂရရွာအကြားမှာ ပထမအကြိမ် ၂ လောင်းပြိုင်လူသတ်မှုဖြစ်တယ် ၊ မနက် ၉ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ ၊ သေဆုံးသူတွေက ဦးလှစိုးနိုင်နဲ့ သူ့ရဲ့သား မောင်အာကာစိုး တို့ဖြစ်တယ် ၊ အဲ့ဒီလူသတ်မှုဖြစ်တာနဲ့ နာရီဝက်လောက် အချိန်ခြားပြီး သာဂရရွာထဲက ဦးလှစိုးနိုင်ရဲ့မိန်းမ ဒေါ်တင်မာရွှေ သူရဲ့နေအိမ်မှာ အသတ်ခံရပြန်တယ် “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး…
Read Moreကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူတွေ RDT စစ်ဖို့မလိုဘဲ ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာနိုင်ပြီ
ဇွန် ၂-၂၀၂၂ GG(VOM) ပြည်တွင်းလေကြောင်းခရီးစဉ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမယ်ဆိုရင် RDT test စစ်ဖို့ မလိုဘဲ ခရီးသွားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသေးသူတွေကတော့ လေယာဉ်မတက်မှီ ၄၈ နာရီအတွင်း ရောဂါမရှိကြောင်း RDT Test စစ်ထားတာကို ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်တွင်းခရီးသွားအားလုံး ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးရင် RDT TEST စစ်ဖို့ မလိုတော့ဘူးလို့ပြောပါတယ်။ဒါပေမယ့် ကာကွယ်ဆေးအပြည့်မထိုးရသေးတဲ့သူတွေကတော့ ၄၈ နာရီအတွင်းစစ်ထားတဲ့ RDT TEST ပြရပါမယ်။မပြနိုင်ရင်သွားလို့မရပါဘူး။ ” လို့ လေယာဉ်လက်မှတ်အရောင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူတဦးကပြောပါတယ်။ အသက် ၁၂ နှစ်အောက်ကလေးတွေကို ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလက်မှတ် ပြသဖို့မလိုအပ်ကြောင်းနဲ့ အသက် ၆ နှစ်အောက် ကလေးတွေကိုလည်း RDTနဲ့ဓာတ်ခွဲစစ်ဆေးခြင်းကို ကင်းလွတ်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားပါတယ်။ ” အစထဲက အခုလိုပဲဖြစ်သင့်တာ၊ ကာကွယ်ဆေးလက်မှတ်ကြီးကိုင်ထားပြီး အသုံးမဝင်ဘူး၊ ခရီးသွားတိုင်းစစ်ရတာ အချိန်ကုန်အလုပ်ရှုပ်တယ်။…
Read Moreတာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန်ထောက်ပံ့ဖို့စီစဉ်၊ စစ်ပွဲကို မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားစွပ်စွဲ
မော်စကို၊ ဇွန်-၂-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို တာဝေးပစ်ဒုံးကျည်သစ်တွေ ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကြေညာလိုက်ပြီးနောက် ဒါဟာ စစ်ပွဲကြာရှည်အောင် အမေရိကန်က လုပ်ဆောင်နေတာဖြစ်တယ်လို့ ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ဒီလိုလက်နက်တွေ ယူကရိန်းကို ပေးပို့ပြီး စစ်ပွဲကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးလောင်ရာလေပင့် လုပ်နေတယ်လို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။ ဒီလိုထောက်ပံ့ပေးပို့မှုဟာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့ ယူကရိန်းခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ကိုက်ညီမှုမရှိဘူးလို့ သူကပြောပါတယ်။ ဒီအတောအတွင်း ဂျာမနီကလည်းယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ အမေရိကန်ကပေးပို့မယ့် လက်နက်တွေထဲမှာ HIMARS အမျိုးအစား ဒုံးကျည်စနစ်သစ် လေးခုလည်းပါ၀င်မယ်လို့ အမေရိကန် ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရုရှားတို့ထိန်းချုပ်ထားတဲ့ နိုင်ငံအရှေ့ပိုင်း Severodonetsk မြို့ရဲ့ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီမြို့ကိုထိန်းချုပ်နိုင်တာဟာ လူဟန့်စ်ဒေသတခုလုံးနီးပါးက ရုရှားတပ်တွေက သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အနေအထားလည်းဖြစ်ပါတယ်။…
Read Moreအသက် ၅ နှစ်အရွယ် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး
ဇွန် ၂-၂၀၂၂ GG(VOM) အသက် ၅ နှစ်အရွယ် အခြေခံပညာကျောင်းသားတွေကို ကျောင်းစဖွင့်တဲ့ ဒီနေ့ဇွန်လ ၂ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေက ကျောင်းတွေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက အခြေခံပညာစာသင်ကျောင်းတွေမှာ အသက်၅ နှစ်ကနေ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးတွေ စတင်ထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ ” ၅နှစ်ကစ ပြီးထိုးလို့ရနေပြီ ၊ ဒီနေ့ စထိုးတာ ၊နေပြည်တော်မှာစထိုးနေပြီ ၊ ၅နှစ် ကနေ ၁၂နှစ်အခြေခံပညာကျောင်းသားသူတွေပေါ့။ အပြင်ကတော့မပါသေးဘူး။ ကာကွယ်ဆေးက နှစ်ကြိမ်ဆေးပါ။ “လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ အခြေခံပညာစာသင်ကျောင်းသားတွေကို တရုတ်က လှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ” သရက်မှာ ထိုးနေပါပြီ၊ ၅ နှစ်တွေ ထိုးပေးနေတာပါ။…
Read More