မလေးရှားသွားမယ့် မြန်မာ ၄၃ ဦး ထိုင်းလူမှောင်ခိုသမားတွေနဲ့အတူ ဖမ်းဆီးခံရ

ဆောင်ခလာ၊ ဇူလိုင်-၂-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသား ၄၃ ဦးကို ထိုင်းလူမှောင်ခိုသမား ခုနှစ်ဦးနဲ့အတူ ထိုင်းတောင်ပိုင်းမှာ တာ၀န်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

ဆောင်ခလာမှာ ထိုင်းလူ၀င်မှုကြီးကြပ်ရေးအဖွဲ့နဲ့ တာ၀န်ရှိသူတွေဟာ သတင်းအရ ကုန်တင်ကား လေးစီးကို စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာမှာ ကားနှစ်စီးက မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ကျန်ကားနှစ်စီးကို ရှာဖွေစစ်ဆေးရာမှာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး လေးဦးတို့ကို တွေ့ရှိခဲ့ပြီး ထိုင်းယာဉ်မောင်းနဲ့ အခြားသူတဦးတို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ပါဘွန်ခရိုင်အတွင်းမှာ တရားမ၀င်၀င်ရောက်လာတဲ့ မြန်မာ ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းလူကုန်ကူးသူတွေကို တရားမ၀င်နယ်စပ်ဖြတ်ကျော်ရာမှာ ကူညီမှုနဲ့ တရားစွဲထားပြီး မြန်မာနိုင်ငံသားတွေကိုလည်း ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဆောင်ခလာ

Related posts

Leave a Comment

VOM News

FREE
VIEW