ဧရာဝတီတိုင်းမှာ ဆိုင်ကယ်အရောင်းပြခန်းအချို့ ဝယ်သူမရှိတော့လို့ ပိတ်ထားရ

ဇူလိုင် ၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးကျဆင်းလာပြီး ဆိုင်ကယ်ဝယ်သူ လုံး ဝမရှိတော့လို့ မော်တော်ဆိုင်ကယ်အရောင်းပြခန်း ၁၇ ဆိုင်ခန့် ပိတ်ထားရတယ်လို့ မော်တော်ဆိုင်ကယ်ရောင်း ဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်ကနေစတင်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေစီးပွားရေးများကျဆင်းလာကာ မော်တော်ဆိုင်ကယ်အရောင်းအဝယ်က မရှိတော့သလောက်ဖြစ်လာလို့ ပုသိမ်မြို့က မော်တော်ဆိုင်ကယ်အရောင်းပြခန်း ၁၃ခု၊မအူပင်မြို့က အရောင်းပြခန်း ၃ ခုနဲ့ မော်လမြိုင်ကျွန်းမြို့ က ၁ ခု ပိတ်ထားရတယ်လို့ သိရပါတယ်။ “ဆိုင်ကယ်အရောင်းအဝယ်ကတော့ လုံးဝကို ရပ်ဆိုင်းသွားပြီလေ။အရင်တည်းက ကိုဗစ်ဖြစ်လို့ စီးပွားရေးမကောင်းရတဲ့ကြားထဲ အရောင်းအဝယ်အေးနေတာ။အာဏာသိမ်းပြီး ဆန္ဒပြတာတွေများလာပြီးကတည်းက ဒီကနေ့အထိ နိုင်ငံရေးကလည်းမကောင်းတော့ ဘယ်သူကမှ ဆိုင်ကယ်ဝယ်ဖို့မလုပ်ကြတော့ဘူးလေ။ငွေကိုလက်ထဲမှာပဲ ထားကြတာ။ဆိုင်ကယ်ကမရှိမဖြစ်မှမဟုတ်တာ။ နိုင်ငံရေးမကောင်းတော့ဆိုင်ကယ်လည်းဝယ်မယ့်သူ မရှိကြတော့ဘူး”လို့ ပုသိမ်မြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ မအူပင်မြို့မှာရှိတဲ့ မော်တော်ဆိုင်ကယ် တင်သွင်းဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းရှင်တဦးက”ဆိုင်ကယ်တွေကလည်း မရောင်းရတော့ ပိတ်ထားတာပါ။ ဘယ်သူမှမဝယ်ဘဲ…

Read More

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေဆုံခဲ့မှု တိုးတက်မှုဖြစ်စဉ်လို့ PPST ပြော

ဇူလိုင် ၄-၂၀၂၂ SW(VOM) နေပြည်တော်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် H.E Prak Sokhoon ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့နဲ့ တွေ့ဆုံခဲ့ရာမှာ အပြုသဘောဆောင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေတွေအပေါ် အဖြေရှာတဲ့လမ်းမှာ တိုးတက်မှုဖြစ်စဉ်လို့ မြင်ကြောင်း NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ က ပြောပါတယ်။ “ဘာပဲပြောပြော ဒါပထမဆုံး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့တွေ့တယ်။ ပြီးတော့မှ နိုင်ငံရေးပါတီတွေနဲ့တွေ့တယ်။ ဒါပေမယ့် အားလုံးကတော့ အလုံးစုံမပါဝင်နိုင်သေးဘူးပေါ့။ တွေ့လို့ရသလောက်အနေအထားပေါ်မှာ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်တာတွေ၊ ဘယ်လိုမျိုးအကောင်အထည်ဖော်လို့ရမလဲ ဆိုတာတွေကတော့ အပြန်အလှန် သဘောထားတွေကို တင်ပြခွင့်ရတာကတော့ တိုးတက်မှုဖြစ်စဉ်လို့ မြင်တာပေါ့နော်” လို့ PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုးက ပြောပါတယ်။ အဲဒီလို အာဆီယံ အထူးကိုယ်စားလှယ်နဲ့…

Read More

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတချို့ စားဝတ်နေရေးကျပ်တည်းမှုကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရတော့မယ်

