နယ်စပ်ကနေ တင်ပို့ရောင်းချမယ့် ဆန်နဲ့ပဲအပါအဝင် ကုန်ပစ္စည်းအားလုံး ဒေါ်လာနဲ့သာပေးချေရမယ်လို့ပြောင်းလဲသတ်မှတ်

ဇူလိုင် ၂-၂၀၂၂ VOM (GG) နယ်စပ်ကုန်သွယ်ရေးမှာ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံနဲ့ စတဲ့ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမှုတိုင်းကို အမေရိကန်ဒေါ်လာနဲ့သာ ပေးချေရမယ်လို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်မှု​လုပ်တဲ့အခါ ယွမ် ၊ဘတ် တိုက်ရိုက်အသုံးပြုခွင့် ပြုထားရာကနေ အခု ဇူလိုင်လကစပြီး ဒေါ်လာနဲ့သာ ပေးချေဖို့ ပြန်လည် သက်မှတ်လိုက်တာဖြစ်ပြီး အခုလိုသက်မှတ်ချက်ကို ပြီးခဲ့တဲ့ ဇွန်၃၀ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ” ယွမ်ငွေ ၊ ဘတ်ငွေလဲလှယ်မယ့်အစား သတ်မှတ်ကုန်စျေးနှုန်းကို ဒေါ်လာနဲ့သတ်မှတ်မယ်ဆိုပြီး တရားဝင်စာထွက်တယ်။ တရုတ်နိုင်ငံပို့မယ့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ ၊နှမ်း၊ ရာဘာ စတဲ့ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဒေါ်လာနဲ့စျေးနှုန်းသတ်မှတ်ပြီးတော့ တရုတ်ကိုတင်ပို့ရမှာဖြစ်ပါတယ်။ ” လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။ နယ်စပ်ကုန်သွယ်မှုကနေရတဲ့ ပို့ကုန်ရငွေကို ဗဟိုဘဏ် ကို ၁၈၅၀ ကျပ်နဲ့ပြန်သွင်းရမှာဖြစ်ကြောင်း မသွင်းရင်…

Read More

အင်းတော် – ဗန်းမောက်လမ်းမှာ ၅ ရက်ကြာပိတ်မိနေတဲ့ ကားတွေ သော့ဖြုတ်သိမ်းခံထားရလို့ မပြန်နိုင်သေး

ဇူလိုင် ၊ ၂ ၊၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့အကြားမှာ ကားတွေပိတ်မိနေတာဟာ ဒီကနေ့နဲ့ဆိုရင် ၅ ရက်ကြာသွားပြီဖြစ်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဗန်းမောက် – အင်းတော် လမ်းပိုင်း မြသီတာရွာနားမှာ ကားတွေပိတ်မိနေတာပါ ၊ ပြီးခဲ့တဲ့ ဇွန် ၂၈ ကစလို့ ပိတ်ထားတာဖြစ်တယ် ” လို့ မန္တလေး-ဟုမ္မလင်း ကားသမားတယောက်က ပြောပါတယ်။ အဲ့ဒီ နေရာမှာ ပိတ်မိနေတဲ့ကားတွေဟာ ဗန်းမောက်-ရန်ကုန်-မန္တလေး-မုံရွာ-ဟုမ္မလင်း စတဲ့ ခရီးသည်တင်ကားတွေ ပါသလို မုံရွာ-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး ကားတွေလည်း ပါတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗန်းမောက်-အင်းတော်ကြားမှာ ၅ ရက်ကြာ ပိတ်မိနေတဲ့ ခရီးသည်တင် လိုင်းကားသမား တယောက်က ” ကားသော့တွေ အကုန်လုံး ဖြုတ်ယူသိမ်းသွားတယ်…

Read More

ကျောက်တော်က မိုင်းထိလူနာတဦး စစ်တွေဆေးရုံမှာ သွေးလိုအပ်ချက်ကြောင့် ကုသမှုခံယူနေရင်း သေဆုံး

ဇူလိုင် ၂-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မနေ့ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဝက်မှိုင်းကျေးရွာသားတဦး နွားရှာသွားစဉ် မိုင်းနင်းမိတာပြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေရင်း ဒီကနေ့ ညနေပိုင်း ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့မိသားစုက ပြောပါတယ်။ သေဆုံးသူဟာ ဝက်မှိုင်းကျေးရွာက ဒေသခံတဦးဖြစ်တဲ့ ဦးသန်းစိန်မောင် ဖြစ်ပြီး မိုင်းထိတာကြောင့် ခြေနှစ်ဖက်လုံးဆုံးရှုံးသွားပြီး လက်ချောင်းတချို့ ထိခိုက်ဒဏ်ရာရသွားတာဖြစ်လို့ သွေးထွက်လွန်ရာကနေတဆင့် သွေးလိုအပ်ချက်ရှိတာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။ ဦးသန်းစိန်မောင် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကိုကျော်သန်း က “ အဖေဆုံးသွားတာ ဟုတ်ပါတယ်။ ဘာကြောင့် ဆုံးသွားတာလည်းဆိုတော့ ဒဏ်ရာကများပါတယ်။ ဒါကြောင့် သွေးတစ်လုံးသွင်းဖို့လိုအပ်တဲ့အခါ နောက်ကျသွားတယ်။ ကျောက်တော်က သွေးနှစ်လုံးပါတယ် အဲဒါနဲ့နေတာ။ ဒဏ်ရာကပြင်းလို့ သေဆုံးသွားတာပါ”…

Read More

မီးရထားလက်မှတ်ခတွေ နှစ်ဆနီးပါး​​မြင့်တက်လာ

ဇူလိူင် ၂-၂၀၂၂ VOM (GG) မြန်မာ့မီးရထားဌာနက ရထားလက်မှတ်ခနူန်းထားတွေကို ၂ ဆ နီးပါးအထိ တိုးမြင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ ​မနေ့ကစပြီး ရထားလက်မှတ်ခနူန်းထားတွေကို ၆၇ ရာခိုင်နူန်းအထိ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး အခုလိုစျေးတက်တာဟာ ဆီစျေးတွေတက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ “ဆီစျေးတွေတက်တယ်လေ၊ အဲ့ဒီတော့ ကားခတွေကအရင်တက်တယ်လေ၊နောက်မှ ကျနော်တို့က တက်တာ ။မြို့ပတ်ရထားတွေလည်း တက်တယ်။ “လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ရန်ကုန်မြို့ပတ်ရထား လက်မှတ်စျေးနူန်းဆိုရင် ၁၀၀ တန်က ၂၀၀ ဖြစ်သွားပြီး ၂၀၀ တန်က ၃၀၀ ဖြစ်သွားတယ်လို့ သိရပါတယ််။ ” အရင်လက်မှတ်ခစျေးကို ၁.၆၇ နဲ့မြှောက်ပါ လက်ရှိစျေးနူန်းရပါလိမ့်မယ် “လို့ မီးရထားဝန်ထမ်းတဦးကပြောပါတယ်။ ဒါ့ကြောင့် ရန်ကုန်-မန္တလေး ခရီးစဥ်ဆိုရင် ၄၆၅၀ ကနေ ၇၇၅၀ ဖြစ်ပြီး အထက်တန်းဆိုရင် ၉၃၀၀ က​​နေ…

Read More

မြန်မာ-တရုတ်ကုန်သွယ်ရာ ဗန်းမော် – လွယ်ဂျယ်လမ်း ပျက်စီးသွားလို့ သွားလာဖို့ခက်ခဲနေ

ဇူလိုင်၂၊ ၂၀၂၂ Shy V (VOM) ကချင်ပြည်နယ်ရှိ မြန်မာ နဲ့ တရုတ် ကုန်သွယ်ရာ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း လမ်းပိုက်းပျက်စီးသွားလို့ သွားလာဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ကုန်သည်၊ယာဉ်မောင်းတွေဆီက သိရပါတယ်။ “မြစ်ကြီးနားခရီးသည်တွေ ဆိုရင်လည်း ဟိုဘက်ကနေ ပြီးတော့ တဝက်။ ဒီဘက်ကနေပြီးတော့ မြစ်ကြီးနားက လာတဲ့ကားနဲ့ ပြန်ချိန်းပေးရတာ၊ ပစ္စည်းထုပ်တွေကိုတော့ တနိုင်တပိုင်သာ ယူဆောင်သင့်ပြီး ဆိုင်ကယ်ကိုတော့ တွန်းနိုင်ရင် ယူလို့ ရသလို ကယ်ရီနဲ့ ကယ်ရီခပေးပြီးလည်း ယူလို့ရတယ်” လို့ ခရီးသွား ပြည်သူတဦးက ပြေပါတယ်။ မိုင်အားဖြင့် လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းဟာ ၅၆ မိုင်၊ ၄ ဖာလုံ သာ ရှိပေမယ့် လက်ရှိအခြေအနေမှာ ပြည်သူတွေ သွားလာရတာ အရမ်းခက်ခဲနေကြောင်း ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။ “ကား…

Read More

အဆိုတော် ပိုင်သက်ကျော် အလုပ်နဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ဇူလိုင် ၂၊၂၀၂၂ KK(VOM) မြန်မာသံအဆိုတော် ပိုင်သက်ကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဇွန်လကုန်ပိုင်းက အဆိုတော်ပိုင်သက်ကျော်ကို ပုဒ်မ ၅၀(ည)နဲ့အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချခဲ့တာဖြစ်တယ်လို့ ရှေနေတဦးက ပြောပါတယ်။ “သူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမိန့်ချတာအလုပ်နဲ့ထောင်ဒဏ်သုံးနှစ်၊ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့တဲ့ကိစ္စနဲ့ တရားစွဲတာပါ”လို့ ပြောပါတယ်။ အဆိုတော် ပိုင်သက်ကျော်ကို သူနေထိုင်ရာ လှိုင်သာယာမြိုနယ် နဝဒေးအိမ်ရာဝင်းမှာ မေလ ၂ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေထောက်ပံ့မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတဲ့ အဆိုတော်ပိုင်သက်ကျော်ဟာ မသန်စွမ်းသူတဦးဖြစ်ပြီး မြန်မာသံတေးသီချင်းတွေနဲ့ အောင်မြင်နေသူတဦးလည်းဖြစ်ပါတယ်။ ရန်ကုန်မှာ ပိုင်သက်ကျော်ဖမ်းဆီးခံရပြီးနောက် ဧပြီလ ၂၀ ရက်နေ့ကလည်း လူရွှင်တော်ကောင်းကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ #voiceofmyanmar #VOM #အဆိုတော်ပိုင်သက်ကျော် #ထောင်သုံးနှစ်ချမှတ်ခံရ

Read More

မလေးရှားသွားမယ့် မြန်မာ ၄၃ ဦး ထိုင်းလူမှောင်ခိုသမားတွေနဲ့အတူ ဖမ်းဆီးခံရ

ဆောင်ခလာ၊ ဇူလိုင်-၂-၂၀၂၂ မျိုးဆက်(VOM) မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသား ၄၃ ဦးကို ထိုင်းလူမှောင်ခိုသမား ခုနှစ်ဦးနဲ့အတူ ထိုင်းတောင်ပိုင်းမှာ တာ၀န်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ ဆောင်ခလာမှာ ထိုင်းလူ၀င်မှုကြီးကြပ်ရေးအဖွဲ့နဲ့ တာ၀န်ရှိသူတွေဟာ သတင်းအရ ကုန်တင်ကား လေးစီးကို စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာမှာ ကားနှစ်စီးက မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ ကျန်ကားနှစ်စီးကို ရှာဖွေစစ်ဆေးရာမှာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး လေးဦးတို့ကို တွေ့ရှိခဲ့ပြီး ထိုင်းယာဉ်မောင်းနဲ့ အခြားသူတဦးတို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ပါဘွန်ခရိုင်အတွင်းမှာ တရားမ၀င်၀င်ရောက်လာတဲ့ မြန်မာ ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းလူကုန်ကူးသူတွေကို တရားမ၀င်နယ်စပ်ဖြတ်ကျော်ရာမှာ ကူညီမှုနဲ့ တရားစွဲထားပြီး မြန်မာနိုင်ငံသားတွေကိုလည်း ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ Ref: Bangkok Post Photo: Bangkok Post #voiceofmyanmar…

Read More

မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေမဆပ်ပါက အရေးယူမယ်ဆိုလို့ ပြင်ပကနေ ၅ ကျပ်တိုးနဲ့ချေးပြီး ဆပ်နေရ

ဇူလိူင် ၂ VOM (GG) စိုက်ပျိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးထားတဲ့ ၂၀၂၀ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေတွေကို ပြန်ဆပ်ခိုင်းနေတာကြောင့် ပြင်ပကနေ ၅ ကျပ်တိုးနဲ့ချေးကာ ဘဏ်ကိုပြန်ဆပ်နေရတယ်လို့ ပြည်ခရိုင်ထဲကတောင်သူတွေဆီကနေ သိရပါတယ်။ ” မဖြစ်မနေဆပ်ကိုဆပ်ရမယ်လို့ အသိပေးလာတော့ လက်ထဲလည်းအပိုငွေမရှိကြဘူး။ဒီတော့ ဆပ်ချေးလုပ်ရတယ်။ဆပ်ချေးဆိုတာက အပြင်ကနေ ၁ သိန်းကို ၅ ကျပ်တိုးနဲ့ချေးပြီး ဘဏ်ကိုဆပ်ရတာပါ။ ဘဏ်ကနေပြန်ထုတ်ရင် ၅ ကျပ်အတိုးသမားကိုဆပ်။ကျနော် တို့က ဘဏ်တိုးရော၊ ချေးတဲ့ ၅ ကျပ်တိုးပါ ထပ်ဆင့်ပေးရတာပေါ့။ တကယ်လို့ ဘဏ်ကသာ အတိုးပဲဆပ် အရင်းချန်ထားပေးမယ်ဆိုရင် တောင်သူတွေ အဆင်ပြေတာပေါ့၊၅ကျပ်တိုး ထပ်မကုန်တော့ဘူး၊အခုကျတပူပေါ်တပူဆင့်ဖြစ်ရတယ် ” လို့ ပြည်ခရိုင်ထဲကတောင်သူတဦးက ပြောပါတယ်။ တောင်သူအနေနဲ့ ဘဏ်ချေးငွေ ပြန်ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်တည်ဆဲဥပဒေအရဖြစ်စေ၊မြေခွန်ကျန်ငွေဖြစ်သကဲ့သို့ဖြစ်စေ အရေးယူမှာဖြစ်တယ်လို့ သတိပေးထားတာကြောင့် တောင်သူတွေအနေနဲ့ အတိုးနဲ့ချေးငှားပြီး ပြန်ဆပ်နေရတာဖြစ်တယ်လို့​ သိရပါတယ်။ ဒါ့အပြင် ဘဏ်ကို…

Read More

နိုင်ငံမှာ အထွေထွေအကျပ်အတည်းကြောင့် လစ်ဗျားပါလီမန်ကို ဆန္ဒပြသူတွေ၀င်စီးပြီး မီးရှို့ဖျက်ဆီး

ထရီပိုလီ၊ ဇူလိုင်-၂-၂၀၂၂ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံအရှေ့ပိုင်း တိုဘရပ်ခ်မြို့ရှိ ပါလီမန်အဆောက်အအုံကို ဆန္ဒပြသူတွေက ဇူလိုင် ၁ ရက်မှာ ၀င်ရောက်စီးနှင်းပြီး အဆောက်အအုံရဲ့ အစိတ်ပိုင်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ နိုင်ငံတွင်းမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ နိုင်ငံရေး အကျပ်အတည်းဆက်လက်ဖြစ်ပွားနေတဲ့ အပေါ် လစ်ဗျားမြို့ကြီးတွေမှာ ဆန္ဒပြမှုတွေဖြစ်ပွားလျှက်ရှိပါတယ်။ မြို့တော်ထရီပိုလီတွင်အခြေစိုက်တဲ့ ပြုင်ဘက်အစိုးရဲ့ အုပ်ချုပ်ရေးဟာ ယိမ်းယိုင်နေတဲ့ အတွက် ရွေးကောက်ပွဲကျင်းပဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကို ကြားဖြတ်ညီညွတ်ရေးအစိုးရ အကြီးအကဲ အဗ္ဗဒူဟာစ်ဒီဘိုင်ဘာ့က ထောက်ခံပေးထားပြီး နိုင်ငံရဲ့ဖွဲ့စည်းပုံအားလုံးကို ပြောင်းလဲဖို့လိုအပ်ကြောင်း သူကပြောပါတယ်။ လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ နေတိုးကျောထောက်နောက်ခံပြုတဲ့ အုံကြွမှုအပြီးမှာ နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ကဒါဖီကိုဖြုတ်ချပြီးနောက် မတည်ငြိမ်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ထရီပိုလီ

Read More

ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသကို ရုရှားကဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အရပ်သား ၂၁ ဦးသေဆုံး

ကိယက်ဗ်၊ ဇူလိုင်-၂-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒီဆာဒေသမှာ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးအပါအ၀င် လူ ၂၁ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ဆာဟီရီဗကာ ကျေးရွာမှာရှိတဲ့ ကိုးထပ်အဆောက်အအုံကို ဒုံးကျည်တစင်းထိမှတ်ခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်အရေးပေါ် ဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီရွာမှာရှိတဲ့ အားလပ်ရက်အပန်းဖြေနေရာတခုကိုလည်း သီးခြားတိုက်ခိုက်မှုတခုမှာ လူငါးဦးသေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ယူကရိန်းမှာရှိတဲ့မြို့တွေကို ဒုံးကျည်ဒါဇင်များစွာနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကတော့ ရုရှားရဲ့ တိုက်ခိုက်မှုဟာ အရပ်သားတွေကို ထိမှန်ခဲ့တဲ့ဆိုတဲ့ ကိစ္စကို ထပ်မံငြင်းဆိုခဲ့ပါတယ်။ ရုရှားဟာ ပင်လယ်နက်မှာပျံသန်းနေတဲ့ လေယာဉ်ပေါ်ကနေဒုံးကျည် သုံစင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ခေတ် X-22 ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:…

Read More
VOM News

FREE
VIEW