နိုင်ငံမှာ အထွေထွေအကျပ်အတည်းကြောင့် လစ်ဗျားပါလီမန်ကို ဆန္ဒပြသူတွေ၀င်စီးပြီး မီးရှို့ဖျက်ဆီး

ထရီပိုလီ၊ ဇူလိုင်-၂-၂၀၂၂
မျိုးဆက်(VOM)

လစ်ဗျားနိုင်ငံအရှေ့ပိုင်း တိုဘရပ်ခ်မြို့ရှိ ပါလီမန်အဆောက်အအုံကို ဆန္ဒပြသူတွေက ဇူလိုင် ၁ ရက်မှာ ၀င်ရောက်စီးနှင်းပြီး အဆောက်အအုံရဲ့ အစိတ်ပိုင်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

နိုင်ငံတွင်းမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ နိုင်ငံရေး အကျပ်အတည်းဆက်လက်ဖြစ်ပွားနေတဲ့ အပေါ် လစ်ဗျားမြို့ကြီးတွေမှာ ဆန္ဒပြမှုတွေဖြစ်ပွားလျှက်ရှိပါတယ်။

မြို့တော်ထရီပိုလီတွင်အခြေစိုက်တဲ့ ပြုင်ဘက်အစိုးရဲ့ အုပ်ချုပ်ရေးဟာ ယိမ်းယိုင်နေတဲ့ အတွက် ရွေးကောက်ပွဲကျင်းပဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်ကို ကြားဖြတ်ညီညွတ်ရေးအစိုးရ အကြီးအကဲ အဗ္ဗဒူဟာစ်ဒီဘိုင်ဘာ့က ထောက်ခံပေးထားပြီး နိုင်ငံရဲ့ဖွဲ့စည်းပုံအားလုံးကို ပြောင်းလဲဖို့လိုအပ်ကြောင်း သူကပြောပါတယ်။

လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ နေတိုးကျောထောက်နောက်ခံပြုတဲ့ အုံကြွမှုအပြီးမှာ နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ကဒါဖီကိုဖြုတ်ချပြီးနောက် မတည်ငြိမ်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ထရီပိုလီ

Related posts

Leave a Comment

VOM News

FREE
VIEW