စပါးအိုးရွာခံ ၄ဦးကို PDF နဲ့ပတ်သက်လို့ဆိုပြီး ဖမ်းဆီးသွား၊ ဘယ်မှာဖမ်းထားမှန်းမသိလို့ စိုးရိမ်နေ

ဇူလိုင် ၃ ၊ ၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်၊ စပါးအိုးကျေးရွာက
ဒေသခံ ၄ ယောက်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ ဇူလိုင် ၂ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ကြံခင်းမြို့နယ်ထဲက စပါးအိုးကျေးရွာရဲ့အနောက်ဘက်မှာ ဇူလိုင် ၁ ရက်မနက်ပိုင်းက စစ်တပ်နဲ့ PDF တွေရဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဲ့ဒီကျေးရွာက ဒေသခံ ၄ ယောက်အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

”ဘယ်ကိုခေါ်သွားတာလည်းတော့မသိဘူး မနေ့က ညပိုင်းက လာဖမ်းသွားတာ။အမျိုးသား ဒေသခံတွေပါ။
စစ်တပ်ကလာခေါ်သွားတာ PDF တွေနဲ့ပတ်သက်တာ ရှိ၊မရှိ စစ်ဆေးမယ်ဆိုပြီးခေါ်သွားတာ။”လို့ ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးခံရသူ ၄ ယောက်ဟာ လူငယ်တွေဖြစ်ပြီး ဖမ်းဆီးခေါ်သွားတဲ့အချိန် လက်တွေကိုကြိုးနဲ့တုပ်ပြီး သေနတ်နဲ့လည်း ချိန်ရွယ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတဦးက”
လောလောဆယ်ကစစ်ဆေးဖို့ခေါ်တာလို့ပြောတတ်မယ်။အသေးစိတ်ကတော့ မပြောတတ်သေးပါဘူး။ဒီမှာ ထိတွေ့ပစ်ခတ်မှုတွေတော့ရှိနေတယ်။”လို့ ပြော
ပါတယ်။

စပါးအိုးကျေးရွာအနီးမှာ ဇူလိုင် ၁ ကနေစတင်ပြီး PDF နဲ့ စစ်တပ်တို့ နှစ်ဖက်ပစ်ခတ်တာတွေဖြစ်နေလို့ ဒေသခံ အရပ်သားအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကြံခင်း

Related posts

Leave a Comment

VOM News

FREE
VIEW