ဇူလိုင် ၄-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ထဲက လက်ပန်တောင်းတောင်ကြေးနီသထ္ထုတူးဖော်ကုမ္ပဏီ ( ဝမ်ပေါင်)မှာ အနီးနားကျေးရွာတွေက ဒေသခံအများအပြား ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်။ အခုလိုလုပ်ကိုင်နေကြရာကနေ နိုင်ငံရေးအပြောင်းအလဲကာလအရောက်မှာတော့ ဝန်ထမ်းတချို့ဟာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် မိသားစုစားဝတ်နေရေးကို အရင်ကစုဆောင်းထားတာလေးတွေရောင်းချပြီး ဖြေရှင်းခဲ့ကြသလို နီးစပ်ရာကြုံရာကျဘမ်းအလုပ်တွေလုပ်ကိုင်ပြီး စားသောက်နေထိုင်ကြခဲ့ပါတယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလ (၁) နှစ်ကျော်အရောက်မှာတော့ စုဆောင်းထားတာလေးတွေလည်းကုန်၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရှားပါးလာတာကြောင့် စားဝတ်နေရေးတွေကျပ်တည်းလာကြပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ရှိစဉ်က စုဆောင်းပြီးတည်ဆောက်ခဲ့တဲ့နေအိမ်လေးတွေလည်း မီးရှို့ခံလိုက်ရတာကြောင့် အိုးမဲ့အိမ်မဲ့အခြေအနေတွေပါကြုံတွေ့နေရသူတွေလည်းရှိနေပါတယ်။ ဒါကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲများစွာကိုဖြေရှင်းနိုင်ဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီမှာလုပ်ငန်းခွင်ပြန်ဝင်ကြသူတွေရှိနေသလို ပြန်ဝင်ဖို့စဉ်းစားနေရသူတွေလည်းရှိနေပါတယ်။ အလုပ်ရှိမှ စားဝတ်နေရေးအဆင်ပြေနိုင်မယ့်အခြေခံလူတန်းစားတွေဟာ အရင်တုန်းကလို အလုပ်အကိုင်တွေ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့နဲ့ နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ဆုတောင်းနေကြပါတယ်။ #voiceofmyanmar #VOM #လက်ပန်တောင်း #၀မ်ပေါင်ကုမ္ပဏီ YouTube Link – https://youtu.be/XRbaKdR5EjQ

Read More

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား တဦး ဖမ်းဆီးခံရ၊ စုစုပေါင်း ဖမ်းဆီးခံထားရသူ ၁၆ ဦးအထိရှိနေ

ဇူလိုင် ၃ -၂၀၂၂ VOM (GG) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား ကိုဉာဏ်ဝင်းထက်ဆိုသူ ဖမ်းဆီးခံရပြီး စစ်ကြောရေးကို့ ပို့လိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဆီကနေ သိရပါတယ်။ ကိုဥာဏ်ဝင်းထက်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာအထူးပြုဘာသာရပ်ဒုတိယနှစ်ကျောင်းသား​ ဖြစ်ပြီး အသက် ၂၁ နှစ်ဖြစ်တယ်လို့သိရပါတယ်။ ” ဒေါပုံမှာ ဇွန် ၃၀ရက် ညဘက်ကြီးအဖမ်းခံလိုက်ရတယ်၊ အခုစစ်ကြောရေးကိုပို့လိုက်ကြတယ်။ အရင်တခါ သူ့အိမ်မှာလာဖမ်းတုန်းကလည်း သူ့ကိုမတွေ့သွားဘူး။ အခု ဒုတိယအကြိမ်မှာ ဖမ်းမိသွားတာ၊ မနေ့ကမှ သိရတာ”လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း ကိုဉာဏ်ဝင်းထက်ကို နေအိမ်မှာ လာရောက်ရှာဖွေခဲ့ရာ မတွေ့သဖြင့် မိသားစုဝင်တွေကို ခေါ်ဆောင်သွားကာ ၂ရက်အကြာမှ ပြန်လွှတ်ပေးခဲ့တာ​ဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူ မရွှေရည်ဝင်းနဲ့သူရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး စစ်ကြောရေးကိုပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်း…

Read More

စပါးအိုးရွာခံ ၄ဦးကို PDF နဲ့ပတ်သက်လို့ဆိုပြီး ဖမ်းဆီးသွား၊ ဘယ်မှာဖမ်းထားမှန်းမသိလို့ စိုးရိမ်နေ

ဇူလိုင် ၃ ၊ ၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်၊ စပါးအိုးကျေးရွာက ဒေသခံ ၄ ယောက်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ ဇူလိုင် ၂ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကြံခင်းမြို့နယ်ထဲက စပါးအိုးကျေးရွာရဲ့အနောက်ဘက်မှာ ဇူလိုင် ၁ ရက်မနက်ပိုင်းက စစ်တပ်နဲ့ PDF တွေရဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဲ့ဒီကျေးရွာက ဒေသခံ ၄ ယောက်အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ ”ဘယ်ကိုခေါ်သွားတာလည်းတော့မသိဘူး မနေ့က ညပိုင်းက လာဖမ်းသွားတာ။အမျိုးသား ဒေသခံတွေပါ။ စစ်တပ်ကလာခေါ်သွားတာ PDF တွေနဲ့ပတ်သက်တာ ရှိ၊မရှိ စစ်ဆေးမယ်ဆိုပြီးခေါ်သွားတာ။”လို့ ဒေသခံတဦးကပြောပါတယ်။ ဖမ်းဆီးခံရသူ ၄ ယောက်ဟာ လူငယ်တွေဖြစ်ပြီး ဖမ်းဆီးခေါ်သွားတဲ့အချိန် လက်တွေကိုကြိုးနဲ့တုပ်ပြီး သေနတ်နဲ့လည်း ချိန်ရွယ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတဦးက” လောလောဆယ်ကစစ်ဆေးဖို့ခေါ်တာလို့ပြောတတ်မယ်။အသေးစိတ်ကတော့ မပြောတတ်သေးပါဘူး။ဒီမှာ ထိတွေ့ပစ်ခတ်မှုတွေတော့ရှိနေတယ်။”လို့ ပြော…

Read More

တာမွေကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံးနဲ့သန်လျင်မှာ ဗုံးပေါက်၊ ၄ဦးဒဏ်ရာရ

ရန်ကုန်၊ဇူလိူင် ၃၊၂၀၂၂ KK(VOM) တာမွေမြို့နယ်က ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်မှာ ဒီကနေ့ ဗုံးပေါက်တာတွေဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တာမွေမြို့နယ် ကျားကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ နေလယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးနဲ့ပစ်သွားတယ်လို့ အသံကြားတယ်၊ အမျိုးသားတဦးက စိုးရိမ်ရတယ် အမျိုးသမီးနှစ်ဦးကတော့ သိပ်မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။ လက်တလောမှာ ဒဏ်ရာရရှိသူတွေကို မင်္ဂလာဒုံခုတင် ၁၀၀၀ ဆေးရုံ ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်မှာ အမှိုက်ကောက်နေသူလင်မယား အမှိုက်ကောက်ရာကနေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်တလော ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်တွေမှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ် အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ တွေ့ရှိခဲ့သလို အုပ်ချုပ်ရေးပိုင်းက လူအချို့ သေနတ်နဲ့ပစ်ခတ်ခံရလို့…

Read More

မန္တလေးမှာ ပရိဘောဂဆိုင်တဆိုင်ကို သေနတ်ပြပြီး ငွေသားနဲ့ရွှေ သိန်း ၄၃၀ကျော်ခန့် ဓားပြတိုက်သွား

ဇူလိုင် ၃-၂၀၂၂ VOM (GG) မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၆ လမ်းနဲ့၇၇ လမ်းကြားရှိ ပရိဘောဂဆိုင်တဆိုင်က ငွေသား နဲ့ ရွှေထည် သိန်း ၄၃၃ ကျပ်ခန့် ဓားပြတိုက် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ မနေ့ ဇူလိုင်၂ ရက်​ ည၉နာရီခွဲလောက်မှာ အမည်မသိအမျိုးသား ၇ ယောက်က ဆိုင်ကိုရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ပိုင်ရှင် ရှိ၊မရှိမေးမြန်းပြီး နေအိမ်အပေါ်ထပ် အခန်းတွင်း ဘီရိုထဲကနေ ငွေနဲ့ရွှေတွေကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ညက ဖြစ်တာ။ကြားတာတော့ ပျောက်ကြားယူနီဖောင်းဝတ်ထားသူလည်းပါတယ်ပြောကြတယ်။ ဆိုင်ပိုင်ရှင် ကိုဖိုးဇော်ကို လာရှာတာမတွေ့တော့ ပစ္စည်းတွေယူသွားတာလို့သိရတယ်။ ဆိုင်ကယ် ၃ စီးနဲ့လာကြတာတဲ့။ အခုထိတော့ မိတယ်မကြားသေးဘူး” လို့ ဒေသခံတဦးကပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဓားပြတိုက်ပြီးပစ္စည်းလုယက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ CCTV မှတ်တမ်းရယူပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး…

Read More

ဆားလင်းကြီးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

ဇူလိုင် ၊ ၃ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မှာရှိတဲ့ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံလိုက်ရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။ ” ဒီဖြစ်စဥ်က မနေ့မှ တင်ပြလာတယ် ၊ ဖြစ်တာက ပြီးခဲ့တဲ့ ဇွန် ၂၆ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ မှတ်တမ်း မှတ်ရာ စာရွက်စာတမ်းတွေ ဓာတ်ဆီလောင်းပြီး မီးရှို့ခံရတာ ဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်း အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့ တာဝန်ရှိသူတဦးက ” ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရတာပါ ၊ ရုံးခြံစည်းရိုးကို ဖောက်ဝင်ပြီး ရုံးသော့တွေကို ဖျက်စီးဝင်ရောက်တယ် ၊ နောက်ပြီး ရုံးထဲက အသုံးအဆောင်ပစ္စည်းတွေကို…

Read More

မော်လိုက်မြို့နယ် တွင်းပင်ရွာမှာ ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇူလိုင် ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မောလိုက်ခရိုင် ၊ မော်လိုက်မြို့နယ် ၊ တွင်းပင်ကျေးရွာမှာ မနေ့ ဇူလိုင် ၂ ရက် ၊ နေ့လယ်ပိုင်းက ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ လူ ၃ ယောက်စလုံးက အသက် ၆၀ ကျော်အရွယ်တွေဖြစ်တယ် ၊ အလောင်းတွေကတော့ ဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ မော်လိုက်မြို့နယ် စီမံအုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရတဲ့ ၃ ယောက်က တွင်းပင်ရွာက ဦးထွန်းငြိမ်း ၆၁ နှစ် ၊ ဦးအောင်မြင့် ၆၉ နှစ်နဲ့ ဦးချစ်သာ ၇၅ နှစ်တို့ဖြစ်တယ်၊အကြမ်းဖက်သမားတွေက…

Read More

လွယ်ဂျယ် – ဗန်းမော် လမ်းမှာ တံတားပြင်နေလို့ သွားလာခွင့် ခေတ္တပိတ်ထား

ဇူလိုင် ၃၊ ၂၀၂၂ Shy V(VOM) တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာ လမ်းကြောင်းတခု ဖြစ်တဲ့ ကချင်ပြည်နယ် လွယ်ဂျယ် – ဗန်းမော် တံတားပြင်နေလို့ မနေ့ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းလောက်ကတည်းက သွားလာခွင့် ခေတ္တပိတ်ထား လိုက်ပြီဖြစ်​တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ဟိုတနေ့ညက ကျနော်တို့ ယာဉ်မောင်း ပရဟိတ ကလေးတွေသွားပြီးတော့ အဲဒီ ပိုက်တွေ အကုန်လုံး ဝိုင်းဝန်း ပို့ပေးတာ။ လူလည်း ကယ့် လို့ မရသေးဘူး လောလောဆယ်တော့။ တပတ်နဲ့ အပြီး လုပ်မယ် ပြောနေတာပဲ။ နေ့ရော ညရော လုပ်နေတယ်။ မနေ့က စပိတ်တာဗျ။ ညနေပိုင်း။ အားလုံး မှန်းတာက တပတ် ကြာမယ်ပေါ့။” လို့ ယာဉ်မောင်းများ ပရဟိတအသင်းမှ တာဝန် ရှိသူတဦးက ပြောပါတယ်။…

Read More
VOM News

FREE
VIEW