ဆားလင်းကြီးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

ဇူလိုင် ၊ ၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မှာရှိတဲ့ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံလိုက်ရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဒီဖြစ်စဥ်က မနေ့မှ တင်ပြလာတယ် ၊ ဖြစ်တာက ပြီးခဲ့တဲ့ ဇွန် ၂၆ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ မှတ်တမ်း မှတ်ရာ စာရွက်စာတမ်းတွေ ဓာတ်ဆီလောင်းပြီး မီးရှို့ခံရတာ ဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်း အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မီးရှို့ခံရတာနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့ တာဝန်ရှိသူတဦးက ” ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရတာပါ ၊ ရုံးခြံစည်းရိုးကို ဖောက်ဝင်ပြီး ရုံးသော့တွေကို ဖျက်စီးဝင်ရောက်တယ် ၊ နောက်ပြီး ရုံးထဲက အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့သွားတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ရွေးကော်ပွဲကော်မရှင်ရုံး မီးရှို့ခံရတဲ့ ရက်ပိုင်းက ဆားလင်းကြီးမြို့နယ်ထဲ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်နေတာဖြစ်ပြီး ရွာတွေက လူနေအိမ်တချို့ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေနဲ့ တိုက်ဆိုင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ရဲကင်းစခန်းတွေ ၊ စာသင်ကျောင်းတွေ ၊ ကျေးရွာ အုပ်ချုပ်ရေးရုံးတွေ ၊ ပင်လည်ဘူးက မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ ဌာနဆိုင်ရာတွေ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပေမယ့် မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရတာဟာ ဆားလင်းကြီးဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ရွေးကော်ရုံး #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW