ဧရာဝတီတိုင်းမှာ ဆိုင်ကယ်အရောင်းပြခန်းအချို့ ဝယ်သူမရှိတော့လို့ ပိတ်ထားရ

ဇူလိုင် ၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ နိုင်ငံရေးအခြေအနေတွေကြောင့်
စီးပွားရေးကျဆင်းလာပြီး ဆိုင်ကယ်ဝယ်သူ လုံး
ဝမရှိတော့လို့ မော်တော်ဆိုင်ကယ်အရောင်းပြခန်း ၁၇ ဆိုင်ခန့် ပိတ်ထားရတယ်လို့ မော်တော်ဆိုင်ကယ်ရောင်း
ဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်ကနေစတင်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေစီးပွားရေးများကျဆင်းလာကာ မော်တော်ဆိုင်ကယ်အရောင်းအဝယ်က မရှိတော့သလောက်ဖြစ်လာလို့ ပုသိမ်မြို့က မော်တော်ဆိုင်ကယ်အရောင်းပြခန်း ၁၃ခု၊မအူပင်မြို့က အရောင်းပြခန်း ၃ ခုနဲ့ မော်လမြိုင်ကျွန်းမြို့ က ၁ ခု ပိတ်ထားရတယ်လို့ သိရပါတယ်။

“ဆိုင်ကယ်အရောင်းအဝယ်ကတော့ လုံးဝကို ရပ်ဆိုင်းသွားပြီလေ။အရင်တည်းက ကိုဗစ်ဖြစ်လို့ စီးပွားရေးမကောင်းရတဲ့ကြားထဲ အရောင်းအဝယ်အေးနေတာ။အာဏာသိမ်းပြီး ဆန္ဒပြတာတွေများလာပြီးကတည်းက ဒီကနေ့အထိ နိုင်ငံရေးကလည်းမကောင်းတော့ ဘယ်သူကမှ ဆိုင်ကယ်ဝယ်ဖို့မလုပ်ကြတော့ဘူးလေ။ငွေကိုလက်ထဲမှာပဲ ထားကြတာ။ဆိုင်ကယ်ကမရှိမဖြစ်မှမဟုတ်တာ။ နိုင်ငံရေးမကောင်းတော့ဆိုင်ကယ်လည်းဝယ်မယ့်သူ မရှိကြတော့ဘူး”လို့ ပုသိမ်မြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

မအူပင်မြို့မှာရှိတဲ့ မော်တော်ဆိုင်ကယ် တင်သွင်းဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းရှင်တဦးက”ဆိုင်ကယ်တွေကလည်း မရောင်းရတော့ ပိတ်ထားတာပါ။ ဘယ်သူမှမဝယ်ဘဲ ဆိုင်အရောင်းပြခန်းဖွင့်ထားလည်း အလကားပဲမို့ Showroom တော်တော်များများက ပိတ်ထားလာကြပြီ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေ မဖြစ်တဲ့အချိန်ကလည်း ကိုဗစ်ကြောင့်စီးပွားရေးကျဆင်းခဲ့တာကြောင့် မော်တော်ဆိုင်ကယ် အရာင်းအဝယ်တွေ အေးစက်ခဲ့သော်လည်း ငွေ ၁ သိန်း ၂ သိန်းဝန်းကျင်ရှိတဲ့ တပတ်ရစ်ဆိုင်ကယ်တွေနဲ့ ၃ သိန်းတန် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်တွေကတော့ အရောင်းအဝယ်အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ဝယ်သူမရှိ #ဆိုင်ကယ်ပြခန်း #ပိတ်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW