ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး အပူလှိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရ

တိုကျို၊ ဇူလိုင်-၁-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံးသော အပူလိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ၁၈၇၅ ခုနှစ်မှာ မှတ်တမ်းတွေ စတင်ပြီးနောက် အပူပြင်းဆုံးဖြစ်ပါတယ်။

ဒီလို ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်ကြောင်း တရား၀င်သတိပေးချက်တွေ ထုတ်ပြန်ထားပြီး တတ်နိုင်သမျှစွမ်းအင်ချွေတာကြဖို့ ပြည်သူတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဒါပေမယ့် အပူဒဏ်ကြောင့် ဆေးရုံတက်ရမှုတွေ မြင့်တက်နေချိန်မှာ အပူဒဏ်ကိုလွန်ကဲစွာမခံစားရစေဖို့ လေအေးပေးစက်တွေ အသုံးပြုဖို့ကိုတော့ အစိုးရက အကြံပြုထားဆဲဖြစ်ပါတယ်။

လာမယ့် ရက်တွေအတွင်းမှာ အပူလှိုင်းဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း မိုးလေ၀သတာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

ရာသီဥတုပြောင်းလဲမှုတွေကြောင့် အပူလှိုင်းတွေဟာ မကြာခဏဖြစ်ပေါ်နေပြီး ယခင်ထက်ပိုမိုပြင်းထန်လာသလို ပိုမိုကြာမြင့်လာပါတယ်။

စက်မှုခေတ်စတင်ကတည်းက ကမ္ဘာ့အပူချိန်ဟာ ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ခန့်ရှိနေခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှုကို ထိထိရောက်ရောက်လျှော့ချခြင်းမပြုပါက အပူချိန်ဆက်လက်မြင့်တက်နေဦးမှာဖြစ်ကြောင်း ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Taiwan Times
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW