ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတချို့ စားဝတ်နေရေးကျပ်တည်းမှုကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရတော့မယ်

ဇူလိုင် ၄-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ထဲက လက်ပန်တောင်းတောင်ကြေးနီသထ္ထုတူးဖော်ကုမ္ပဏီ ( ဝမ်ပေါင်)မှာ အနီးနားကျေးရွာတွေက ဒေသခံအများအပြား ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်။

အခုလိုလုပ်ကိုင်နေကြရာကနေ နိုင်ငံရေးအပြောင်းအလဲကာလအရောက်မှာတော့ ဝန်ထမ်းတချို့ဟာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။

အဲဒီနောက် မိသားစုစားဝတ်နေရေးကို အရင်ကစုဆောင်းထားတာလေးတွေရောင်းချပြီး ဖြေရှင်းခဲ့ကြသလို နီးစပ်ရာကြုံရာကျဘမ်းအလုပ်တွေလုပ်ကိုင်ပြီး စားသောက်နေထိုင်ကြခဲ့ပါတယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလ (၁) နှစ်ကျော်အရောက်မှာတော့ စုဆောင်းထားတာလေးတွေလည်းကုန်၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရှားပါးလာတာကြောင့် စားဝတ်နေရေးတွေကျပ်တည်းလာကြပါတယ်။

ဒါ့အပြင် အလုပ်အကိုင်ရှိစဉ်က စုဆောင်းပြီးတည်ဆောက်ခဲ့တဲ့နေအိမ်လေးတွေလည်း မီးရှို့ခံလိုက်ရတာကြောင့် အိုးမဲ့အိမ်မဲ့အခြေအနေတွေပါကြုံတွေ့နေရသူတွေလည်းရှိနေပါတယ်။

ဒါကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲများစွာကိုဖြေရှင်းနိုင်ဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီမှာလုပ်ငန်းခွင်ပြန်ဝင်ကြသူတွေရှိနေသလို ပြန်ဝင်ဖို့စဉ်းစားနေရသူတွေလည်းရှိနေပါတယ်။

အလုပ်ရှိမှ စားဝတ်နေရေးအဆင်ပြေနိုင်မယ့်အခြေခံလူတန်းစားတွေဟာ အရင်တုန်းကလို အလုပ်အကိုင်တွေ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့နဲ့ နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ဆုတောင်းနေကြပါတယ်။

#voiceofmyanmar #VOM #လက်ပန်တောင်း #၀မ်ပေါင်ကုမ္ပဏီ

YouTube Link – https://youtu.be/XRbaKdR5EjQ

Related posts

Leave a Comment

VOM News

FREE
VIEW