စစ်ကိုင်းတိုင်းမှာ အလယ်တန်းပြဆရာအပါအဝင် တရက်တည်း ၃ ယောက် သတ်ခံရ

ဇူလိုင်၂ -၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုမှာ မနေ့ ဇူလိုင် ၁ ရက်က လူသတ်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ အခင်းဖြစ်ပွားရာ မြို့နယ်တွေမှာရှိတဲ့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့ခံ ပရဟိတသမားတဦးက ” မနေ့က ညနေပိုင်းမှာ ဖောင်းပြင်မြို့နယ် ၊ အင်ဝိုင်းကျေးရွာ သုဿန်နားမှာ လူ ၁ ဦး အသတ်ခံရတယ် ၊ သေဆုံးသူက ထောမကျေးရွာ အလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြကျောင်းဆရာ ဦးနေစိုး ဖြစ်တယ် ၊ သူက ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာဇာတိဖြစ်တယ် ၊ မြို့နယ်ပညာရေးမှူးရုံးကနေ ပြန်အလာလမ်းမှာ အသတ်ခံရတာ “လို့ ပြောပါတယ်။

ဒါ့အပြင် “စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ထိန်တောကျေးရွာအုပ်စု ၊ ဉာဏ်အင်းကျေးရွာ သုဿန်နားမှာ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ လူ ၁ ဦး အသတ်ခံရတယ် ၊ သေဆုံးသူက ဉာဏ်အင်းရွာသား ဦးသန်းမောင်ဖြစ်တယ်.” လို့ ကန့်ဘလူနယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီနောက် စစ်ကိုင်းမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် တယောက်က ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် ၊ ပေါက်မကျေးရွာအုပ်စု ၊ ကျီကုန်းရွာ သုဿန်နားမှာ လူ ၁ ဦးအသတ်ခံရတယ် ၊ သေဆုံးသူက ကျီကုန်းရွာသား ဦးဆွေလင်း ဆိုတဲ့သူဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ ရဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒါကြောင့် မနေ့ ဇူလိုင် ၁ ရက်တည်း စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ လူသတ်မှု ၃ ခုဖြစ်ပွားပြီး သေဆုံးသူတွေဟာ ဦးခေါင်းပြတ်ဒဏ်ရာတွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW