ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသကို ရုရှားကဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အရပ်သား ၂၁ ဦးသေဆုံး

ကိယက်ဗ်၊ ဇူလိုင်-၂-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒီဆာဒေသမှာ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးအပါအ၀င် လူ ၂၁ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ဆာဟီရီဗကာ ကျေးရွာမှာရှိတဲ့ ကိုးထပ်အဆောက်အအုံကို ဒုံးကျည်တစင်းထိမှတ်ခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်အရေးပေါ် ဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီရွာမှာရှိတဲ့ အားလပ်ရက်အပန်းဖြေနေရာတခုကိုလည်း သီးခြားတိုက်ခိုက်မှုတခုမှာ လူငါးဦးသေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ယူကရိန်းမှာရှိတဲ့မြို့တွေကို ဒုံးကျည်ဒါဇင်များစွာနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကတော့ ရုရှားရဲ့ တိုက်ခိုက်မှုဟာ အရပ်သားတွေကို ထိမှန်ခဲ့တဲ့ဆိုတဲ့ ကိစ္စကို ထပ်မံငြင်းဆိုခဲ့ပါတယ်။

ရုရှားဟာ ပင်လယ်နက်မှာပျံသန်းနေတဲ့ လေယာဉ်ပေါ်ကနေဒုံးကျည် သုံစင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ခေတ် X-22 ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo: UKRAINE’S DSNS EMERGENCY SERVICE
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW