တာမွေကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံးနဲ့သန်လျင်မှာ ဗုံးပေါက်၊ ၄ဦးဒဏ်ရာရ

ရန်ကုန်၊ဇူလိူင် ၃၊၂၀၂၂
KK(VOM)

တာမွေမြို့နယ်က ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်မှာ ဒီကနေ့ ဗုံးပေါက်တာတွေဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တာမွေမြို့နယ် ကျားကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ နေလယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးနဲ့ပစ်သွားတယ်လို့ အသံကြားတယ်၊ အမျိုးသားတဦးက စိုးရိမ်ရတယ် အမျိုးသမီးနှစ်ဦးကတော့ သိပ်မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။

လက်တလောမှာ ဒဏ်ရာရရှိသူတွေကို မင်္ဂလာဒုံခုတင် ၁၀၀၀ ဆေးရုံ ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်မှာ အမှိုက်ကောက်နေသူလင်မယား အမှိုက်ကောက်ရာကနေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်တလော ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်တွေမှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ် အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ တွေ့ရှိခဲ့သလို အုပ်ချုပ်ရေးပိုင်းက လူအချို့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW