မော်လိုက်မြို့နယ် တွင်းပင်ရွာမှာ ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇူလိုင် ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မောလိုက်ခရိုင် ၊ မော်လိုက်မြို့နယ် ၊ တွင်းပင်ကျေးရွာမှာ မနေ့ ဇူလိုင် ၂ ရက် ၊ နေ့လယ်ပိုင်းက ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ လူ ၃ ယောက်စလုံးက အသက် ၆၀ ကျော်အရွယ်တွေဖြစ်တယ် ၊ အလောင်းတွေကတော့ ဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

မော်လိုက်မြို့နယ် စီမံအုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရတဲ့ ၃ ယောက်က တွင်းပင်ရွာက ဦးထွန်းငြိမ်း ၆၁ နှစ် ၊ ဦးအောင်မြင့် ၆၉ နှစ်နဲ့ ဦးချစ်သာ ၇၅ နှစ်တို့ဖြစ်တယ်၊အကြမ်းဖက်သမားတွေက လာရောက်သတ်သွားတာလို့ သိရတယ် ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာနေ ၊ ထောမကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာ ဦးနေစိုး ဆိုသူဟာ ဒီလ ၁ ရက်နေ့ ၊ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးကနေ ပြန်လာတဲ့လမ်းမှာ အသတ်ခံရတဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မော်လိုက် #၃လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW