မီးရထားလက်မှတ်ခတွေ နှစ်ဆနီးပါး​​မြင့်တက်လာ

ဇူလိူင် ၂-၂၀၂၂
VOM (GG)

မြန်မာ့မီးရထားဌာနက ရထားလက်မှတ်ခနူန်းထားတွေကို ၂ ဆ နီးပါးအထိ တိုးမြင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ ​မနေ့ကစပြီး ရထားလက်မှတ်ခနူန်းထားတွေကို ၆၇ ရာခိုင်နူန်းအထိ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး အခုလိုစျေးတက်တာဟာ ဆီစျေးတွေတက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

“ဆီစျေးတွေတက်တယ်လေ၊ အဲ့ဒီတော့ ကားခတွေကအရင်တက်တယ်လေ၊နောက်မှ ကျနော်တို့က တက်တာ ။မြို့ပတ်ရထားတွေလည်း တက်တယ်။ “လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထား လက်မှတ်စျေးနူန်းဆိုရင် ၁၀၀ တန်က ၂၀၀ ဖြစ်သွားပြီး ၂၀၀ တန်က ၃၀၀ ဖြစ်သွားတယ်လို့ သိရပါတယ််။

” အရင်လက်မှတ်ခစျေးကို ၁.၆၇ နဲ့မြှောက်ပါ လက်ရှိစျေးနူန်းရပါလိမ့်မယ် “လို့ မီးရထားဝန်ထမ်းတဦးကပြောပါတယ်။

ဒါ့ကြောင့် ရန်ကုန်-မန္တလေး ခရီးစဥ်ဆိုရင် ၄၆၅၀ ကနေ ၇၇၅၀ ဖြစ်ပြီး အထက်တန်းဆိုရင် ၉၃၀၀ က​​နေ ၁၅၅၀၀ အထိ​မြင့်တက်သွားကြောင်း၊ ရန်ကုန်-ပြည် အမြန်ရထားလက်မှတ်ခဆိုရင်လည်း အရင်က ရိုးရိုးတန်းကို ၁၉၅၀ ကျပ်ကနေ ၃၂၅၀ ကျပ်မြင့်တက်သွားပြီး အထက်တန်း ၃၉၀၀ ကနေ ၆၅၀၀ ကျပ်ဖြစ်သွားတယ်လို့ သိရပါတယ်။

မကြာခင်မှာ အမှတ်-5 အဆန် နဲ့အမှတ်-6 အစုန် ရန်ကုန် – မန္တလေး – ရန်ကုန် လေအိတ်ရထား ၊ 81 အဆန် နဲ့ 82 အစုန် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ရထား ၊အမှတ်-61 အဆန် ၊အမှတ်-62 အစုန် ရန်ကုန် – ပြည် – ရန်ကုန် ရထားကိုလည်း ပြန်လည်ပြေးဆွဲသွားမယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မီးရထားလက်မှတ် #နှစ်ဆနီးပါးမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW