အင်းတော် – ဗန်းမောက်လမ်းမှာ ၅ ရက်ကြာပိတ်မိနေတဲ့ ကားတွေ သော့ဖြုတ်သိမ်းခံထားရလို့ မပြန်နိုင်သေး

ဇူလိုင် ၊ ၂ ၊၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့အကြားမှာ ကားတွေပိတ်မိနေတာဟာ ဒီကနေ့နဲ့ဆိုရင် ၅ ရက်ကြာသွားပြီဖြစ်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဗန်းမောက် – အင်းတော် လမ်းပိုင်း မြသီတာရွာနားမှာ ကားတွေပိတ်မိနေတာပါ ၊ ပြီးခဲ့တဲ့ ဇွန် ၂၈ ကစလို့ ပိတ်ထားတာဖြစ်တယ် ” လို့ မန္တလေး-ဟုမ္မလင်း ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ နေရာမှာ ပိတ်မိနေတဲ့ကားတွေဟာ ဗန်းမောက်-ရန်ကုန်-မန္တလေး-မုံရွာ-ဟုမ္မလင်း စတဲ့ ခရီးသည်တင်ကားတွေ ပါသလို မုံရွာ-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး ကားတွေလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမောက်-အင်းတော်ကြားမှာ ၅ ရက်ကြာ ပိတ်မိနေတဲ့ ခရီးသည်တင် လိုင်းကားသမား တယောက်က ” ကားသော့တွေ အကုန်လုံး ဖြုတ်ယူသိမ်းသွားတယ် ၊ ဒီကနေ့အထိ ပြန်လာပေးတာ မရှိသေးဘူး ၊ မစောင့်နိုင်တော့တဲ့ အိမ်စီးကား ၂ စီး ၊ ၃ စီးကတော့ သော့ဖျက်ပြီး နောက်ကြောင်းပြန်လှည့်သွားကြတယ် ၊ ခရီးသည်တွေကတော့ ဆိုင်ကယ် ကယ်ရီငှားပြီး သွားကြတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လမ်းပိတ်နေတဲ့နေရာမှာ ကားအစီးရေ ရာဂဏန်း နီးပါးရှိနေပြီး ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကစလို့ အင်းတော် ဗန်းမောက်ကားလမ်းကို အသုံးပြု သွားလာတာတွေ မလုပ်ဖို့ ဒေသခံPDF တွေက အသိပေးစာတွေ လူမှုကွန်ရက်မှာ ထုတ်ပြန်ရေးထားကို တွေ့ရတယ်လို့ အင်းတော်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမောက်

Related posts

Leave a Comment

VOM News

FREE
VIEW