အဆိုတော် ပိုင်သက်ကျော် အလုပ်နဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ဇူလိုင် ၂၊၂၀၂၂
KK(VOM)

မြန်မာသံအဆိုတော် ပိုင်သက်ကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဇွန်လကုန်ပိုင်းက အဆိုတော်ပိုင်သက်ကျော်ကို ပုဒ်မ ၅၀(ည)နဲ့အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချခဲ့တာဖြစ်တယ်လို့ ရှေနေတဦးက ပြောပါတယ်။

“သူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမိန့်ချတာအလုပ်နဲ့ထောင်ဒဏ်သုံးနှစ်၊ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့တဲ့ကိစ္စနဲ့ တရားစွဲတာပါ”လို့ ပြောပါတယ်။

အဆိုတော် ပိုင်သက်ကျော်ကို သူနေထိုင်ရာ လှိုင်သာယာမြိုနယ် နဝဒေးအိမ်ရာဝင်းမှာ မေလ ၂ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေထောက်ပံ့မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတဲ့ အဆိုတော်ပိုင်သက်ကျော်ဟာ မသန်စွမ်းသူတဦးဖြစ်ပြီး မြန်မာသံတေးသီချင်းတွေနဲ့ အောင်မြင်နေသူတဦးလည်းဖြစ်ပါတယ်။

ရန်ကုန်မှာ ပိုင်သက်ကျော်ဖမ်းဆီးခံရပြီးနောက် ဧပြီလ
၂၀ ရက်နေ့ကလည်း လူရွှင်တော်ကောင်းကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

#voiceofmyanmar #VOM #အဆိုတော်ပိုင်သက်ကျော် #ထောင်သုံးနှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW