မော်စကို၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ သူ့ရဲ့မဟာမိတ် ဘီလာရုစ်ကို နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာတိုပစ်ဒုံးကျည်စနစ်တွေ ပေးပို့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ရုရှားရဲ့ Iskander-M ဒုံးကျည်စနစ်ဟာ သမရိုးကျနဲ့ နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပြီး မိုင် ၃၁၀ အကွာအဝေးထိ ရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် ရုရှားဟာ ဘီလာရုစ်အတွက် SU-25 တိုက်လေယာဉ်တွေမှာ နျူကလီးယားလက်နက်တွေ တင်ဆောင်ပစ်ခတ်နိုင်ဖို့အတွက် ပြုပြင်မွမ်းမံပေးဖို့ကိုလည်း ကူညီပေးသွားမယ်လို့ သမ္မတပူတင်ကပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဆီဗီရိုဒွန်နက်စ်မြို့ကို သီတင်းပတ်များစွာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် မြို့ကို အပြည့်အ၀ထိန်းချုပ်လိုက်နိုင်ပြီလို့ ရုရှားကပြောပါတယ်။ ဒီမြို့ကို သိမ်းပိုက်လိုက်တာဟာ လူဟန့်ခ်ဒေသအားလုံးနီးပါးနဲ့ အိမ်နီးချင်း ဒွန်နက်စ်ဒေသကိုပါ ထိန်းချုပ်လိုက်နိုင်တဲ့ သဘောဖြစ်ပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar…
Read MoreMonth: June 2022
ခေတ်လက်ရာ မြန်မာမှုအနုလက်ရာပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လုပ်ပေးမယ်
ဇွန် ၂၆-၂၀၂၂ VOM (GG) ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်နဲ့ ရုပ်တုဆင်းတုတွေ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းတွေကို ပြည်တွင်း ပြည်ပကို သယ်ဆောင်လိုသူတွေအတွက်ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ဆောင်ရွက်ပေးနေတယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာနကနေ သိရပါတယ်။ လျှောက်ထားမယ်ဆိုရင် သယ်ယူပို့ဆောင်မယ့် ပစ္စည်းကို လျှောက်ထားသူနဲ့အတူ တပါတည်းယူဆောင်လာရမှာဖြစ်သလို ၊သယ်ယူပို့ဆောင်လိုတဲ့ ပစ္စည်းတွေရဲ့ အမျိုးအမည်၊ အမျိုးအစား၊အရေအတွက်၊ အတိုင်းအတာတွေ ပြည့်ပြည့်စုံစုံပါရှိတဲ့စာရင်း၊ ဝယ်ယူခဲ့တဲ့ ပြေစာ(သို့မဟုတ်) ပြုလုပ်တဲ့ ကုမ္ပဏီအဖွဲ့အစည်း၊ ဆိုင်၊ ပုဂ္ဂိုလ်ရဲ့ အသစ်ဖြစ်ကြောင်း အာမခံချက် အထောက်အထားတွေလိုအပ်တယ်လို့ သိရပါတယ်။ ရှေးဟောင်းဝတ္ထုပစ္စည်းတွေနဲ့ လဲလှယ်သယ်ဆောင်ခြင်း မပြုကြောင်း ဝန်ခံကတိပြုချက်လည်းလိုအပ်ပါတယ်။ “အချက် ၅ ချက်ထုတ်ထားတယ်။အဲ့ဒါတွေနဲ့အညီလုပ်ပေးမှာပါ။ကုမ္ပဏီဆိုရင် ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ သွင်းကုန်ထုတ်ကုန်လိုင်စင် မိတ္တူလိုပါတယ်။ဌာနဆိုင်ရာတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေဆိုရင် မူရင်းရုံးစာ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အကျိုး အကြောင်း ဖော်ပြစာလိုပါတယ်။ ပစ္စည်းကို အပြာရောင်နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ၄…
Read Moreဘုရားသုံးဆူကနေ ထိုင်းကိုပွဲစားနဲ့သွားတဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ
ကချနာဘူရီ၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ပွဲစားထိုင်းခြောက်ဦးကို ဆောင်ခလာဘူရီခရိုင်က နေအိမ်တလုံးမှာ ထိုင်းရဲတွေက ဇွန် ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ခုနှစ်ဦးတို့ပါ၀င်ပြီး နေအိမ်ထဲကနေ ဘတ်ငွေ ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ်တစီးနဲ့ ဖုန်း၅လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ထိုင်းပွဲစား ၆ဦးဟာ မြန်မာနိုင်ငံသား ၁၉ ဦးကို ဆောင်ခလာဘူရီနဲ့ထိစပ်နေတဲ့ ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံထဲကိုခေါ်ဆောင်လာတာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ သူတို့ဟာ မော်တော်ဆိုင်ကယ်တွေ၊ စက်လှေတွေနဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတာဖြစ်ပြီး တယောက်ကို ဘတ်ငွေ ၃၂၀၀၀ စီရယူခဲ့တယ်လို့ ထိုင်းပွဲစားတွေက ၀န်ခံထွက်ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းရေးမငြိမ်သက်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အန္တရာယ်များတဲ့ လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို…
Read Moreဖားကန့်မြို့နယ် သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု အဖွဲ့ ဒု ဥက္ကဋ္ဌ သေနတ်နဲ ပစ်သတ်ခံရ
ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးမြို့နေ သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု ကော်မတီ ရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးဖေသန်းဟာ မနေ့ ဇွန် ၂၅ ရက် ညပိုင်းက နေအိမ်မှာ ရှိနေတဲ့အချိန် လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ သျှမ်းနီ အမျိုးသား စာပေနဲ ယဥ်ကျေးမှုကော်မတီ ဆီက သိရပါတယ်။ ” မနေ့က ညပိုင်း ၈ နာရီဝန်းကျင်က နေအိမ်ရှေ့အောက်မှာ ရှိနေတဲ့အချိန် သေနတ်နဲ့ လာပစ်တာကို ခံရတာပါ ” လို့ သျှမ်းနီ ယဥ်ကျေးမှု အဖွဲ့ဝင် တယောက်က ပြောပါတယ်။ အသက် ၆၀ နှစ်အရွယ် ဦးဖေသန်းဟာ သေနတ်သမား လူငယ်…
Read Moreမြင်းခြံမြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ပြီး စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့
ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဂျုပ်ပင်ကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ မနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ် ၊ စွန့်ပစ်ထားတဲ့ အလောင်း ၃ လောင်း တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၃ လောင်း တွေ့ရတာပါ ၊ ဆေးရုံပို့ဆောင်ပေးဖို့ ကူညီပေးခဲ့တယ် ” လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ .” သေဆုံးသူတွေက ဂျုပ်ပင်ရွာက လူတွေမဟုတ်သလို ၊ ရွာနားဝန်းကျင် အခြားရွာက လူတွေလည်း မဟုတ်ဘူး ၊ သေနတ်သမားတွေက တနေရာက ဖမ်းခေါ်လာတဲ့သူတွေကို ဂျုပ်ပင်ရွာနားရောက်မှ သတ်ထားခံရတာ ဖြစ်နိုင်မယ်…
Read Moreစစ်ကိုင်းတိုင်းထဲမှာ ကျောင်းပညာရေး မသင်ကြားနိုင်တဲ့ ရွာပေါင်း ၅ထောင်နီးပါးရှိ
ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) အခုနှစ် ပညာသင်နှစ်မှာ လတ်တလော ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာအများစုက ကျောင်းသားတွေဟာ ကျောင်းပညာရေးကို သင်ယူနိုင်ဖို့ အတွက်အခက်တွေ့နေရတယ်လို့ ဒေသခံ ကျောင်းသား မိဘတွေဆီက သိရပါတယ်။ ” ရွာတွေမှာက ကျောင်းဖွင့်ဖို့ အခက်အခဲရှိတယ် ၊ တာဝန်ကျ ဆရာ ၊ ဆရာမတွေလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မလာရဲကြဘူး ၊ ကလေးတွေ ပညာသင်ယူဖို့ လုံးဝကို အဆင်မပြေ ဖြစ်နေရတာ ” လို့ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးရွာခံ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။ ” စစ်ကိုင်းတိုင်းထဲမှာ ၃၇ မြို့နယ် ၊ မြို့ပေါင်း ၅၀ ၊ ကျေးရွာအုပ်စုပေါင်း ၁၇၅၅ အုပ်စု ၊ ကျေးရွာပေါင်းက…
Read Moreရုရှားတပ်တွေဝိုင်းထားတဲ့ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေ ဆုတ်ခွာဖို့ တာ၀န်ရှိသူတွေ အမိန့်ထုတ်
ကိယက်ဗ်၊ ဇွန်-၂၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေကို မြို့ကနေဆုတ်ခွာဖို့ အမိန့်ပေးထားကြောင်း ဒေသတွင်း ယူကရိန်းထိပ်တန်းတာ၀န်ရှိသူတဦးကပြောပါတယ်။ယ လက်ရှိမှာတော့ အဲဒီမြို့ရဲ့အခြေခံအဆောက်အအုံအားလုံးပျက်စီးသွားပြီး နေအိမ် ၉၀ ရာခိုင်နှုန်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကာ ၈၀ ရာခိုင်နှုန်းဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။ ရုရှာတပ်တွေဟာ အဲဒီဒေသကိုအပြည့်အ၀ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဆီဗီရိုဒွန်နက်စ်မြို့ဟာ ရုရှားတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို သီတင်းပတ်များစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ လစ်ဆီချန့်ခ်မြို့မှလွဲပြီး လူဟန့်ခ်ဒေသအများစုဟာ ရုရှားရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြောသူတွေအများစုနေထိုင်ကြတဲ့ လူဟန့်ခ်ဒေသဟာ ရုရှားသမ္မတပူတင်အတွက်တော့ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ အဓိကဦးစားပေးလည်းဖြစ်ပါတယ်။ တချိန်တည်းမှာပင် ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာကို အီးယူအဖွဲ့၀င်လောင်းအဖြစ် လက်ခံဖို့ဆုံးဖြတ်လိုက်ပြီး ဒီဆုံးဖြတ်ချက်အတွက် အနှုတ်လက္ခဏာဆောင်တဲ့ အကျိူးဆက်တွေရှိလာမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်
Read Moreညောင်ပင်ကြီး ဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရ
ဇွန် ၊ ၂၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကို ပို့ဆောင်သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၁ ခုဟာ မနေ့ ဇွန် ၂၄ ရက် ညပိုင်းက မိုင်းခွဲဖျက်စီး ခံလိုက်ရတယ်လို့ ညောင်ပင်ကြီးရွာခံတွေဆီက သိရပါတယ်။ “မနေ့ကည ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကြီးကြားရတယ် ၊ အဲ့ဒီ ပေါက်ကွဲသံကြားရပြီးနောက် လျှပ်စစ်မီး ပျက်သွားတယ် ၊ ဒီမနက် ကြားရတာက ညောင်ပင်ကြီး ဓာတ်အားခွဲရုံကနေ ပေးတဲ့ လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရတာလို့ ဖြစ်တယ် ၊ ပစ်ခတ်သံတွေကြားရတယ် “လို့ ညောင်ပင်ကြီး ရွာရှည်ရွာက ဒေသခံတယောက်က ပြောပါတယ်။ လျှပ်စစ်တာဝါတိုင် မိုင်းခွဲဖျက်စီးခံရတာနဲ့ပတ်သက်ပြီး…
Read Moreထိုင်၀မ်မှာလည်း မျောက်ကျောက်ရောဂါကူးစက်မှု စတင်တွေ့ရှိ
တိုင်ပေ၊ ဇွန်-၂၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ထိုင်၀မ်ကျန်းမာရေး အာဏာပိုင်တွေက ဇွန် ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဇွန် ၁၆ ရက်မှာ ဂျာမနီနိုင်ငံမှပြန်လာတဲ့ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးဟာ အဖျားတက်ခြင်း၊ အဖုအပိန့်ထွက်ခြင်းအပါအ၀င် မျောက်ကျောက်ရောဂါလက္ခာတွေ ခံစားရတာကြောင့် ဆေးရုံမှာ စစ်ဆေးရာ ရောဂါကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း ထိုင်၀မ်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ မိသားစု၀င်နှစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်း ၁၀ ဦးအပါအ၀င် လူ ၁၉ ဦးဟာ သူနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီး အဲဒီလူတွေကို ဇူလိုင် ၁၃ ရက်ထိ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံရပ်ခြားမှ ပြန်လာသူတွေအနေနဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေ ခံစားရပါက ကျန်းမာရေးဌာနသို့ ဆောလျှင်စွာသွားရောက်စစ်ဆေးဖို့ ကျန်းမာရေးတာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါ…
Read Moreမြင်းမူမြို့နယ်မှာ တောင်သူ ၂ ဦး အသတ်ခံရ
ဇွန် ၊ ၂၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ အလ္လကပ္ပကျေးရွာနားက ယာခင်းတောမှာ ၊ မနေ့ ဇွန် ၂၄ ရက် ညနေပိုင်းက ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ယာခင်းတောထဲမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသတ်ခံရတာဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်း ၂ လောင်းကိုလည်း လူမှုကူညီရေးအဖွဲ့က မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလူသတ်မှုနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” သေဆုံးသူ ၂ ယောက်က အလ္လကပ္ပရွာက…
Read More